တိုယိုတာနှင့် ဟွန်ဒါတို့က ထရပ်ကားအတွက် ဟိုက်ဒရိုဂျင် လောင်စာဆဲကို ရွေးချယ်


တိုယိုတာနှင့် ဟွန်ဒါတို့က ထရပ်ကားအတွက် ဟိုက်ဒရိုဂျင် လောင်စာဆဲကို ရွေးချယ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


ဂျပန် ကားထုတ်လုပ်သူများ ဖြစ်ကြသည့် တိုယိုတာနှင့် ဟွန်ဒါတို့က ထရပ်ကားများကို ဟိုက်ဒရိုဂျင်ပါဝါဖြင့် မောင်းနှင်သည့် နည်းလမ်းကို ရွေးချယ်ထားကြသည်။ ဟိုက်ဒရိုဂျင်သည် ကာဘွန် ထုတ်လွှတ်ခြင်း ကင်းသည်။


ထရပ်ကားသည် ဟိုက်ဒရိုဂျင် ၅၆ကီလိုဂရမ် တကြိမ် ဖြည့်တင်းထားလျှင် ခရီးတာ ကီလိုမီတာ ၈၀၀ မောင်းနှင်နိုင်သည်။ ဟိုက်ဒရိုဂျင်ပါဝါဖြင့် မောင်းနှင်သည့် ထရပ်ကားများကို စက်တင်ဘာလအထိ အမျိုးမျိုး စမ်းသပ်မောင်းနှင်မည် ဖြစ်သည်။ ကားပေါ် ကုန်တင်ပြီး မောင်းနှင်ပါက မည်သို့ ဖြစ်မည်ကို စမ်းသပ်မည်။ ဟိုက်ဒရိုဂျင် ဖြည့်တင်းရန် မည်သို့သော အခက်အခဲများ ရှိမည်၊ မည်မျှ ကြာမြင့်မည် အစရှိသည့် အချက်များကို သုတေသန လုပ်ဆောင်မည် ဖြစ်သည်။ 
ဟိုက်ဒရိုဂျင်ထရပ်ကားများကို ၂၀၂၇ ခုနှစ်တွင် စတင်ရောင်းချနိုင်ရန် ရည်မှန်းထားသည်။ 

ဟိုက်ဒရိုဂျင် လောင်စာဆဲလ်သည် အီးဗီဘက်ထရီထုပ်ထက် နေရာယူသည့် ပမာဏ နည်းသည်။  ဟိုက်ဒရိုဂျင်  ဖြည့်တင်းရန် ကြာချိန်သည် အီးဗီဘက်ထရီထုပ် အားသွင်းရန် ကြာချိန်ထက် ပိုမြန်သည်။ 

 


Honda Motor နှင့်  Isuzu Motor တို့က အတူပူးပေါင်းပြီး ဟိုက်ဒရိုဂျင်ထရပ်ကားများ ထုတ်လုပ်နိုင်ရန် စမ်းသပ်မှုများ ဆောင်ရွက်လျက်ရှိသည်။ 

 

 

Toyota Motor က ၎င်း၏ လက်အောက်ခံလုပ်ငန်း Hino Motors နှင့် အတူပူးပေါင်းပြီး  ဟိုက်ဒရိုဂျင်ထရပ်ကားများ စမ်းသပ်နေသည်။ 


Toyota သည် ဟိုက်ဒရိုဂျင် ပါဝါကားမော်ဒယ် Mirai ကို ၂၀၁၄ ခုနှစ်တွင် ထုတ်လုပ်ခဲ့သည်။ ကမ္ယာတစ်လွှား အစီးရေ ၃၂၀၀ ရောင်းချခဲ့သည်။ 

Honda သည် ဟိုက်ဒရိုဂျင် ပါဝါကားမော်ဒယ် Clarity ကို  ၂၀၁၆ ခုနှစ်တွင် ထုတ်လုပ်ခဲ့သည်။ အစီးရေ ၂၀၀ ရောင်းချခဲ့သည်။ ဝယ်ဏီးသူ နည်းပါးသဖြင့် ၂၀၂၁ ခုနှစ်တွင် ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့သည်။ 

Hyundai Motor ၏ ဟိုက်ဒရိုဂျင် ပါဝါကားမော်ဒယ် Nexo, သည် ရောင်းအား ကောင်းခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး ၂၀၂၂ မော်ဒယ်သည် အစီးရေ တသောင်း ရောင်းချခဲ့သည်။ 

တောင်ကိုရီးယားတွင် ဟိုက်ဒရိုဂျင် လောင်စာဆဲလ် ကား အစီးရေ ၂၉၃၀၀ လမ်းများပေါ်မှာ မောင်းနှင်နေသည်။ ကမ္ဘာပေါ်တွင် တောင်ကိုရီးယားသည် လောင်စာဆဲလ် ကား အစီးရေ  အများဆုံ ဖြစ်သည်။ 
ဂျပန်တွင် ၂၀၂၂ ခုနှစ် စာရင်းအရ ဟိုက်ဒရိုဂျင်ပါဝါ အိမ်စီးကား ၇၆၀၀  ရှိသည်။ အမေရိကန်တွင် အစီးရေ ၁၅,၀၀၀ ရှိသည်။ 

Honda သည် ယခုနှစ်အတွင်းမှာ ဟိုက်ဒရိုဂျင်ပါဝါကား မော်ဒယ်အသစ်ကို ဂျပန်နှင့် မြောက်အမေရိကတွင် စတင်ရောင်းချရန် အစီအစဉ် ရေးဆွဲထားသည်။ 

Source asia nikkei

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 197 times