Toyota Kluger 2017 မော်ဒယ်အကြောင်း


Toyota Kluger SUV မှာနိုင်ငံတကာဈေးကွက်တွင်အကြမ်းခံရုန်းအားကောင်းသကဲ့သို့ လှပသည့်ရုပ်ထွက်ဒီဇိုင်းတို့ကြောင့် လူကြိုက်များအရောင်းသွက်လျက်ရှိသည့်ကားဖြစ်ပါသည်။

မြန်မာ့ကားဈေးကွက်ထဲတွင်လည်းဂျပန်အကျ Kluger များဈေးကွက်တစ်ခုအခိုင်အမာရထားပြီးအရောင်း အဝယ်ဖြစ်နေသည့်လူကြိုက်များထိပ်တန်း SUV တစ်စီးအဖြစ်ခြယ်လှယ်ထားနိုင်ပါသည်။

ရုပ်ထွက်ပြောင်းလဲလာခဲ့သကဲ့သို့စွမ်းအားပိုကောင်းပြီး နည်းပညာအသစ်သစ်နှင့်ပါထပ်မံတွဲဖက်လာသည့် 2017 Kluger မော်ဒယ်သစ်ပထမဆုံးစတင်ပွဲထုတ်မိတ်ဆက်လိုက်ပါသည်။

Kluger တွင်အချို့နိုင်ငံတကာဈေးကွက်တွင် Highlander မှာနာမည်ပြောင်းရောင်းချခြင်းဖြစ်ပါသည်။

မော်ဒယ်သစ် Kluger တွင်ရုပ်ထွက်ပိုကြွစေနိုင်သည့်ရှဲဒီဇိုင်းသစ်သေးသွယ်ချပ်ယပ်လာသည့်ရှေ့မီးသီးသစ်၊ တမူထူးသည့် foglight အနေအထားသစ်တို့ဖြင့်အခြားကားတစ်စီးလို့ပင်ရုပ်ထွက်အတော့်ကိုကွဲပြားလာခဲ့ကာ ဆွဲဆောင်မှုကောင်းကောင်းနှင့်အခမ်းနားဆုံးသော Kluger အဖြစ်မြင်တွေ့လာရပါသည်။

စွမ်းအားပေးစနစ်တွင်အဆင့်မြင့်တင်ထားသည့် 3.5 လီတာ V6အင်ဂျင်တွဲဖက်ထားပြီးစွမ်းအား 218kw နှင့်ရုန်းအား 350Nm ထိပေးစွမ်းနိုင်လာပါသည်။

ပြီးခဲ့သည့်မော်ဒယ်ဟောင်းထက်စွမ်းအား 17 kwနှင့်ရုန်းအား 13 Nmထိပေးစွမ်းနိုင်လာပါသည်။

ဆီစားနှုန်း ၁၀ ရာခိုင်နှုန်းပိုသက်သာစေမည့် 8 ချက်ထိုးအော်တိုဂီယာစနစ်သစ်ဖြင့် ရွေးချယ်နိုင်သကဲ့သို့ပြောင်းလဲရပိုမိုချော့မွေ့သည့်ခြောက်ချက်ထိုး Manual ဂီယာဖြင့်လည်းရွေးချယ်နိုင်ပါသည်။

ဆီစားနှုန်းမှာနှစ်ဘီးယပ် 2WD တွင်ကီလိုမီတာ 100 ကိုဆီ 9.3 လီတာနှုန်းဖြင့်သွားလာနိုင်ပြီး လေးဘီးယပ် 4WD တွင်ကီလိုမီတာ 100 ကိုဆီ 9.5 လီတာနှုန်းဖြင့်သွားနိုင်စွမ်းရှိသည့်အတွက်ထုတ်ပေးနိုင်သည့် စွမ်းအားနှင့်ဆီစားသည့်ပမာဏတို့ကိုကြည့်ပါကဆီချွေတာနိုင်စွမ်းမြင့်မားလှသည့် SUV ကားတစ်စီးလို ဆိုရမည်ဖြစ်ပါသည်။

အနိမ့်ဆုံး entry-level GX ဂရိတ်များတွင် airbags ခြောက်လုံး၊ နောက်ကင်မရာ၊ နောက်ပါကင်ဆင်ဆာ၊ hill-start assist, air-conditioning, cruise control, စပီကာခြောက်လုံးပါအော်ဒီယိုစနစ်၊ Toyota link app compatibility၊ နှင်းခွဲမီး၊ မှန်မဲစသည်ဖြင့်အစုံလင်ဆုံးပါရှိမည်ဖြစ်ပါသည်။

အရောင်ပိုမြင့်သည့်အလယ်အလတ် GXL ဂရိတ်များတွင် satellite navigation ပါသည့်ကြီးမားသည့် 8 လက်မ touchscreen infotainment system, DAB+digital radio,power tailgate,three-zone climate control, keyless entry and stary, roof rails, premium စတီယာရင်၊ ရှေ့ထိုင်ခုံအပူပေးစနစ်၊ ပါဝါ 12 ချက်ပါဒရိုက်ဘာထိုင်ခုံစသည်ဖြင့်ပါရှိသွားမည်ဖြစ်ပါသည်။

အမြင့်ဆုံးဂရိတ်များတွင်forward-collision alert, emergency braking, 360-degree camera system, rear cross-traffic alert, lane departure alert, adaptive cruise control, automatic high beam, memory စနစ်ပါဝင်ပြီးလေ ဝင်/ထွက်ပိုကောင်းသည့်ထိုင်ခုံ၊ power moonroof၊ နောက်ခရီးသည်အတွက် 9.0 လက်မ entertainment system၊ နောက်ကြည့်မှန်အပူပေးစနစ်စသည်ဖြင့်အစုံလင်ဆုံးပါဝင်သွားမည် ဖြစ်ပါသည်။

2017 Toyota Kluger ၏ဈေးနှုန်းမှာအခြေခံ GX-$43,550 ရှိပြီး GXL-$53,550,Grande-$65,935 သတ်မှတ်ထားပြီး လေးဘီးယက် 4WD တွင်ဒေါ်လာ 4000 စီပိုသွားမည်ဖြစ်ကြောင်းသိရသည်။

Read 9400 times