တိုယိုတာနှင့် ဟွန်ဒါ ဟိုက်ဘရစ်ဖြင့် ရောင်းအား အသာရ 


တိုယိုတာနှင့် ဟွန်ဒါ ဟိုက်ဘရစ်ဖြင့် ရောင်းအား အသာရ 

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ဂျပန်ကားထုတ်လုပ်သူများသည် လျှပ်စစ်ကားစစ်စစ် ထုတ်လုပ်ရန် နောက်ကျနေသည်ဟု ဝေဖန်ခံရသည်။ ဆီစားသက်သာသည့် ဟိုက်ဘရစ်ကားများ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးနေသည်ဟု ဝေဖန်ကြသည်။ 

ယခုအခါ အမေရိကန်နှင့် ဥရောပကဲ့သို့ အဓိကစျေးကွက်များတွင် အီးဗီများ ဝယ်လိုအား နှေးကွေးနေပြီး တိုယိုတာနှင့် ဟွန်ဒါတို့၏ ဟိုက်ဘရစ်များ အဝယ်လိုက်နေသဖြင့် ဟိုက်ဘရစ်လမ်းစဉ်၏ အကျိုးကျေးဇူးကို ရရှိကြသည်။

.

အင်ဂျင်နှင့် လျှပ်စစ်မော်တာ နှစ်မျိုးစပ် ဟိုက်ဘရစ်ကားများအတွက် ဝယ်လိုအား မြင့်တက်နေသည်။ ကားဝယ်စီးသူတို့က ဈေးမြင့်သည့် လျှပ်စစ်ကားကို မဝယ်လိုကြချေ။ အင်ဂျင်ကားများကိုလည်း မလိုချင်ကြချေ။ သို့ဖြစ်ရာ အင်ဂျင်ကားနှင့်  လျှပ်စစ်ကားတို့၏ ကြားတွင် နေရာယူထားသည့် ဟိုက်ဘရစ်ကားများကို ရွေးချယ်ကြသည်။

ထိုအခါ အီးဗီ ထုတ်လုပ်သူများသည် အီးဗီအချင်းချင်းကိုလည်း အပြင်းအထန် ယှဉ်ပြိုင်နေကြရပြီး ဟိုက်ဘရစ်ကိုလည်း ယှဉ်ပြိုင်ကြရသည်။

.

 ပလပ်ထိုးအားသွင်း ဟိုက်ဘရစ်အပါအဝင် ဟိုက်ဘရစ် အမျိုးမျိုးတို့၏ ရောင်းအားများ မြင့်တက်နေပြီး အီးဗီ ရောင်းအား လျော့ကျနေသည်ဟု ဥရောပ မော်တော်ယဉ် ထုတ်လုပ်သူများ အသင်းက အချက်အလက် ထုတ်ပြန်သည်။  

.

ဟွန်ဒါသည် ထုတ်လုပ်သည့် ကားအစီးရေ စုစုပေါင်း၏ သုံးပုံတပုံဝန်းကျင်ကို အမေရိကန်ဈေးကွက်တွင် ရောင်းချသည်။ ဟိုက်ဘရစ် မော်ဒယ် Accord ဆီဒင်နှင့် CR-V SUV တို့ ရောင်းအားကောင်းသည်။ ဟိုက်ဘရစ်ကို လူကြိုက်များနေသဖြင့် ဈေးလျှော့ရောင်းရန် မလိုသောကြောင့် အမြတ် ပိုများများ ရရှိသည်။ 

ယခုနှစ် ဟိုက်ဘရစ်မော်ဒယ် Civic ကို ရောင်းချရန် စီစဉ်ထားသည်။ 

.

လျှပ်စစ်ကားစစ်စစ်သည် ဈေးပိုမြင့်သည်။ အားသွင်းရန်အတွက် အချိန်သီးသန့် ပေးရသည်။ အားသွင်းရသည့် ကိစ္စသည် အလုပ်တလုပ် ဖြစ်နေသည်။ သို့ဖြစ်ရာ အမေရိကန်နှင့် ဉရောပ ဈေးကွက်တို့တွင် ဟိုက်ဘရစ်ကို ရွေးချယ်သူ ပိုများလာသည်။ 

.

တိုယိုတာသည် အမေရိကန်တွင် နှစ်စဉ်ထုတ်လုပ်သည့် ကားများ၏ လေးပုံတစ်ပုံခန့်ကို ရောင်းချနေသည်။ ဟိုက်ဘရစ်ကားအမျိုးအစား ရောင်းအား မြင့်တက်သည်။ 

.

အချို့သော အစိုးရများသည် အီးဗီအတွက် မက်လုံးပေးသည့် ထောက်ပံ့ကြေးများ ရပ်ဆိုင်းလိုက်ကြခြင်း၊ တပတ်ရစ် အီးဗီများ။ စျေးနှုန်းများ ကျဆင်းလာခြင်းတို့ကြောင့်  အီးဗီကို အဝယ်နှေးသွားစေခဲ့ပါသည်။ 

.

ဟိုက်ဘရစ်ကား ရောင်းအားတက်သဖြင့် အကျိုးကျေးဇူး ရရှိနေသော ဂျပန်ကားကုမ္ပဏီများသည် အီးဗီသို့ ကူးပြောင်းရန် နှေးနေသည့်အတွက် အဓိကကျသည့် ဈေးကွက်များတွင် ဈေးကွက်ဝေစု လျော့ကျသည်။ 

ဂျပန်ကားကုမ္ပဏီများ၏ ဈေးကွက်ဝေစုသည် မြောက်အမေရိကတွင် ၂၀၁၈ ခုနှစ်တွင် ၃၈% ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ၃၄% သို့ လျော့ကျသည်။ တရုတ်၊ ထိုင်းအပါအဝင် အာရှဒေသရှိ နိုင်ငံများတွင်လည်း ဈေးကွက်ဝေစု လျော့ကျပါသည်။ 

Source Asia Nikkei 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Read 894 times