ဂျပန်မှာ ထူထောင်မည့် ချစ်ပ်စက်ရုံအသစ်တွင် တိုယိုတာ ရင်းနှီးမြှုပ်နှံ


ဂျပန်မှာ ထူထောင်မည့် ချစ်ပ်စက်ရုံအသစ်တွင် တိုယိုတာ ရင်းနှီးမြှုပ်နှံ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ဂျပန်နိုင်ငံတွင် Japan Advanced Semiconductor Manufacturing မှ ထူထောင်မည့် ချစ်ပ်စက်ရုံတွင် တိုယိုတာ ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။

 

ထိုင်ဝမ်အခြေစိုက် ချစ်ပ်ထုတ်လုပ်ရေး မဟာလုပ်ငန်းကြီး Taiwan Semiconductor Manufacturing Co. TSMC ၏ လက်အောက်ခံ ဂျပန်နိုင်ငံအတွက် လုပ်ငန်းခွဲ Japan Advanced Semiconductor Manufacturing JASM သည် ဂျပန်နိုင်ငံတွင် ချစ်ပ်ထုတ်လုပ်ရေး စက်ရုံများ ထူထောင်လျက်ရှိရာ ဒုတိယမြောက်စက်ရုံကို ကူမာမိုတို စီရင်စုတွင် ထူထောင်မည် ဖြစ်သည်။ 

အဆိုပါ စက်ရုံတွင် Toyota Motor က ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်မည်ဟု JASM နှင့် တိုယိုတာတို့က ပူးတွဲကြေညာချက် ထုတ်ပြန်သည်။

လက်ရှိတွင် Sony နှင့် Denso တို့က JASM တွင် ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ထားသည်။ 

 JASM တွင် မိခင်လုပ်ငန်း TSMC က ၈၆.၅% ပိုင်ဆိုင်ထားသည်။ Sony က ၆%၊ Denso က ၅.၅% ပိုင်ဆိုင်သည်။ တိုယိုတာက ၂% ပိုင်ဆိုင်မည် ဖြစ်သည်။

 

 ကူမာမိုတိုတွင် တည်ဆောက်နေသည့် ပထမစက်ရုံကို ၂၀၂၂ ခုနှစ် ဧပြီလတွင် စတင်ဆောက်လုပ်ခဲ့သည်။ ယခုနှစ်အတွင်းမှာ ထုတ်လုပ်မှု စတင်မည် ဖြစ်သည်။ 

ဒုတိယစက်ရုံသည် ၂၀၂၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် ထုတ်လုပ်မှု စတင်ရန် ရည်မှန်းထားသည်။ 

စက်ရုံ နှစ်ရုံအတွက် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းမှာ ကန်ဒေါ်လာ ၂၀ ဘီလီယံကျော်မည်ဟု TSMC က ပြောကြားသည်။ 

 

Toyota သည် လျှပ်စစ်ကားများနှင့် အလိုအလျောက် မောင်းနှင်သည့် ကားများတွင် အသုံးပြုရန်အတွက် အဆင့်မြင့် ချစ်ပ်များ ပုံမှန် ရရှိနိုင်စေရန် ချစ်ပ်လုပ်ငန်းတွင် ထဲထဲဝင်ဝင် ရင်းနှီးမြှုပ်နှံခြင်း ဖြစ်ပါသည်။

 

Source Asia Nikkei 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read 463 times