တိုယိုတာ ထူးထူးခြားခြား မော်ဒယ်အသစ် ၂ ခု ထုတ်လုပ်ရန် ဖိလစ်ပိုင် စက်ရုံတွင် ဒေါ်လာ ၇၈ သန်း ရင်းနှီးမြ


တိုယိုတာ ထူးထူးခြားခြား မော်ဒယ်အသစ် ၂ ခု ထုတ်လုပ်ရန် ဖိလစ်ပိုင် စက်ရုံတွင် ဒေါ်လာ ၇၈ သန်း ရင်းနှီးမြှုပ်နှံ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


Toyota Motor သည် ထွန်းသစ်စဈေးကွက်များအတွက် ဒီဇိုင်းထုတ်ထားသော မော်ဒယ်သစ်နှစ်ခုကို ဖွံ့ဖြိုးထုတ်လုပ်ရန်အတွက် ဖိလစ်ပိုင်တွင် ပီဆို ၄.၄ ဘီလီယံ (ကန်ဒေါ်လာ ၇၈.၂ သန်း)  ရင်းနှီးမြှုပ်နှံမှုပြုထားကြောင်း  အင်္ဂါနေ့(ဩဂုတ် ၂၂)တွင် ပြောကြားခဲ့သည်။
 
 
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပသည့် Toyota Motor Philippines ထူထောင်သည့် ၃၅ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားသို့ တိုယိုတာ အကြီးအကဲ Akio Toyoda တက်ရောက်ခဲ့သည်။ ၎င်းက အရှေ့တောင်အာရှတွင် ရောင်းအားကြီးထွားမည် တိုယိုတာက မျှော်မှန်းထားကြောင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

ဖိလစ်ပိုင်ရှိ တိုယိုတာ ကားစက်ရုံတွင် တိုယိုတာ၏ Innovative International Multi-purpose Vehicle စီမံကိန်းကို လုပ်ကိုင်နေပြီး ၎င်းစီမံကိန်း အစီအစဉ်အရ မော်ဒယ်အသစ် နှစ်ခုကို ထုတ်လုပ်မည်။ ဖိလစ်ပိုင် အပါအဝင် ထွန်းသစ်စဈေးကွက်များတွင် ရောင်းချရန် တန်ဖိုးသင့် ဈေးနှုန်းဖြင့် ရောင်းချနိုင်မည့် မော်ဒယ်အသစ်များကို ၎င်းစီမံကိန်းဖြင့် ထုတ်လုပ်မည် ဖြစ်သည်။

 

 

 

 

 

မျိုးဆက်သစ်  Tamaraw concept ပစ်ကပ်ထရပ်သည် ကိုယ်ထည် ဗိုက်မြင့်မည်။ ပစ္စည်းများများ တင်နိုင်ရန်အတွက် နေရာကျယ်ကျယ် ပါမည်။

နောက်ထပ် Tamaraw concept မှာ  ဖိလစ်ပိုင်တွင် အသုံးများသည် ဂျစ်ကားစတိုင် မီနီဘတ်စ်တက္ကဆီ မော်ဒယ် Modern PUV jeepney လည်း ပါဝင်မည်။

 


ထုတ်လုပ်မှုကို အစောဆုံးအနေဖြင့် ၂၀၂၄ ခုနှစ်တွင် စတင်မည်။

1988 ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော Toyota Motor Philippines သည် အစီးရေ ၂.၂ သန်း ရောင်းချခဲ့ပြီး အစီးရေ ၁ သန်းကို ပြည်တွင်း၌ ထုတ်လုပ်ခဲ့သည်။
 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 850 times