တက်စလာ အီးဗီ ရောင်းအားထက် တိုယိုတာ ဟိုက်ဘရစ် ရောင်းအား နှစ်ဆနီးပါး သာလွန်


တက်စလာ အီးဗီ ရောင်းအားထက် တိုယိုတာ ဟိုက်ဘရစ် ရောင်းအား နှစ်ဆနီးပါး သာလွန်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

၂၀၂၃ ခုနှစ်သည် Tesla လျှပ်စစ်ကား ရောင်းအား စံချိန်တင်နှစ် ဖြစ်ခဲ့ပါသည်။ 

သို့သော် တိုယိုတာ ဟိုက်ဘရစ် ရောင်းအား နှစ်ဆနီးပါး သာလွန်ခဲ့သည်။

 

Toyota ( Lexus အပါအဝင်) ဟိုက်ဘရစ်နှင့် plug-in hybrid ကားများ အစီးရေ ၃.၅ သန်းကျော်ကို ယမန်နှစ်က ကမ္ဘာတစ်ဝှမ်းတွင် ရောင်းချခဲ့သည်။ ကားအမျိုးစုံ ရောင်းအား စုစုပေါင်း၏ သုံးပုံတပုံသည် ဟိုက်ဘရစ်များ ဖြစ်ပါသည်။ 

ဟိုက်ဘရစ်များ ရောင်းအား စုစုပေါင်း အစီးရေ ၈၅၃,၉၀၀ ရှိခဲ့ပြီး တက်စလာ အီးဗီ ရောင်းအား အစီးရေ ၄၉၅,၀၀၀ ရှိခဲ့ပါသည်။

 

အချိုးချကြည့်လျှင် တက်စလာအီးဗီ တစီး တိုယိုတာဟိုက်ဘရစ် နှစ်စီး ရောင်းအား ဖြစ်ပေါ်ခဲ့သည်။

တက်စလာအီးဗီနှင့် ယိုတာဟိုက်ဘရစ် ရောင်းအား ကွာဟချက်သည် ပိုကြီးမား လာနေပါသည်။ 

 တိုယိုတာသည် ယခင်စံချိန်ဟောင်းကို စံချိန်ချိုးပြီး ကားအစီးရေ စုစုပေါင်း ၁၁.၂ သန်း ရောင်းချခဲ့သည်။ (ကားအငယ်စားများ ထုတ်လုပ်သည့် ဒိုင်ဟက်စုနှင့် ထရပ်ကားများ ထုတ်လုပ်သည့် ဟီးနိုးတို့၏ ရောင်းအားများ ပါဝင်သည်)

 

Toyota နှင့်  Lexus နှစ်မျိုးတည်း ရောင်းအားမှာ ၁၀.၃ သန်း ဖြစ်ပါသည်။

 

တိုယိုတာက လျှပ်စစ်စွမ်းအင်သုံးသည့်ကားဟု သတ်မှတ်သော ကားအမျိုးအစား၏ တိုယိုတာနှင့် လက်ဆပ် စုစုပေါင်း ရောင်းအားမှာ အစီးရေ ၃.၆၈ သန်း ဖြစ်ပါသည်။

 

အင်ဂျင်နှင့် လျှပ်စစ်မော်တာ နှစ်မျိုးသုံးလျှင် တိုယိုတာက လျှပ်စစ်စွမ်းအင်သုံးသည့် ဟိုက်ဘရစ်လျှပ်စစ်ကားဟု သတ်မှတ်ပါသည်။

 

• အသင့်အတင့် ဟိုက်ဘရစ် mild hybrid သည် စက်သုံးဆီသုံး သမားရိုးကျ အင်ဂျင်ဖြင့် ဘီးများကို လည်စေပြီး ဗို့အားအနိမ့် (48V) သုံးစွဲသည်။ လျှပ်စစ်မော်တာ တလုံးပါပြီး လေအေးပေးစက်နှင့် ရေဒီယိုကဲ့သို့သော အစိတ်အပိုင်းများအတွက် အသုံးပြုသည်။

.

• သမားရိုးကျ ဟိုက်ဘရစ် conventional hybrid သည် အင်ဂျင်ဖြင့် ဘီးများကို လည်စေသည့်အပြင် လျှပ်စစ်မော်တာဖြင့်လည်း ဘီးများကို လည်စေသည်။ ဘက်ထရီကို ပလပ်ထိုး အားသွင်းခြင်း မပြုနိုင်ပါ။ ကားကို ဘရိတ်အုပ်သည့်အခါ ဂျန်နရေတာက စွမ်းအင်ရယူပြီး လျှပ်စစ်စွမ်းအင်အဖြစ်သို့ ပြောင်းလဲ၍ ဘက်ထရီကုိ အားသွင်းသည်။

 

• ပလပ်ထိုး အားသွင်း ဟိုက်ဘရစ် plug-in hybrid သည် ဘက်ထရီကို ပြင်ပမှ လျှပ်စစ်ဓာတ်အား ပလပ်ထိုး ချိတ်ဆက်ပြီး အားသွင်းသည်။ 

တိုယိုတာ၏ လျှပ်စစ်စွမ်းအင်သုံးသည့်ကားများတွင် ဟိုက်ဒရိုဂျင် လောင်စာဆဲလ် ကားများလည်း ပါဝင်သည်။ 

ထို့ပြင် ဘက်ထရီသုံး လျှပ်စစ်ကားစစ်စစ်များလည်း ပါဝင်သည်။

၎င်းတို့အသီးသီး၏ ရောင်းအားများမှာ

 

ဟိုက်ဘရစ်အုပ်စုဝင် ကားများတွင်

• သမားရိုးကျ ဟိုက်ဘရစ် အစီးရေ  ၃.၄၂ သန်း

• အသင့်အတင့် ဟိုက်ဘရစ် အစီး‌ေရ ၂၇,၀၀၀ သန်း

• ပလပ်ထိုးအားသွင်း ဟိုက်ဘရစ် အစီးရေ ၁၂၅,၀၀၀ 

 

ဟိုက်ဘရစ် မဟုတ်သည့် အုပ်စုတွင်

• ဟိုက်ဒရိုဂျင် လောင်စာဆဲလ် အစီးရေ ၃,၉၀၀

• ဘက်ထရီသုံး လျှပ်စစ်ကားစစ်စစ် အစီးရေ ၁၀၄,၀၀၀

 

၎င် လျှပ်စစ်စွမ်းအင်သုံးသည့် ကားစာရင်းတွင် လက်ဆပ် ရောင်းအားမှာ အစီးရေ ၃၉၀,၀၀၀ ဖြစ်ပါသည်။

 

တက်စလာသည် အီးဗီစစ်စစ် အစီးရေ ၁.၈၁ သန်း ရောင်းချခဲ့ပါသည်။

 

 

 

Source drive 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read 1605 times