Toyota နှင့် Honda အရောင်းမြှင့်တင်ရေးစရိတ်လျှော့ချပြီး အမြတ်ပိုမိုရယူ


Toyota နှင့် Honda အရောင်းမြှင့်တင်ရေးစရိတ်လျှော့ချပြီး အမြတ်ပိုမိုရယူ

ဂျပန် မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီများ ဖြစ်ကြတဲ့ Toyota Motor နှင့် Honda Motor တို့က ၂၀၂၁ မှာ ယာဉ်တပ်ဆင် ထုတ်လုပ်ရန် အစိတ်အပိုင်းများနှင့် ချစ်ပ်များ အချိန်မီ အလုံအလောက် မရရှိတဲ့အတွက် စီးရေ လျှော့ထုတ်ခဲ့ကြရပေမဲ့ အရောင်းမြှင့်တင်ရေးစရိတ်များ လျှော့ချသုံးစွဲပြီး အမြတ်ပိုမိုရယူခဲ့ကြပါတယ်။

ဂျပန်ယန်းငွေ အားပျော့နေတာကြောင့်လည်း ပြည်ပဝင်ငွေများကို ယန်းငွေဖြင့် တွက်ချက်တဲ့အခါ ပမာဏပိုများတဲ့ အကျိုးကျေးဇူးကိုလည်း Toyota Motor နှင့် Honda Motor တို့ ရရှိခဲ့ကြပါတယ်။


ကားထုတ်လုပ်ရေး လုပ်ငန်းကြီးများ ၂၀၂၁ မှာ ယာဉ်တပ်ဆင် ထုတ်လုပ်ရန် အစိတ်အပိုင်းများနှင့် ချစ်ပ်များ အချိန်မီ အလုံအလောက် မရရှိတဲ့အတွက် စီးရေ လျှော့ထုတ်ကြလို့ ကားအသစ်ဈေးကွက်ထဲမှာ ကားအသစ် အရေအတွက် နည်းပါးနေပါတယ်။ ကားအသစ် ဝယ်လိုသူတွေက ကားထုတ်လုပ်သူများထံမှ ခါတိုင်းရနေကျ ဆွဲဆောင်မှုမက်လုံးများကို မရတော့သော်လည်း ပါပါလာလာဖြင့် ကားအသစ် ရရင်ပြီးရောဆိုပြီး ဝယ်ယူကြပါတယ်။

Honda မှ အကြီးတန်းမန်နေဂျာ Kohei Takeuchi က "ကျွန်တော်တို့ မြောက်အမေရိကမှာ ဆွဲဆောင်ဖို့ မက်လုံးပေးတာတွေ  ထပ်လျှော့ပါတယ်။ အရင်က မက်လုံးစရိတ်ကို အမေရိကန်ဒေါ်လာ ၁,၀၀၀ လျှော့ခဲ့ပြီးသားကို အခု ၁၀% လျှော့ပါတယ်" လို့ ပြောပြပါတယ်။


Toyota က တစ်နှစ်တာ အမြတ်ငွေ ယန်း ၂.၈ ထရီလီယံ (ကန်ဒေါ်လာ ၂၄.၂၅ ဘီလျံ) ရရှိပါတယ်။
Honda က မတ်လမှာ ကုန်ဆုံးမယ့် ဘဏ္ဍာရေးနှစ် တစ်နှစ်တာမှာ အမြတ် ယန်း ၈၀၀ ဘီလျံ ရလိမ့်မယ်လို့ ကြိုတင်ခန့်မှန်းထားပါတယ်။

ဖြည့်သွင်းကွင်းဆက်မှာ ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေဆဲဖြစ်ပြီး ချစ်ပ် အလုံအလောက် မရတဲ့ ပြဿနာလည်း ရှိနေဆဲ ဖြစ်ပါတယ်။ စီးရေလျှော့ထုတ်ရမယ့် အလားအလာများ ရှိနေဆဲ ဖြစ်တာကြောင့် စီးရေလျော့ကျသော်လည်း အမြတ် သိသိသာသာ လျော့မကျအောင် Toyota Motor နှင့် Honda Motor တို့က ကားတစ်စီး ရောင်းရငွေအပေါ် ရရှိမယ့် အမြတ် ပိုရလာအောင် အရောင်းမြှင့်တင်ရေး စရိတ်များကို ဖြတ်တောက်လျှော့ချကြပါတယ်။

Toyota က ထုတ်လုပ်ရန်စီးရေ လျာထားချက်ကို စီးရေ ၅ သိန်း လျှော့ချပါတယ်။ စီးရေ ၈.၅ သန်းလို့ ပြင်ဆင်သတ်မှတ်ပါတယ်။
Honda က စီးရေ ၄.၈၅ သန်းအစား ၄.၂ သန်းလို့ ပြင်ဆင် သတ်မှတ်ပါတယ်။

ဂျပန်မှ နံပါတ်(၁) နှင့် နံပါတ် (၂) ကားထုတ်လုပ်သူတို့က ဆွဲဆောင်မှုမက်လုံးစရိတ် လျှော့ချနေချိန်မှာ နံပါတ်(၃) ထုတ်လုပ်သူ Nissan Motor ကလည်း ဆွဲဆောင်မှုမက်လုံးစရိတ် လျှော့ချခဲ့ပါတယ်။ စီးရေ လျှော့ထုတ်ရသဖြင့် ရောင်းရစီးရေ နည်းသွားလို့ ဝင်ငွေ လျော့ကျသော်လည်း အမြတ် ပိုမို ရရှိခဲ့ပါတယ်။ အမြတ် ယန်း ၅၂.၂ ဘီလျံ ရရှိခဲ့ပါတယ်။
 
(US$1 = 115.4800 yen)
Reuters com

Read 677 times