လျှပ်စစ်ကားစစ်စစ် SUV ထုတ်လုပ်ရန် အမေရိကန်တွင် တိုယိုတာ ဒေါ်လာ ၁.၃ ဘီလီယံ ရင်းနှီးမြှုပ်နှံ


 လျှပ်စစ်ကားစစ်စစ် SUV ထုတ်လုပ်ရန် အမေရိကန်တွင် တိုယိုတာ ဒေါ်လာ ၁.၃ ဘီလီယံ ရင်းနှီးမြှုပ်နှံ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

• Toyota Motor သည် အမေရိကန် ကားဈေးကွက်အတွက် ထိုင်ခုံ ၃ တန်းပါ လျှပ်စစ်ကားစစ်စစ် SUV မော်ဒယ်အသစ် ထုတ်လုပ်ရန် အမေရိကန်နိုင်ငံ ကင်တပ်ကီပြည်နယ်ရှိ ၎င်း၏ ကားစက်ရုံတွင် ကန်ဒေါ်လာ ၁.၃ ဘီလီယံ ရင်းနှီးမြှုပ်နှံကြောင်း ထုတ်ပြန်ကြေညာပါသည်။

.

• SUV မော်ဒယ်အသစ်ကို ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းအထိ ကာလအတွင်း စတင်ထုတ်လုပ်ရန် ရည်မှန်းထားသည်။

 

• အမေရိကန်တွင် အီးဗီထက် ဟိုက်ဘရစ်ကို ပိုမို ဝာ်ယူကြသဖြင့် အီးဗီ ရောင်းအား နှေးနေစဉ်တွင် တိုယိုတာ၏ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ 

• အမေရိကန်ကားကုမ္ပဏီများသည် ဖြစ်ပေါ်နေသည့် အီးဗီဈေးကွက်အခြေအနေကြောင့် ယခင်က ချမှတ်ထားသည့်  အီးဗီထုတ်လုပ်မည့် အစီအစဉ်များကို နှေးထားခြင်း၊ အီးဗီအတွက် ရင်းနှီးမြှုပ်နှံမှုများ လျှော့ချခြင်းများ လုပ်ဆောင်နေကြစဉ် တိုယိုတာက အီးဗီးလမ်းကြောင်းပေါ်မှာ ရှေ့သို့ ဆက်လှိမ့်လိုက်ခြင်း ဖြစ်ပါသည်။

 

• ၂၀၃၀ ပြည့်နှစ်အထိ  ဘက်ထရီ-လျှပ်စစ်ကား (BEV)များအတွက် ကန်ဒေါ်လာ ၃၅ ဘီလီယံ ရင်းနှီးမြှပ်နှံရန် တိုယိုတာမှ ယခင်ကြေညာခဲ့သည့် အစီအစဉ်များကို ဆက်လက် အကောင်အထည်ဖော်သွားမည် ဖြစ်သည်။

 

Source cnbc


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read 342 times