အင်ဂျင်အသစ် နဲ့ ပွဲထုတ်လိုက်တဲ့ အကြမ်းခံToyota Hilux အသစ်


မာတယ်၊ အကြမ်းခံတယ် ဆိုပြီး သိထားကြတဲ့ ဂုဏ်သတင်းကို ဆက်လက်ထိန်းသိမ်းထားတဲ့ အကြမ်းခံ Hilux အသစ်ကို Toyota  က ပွဲထုတ်လိုက်တယ်။

 

 

suspension ကိုလည်း ပိုကောင်းအောင် လုပ်ပေးထားတယ်။

အင်ဂျင်ကိုလည်း ပါဝါပိုကောင်းအောင် လုပ်ပေးထားတယ်။

ရှေးယခင် ဟိုင်းလပ်စ်ကို ခေတ်မီအောင် လုပ်ပေးထားတာဖြစ်ပြီး မာတယ်၊ အကြမ်းခံတယ် ဆိုတာကို ဆက်လက်ထိန်းသိမ်းထားတယ်။

 

 

 

 

 

 

grille (ရှဲလ်) နဲ့ ဘန်ပါ တို့ကို ဒီဇိုင်းအသစ် လုပ်ပေးထားတယ်။ မီးမှာ  LED ကို ရှေ့ရော နောက်ရော သုံးထားတယ်။ ဘီးတွေက ၁၈ လက်မ ဘီးတွေ။ ကိုယ်ထည် အရောင်မှာလည်း အသစ်တစ်ရောင် စီစဉ်ထားပြီး Titan Bronze လို့ အမည်ပေးထားတယ်။

 

 

ကားထဲမှာ ၈ လက်မ multimedia screen ကို အလယ်နေရာမှာ ထိုင်ပေးထားတယ်။ 

သုံးထားတဲ့ ဆော့ဖ်ဝဲလ်ကိုလည်း ပိုကောင်းအောင် လုပ်ပေးထားတယ်။

 

 

 

စက်နှိုးစက်သတ်အတွက် နှိပ်စရာ ခလုတ်တစ်ခု ပါတယ်။

အသံပိုင်းအတွက်လည်း အကောင်းစား အသံစနစ်ကို သုံးပေးထားတယ်။

လမ်းပြမြေပုံအတွက်လည်း ဂြိုဟ်တုလမ်းပြစနစ် ပါတယ်။ 

 

ကားကို အမြင်မှာ လှတပတ မရှိဘူး။ အကြမ်းပတမ်းရုပ် ပေါက်နေတယ်။ တကယ်လည်း အကြမ်းခံတယ်။ အခုအခါမှာ ကားအများစုမှာ ဖရိန် မထည့်ကြတော့ဘူး။ ပစ်ကပ်တွေမှာလည်း အလားတူပဲ ဖရိန် မထည့်ပေးတော့ဘူး။ ဟိုင်းလပ်စ်ကတော့ အခုအထိ ကိုယ်ထည်ကို ဖရိန်ပေါ်မှာ ထိုင်ပေးထားတယ်။ 

အင်ဂျင်က မြင်းကောင်ရေ ၂၀၁ bhp ရှိတဲ့ ၂ . ၈ လီတာ ဒီဇယ်တာဘို တပ်ပေးထားတယ်။ 

သုညမိုင်ကနေ တစ်နာရီ ၆၂ မိုင်ကို ၁၀ စက္ကန့်ဖြင့် ရောက်အောင် အရှိန်တင်လို့ ရတယ်။

ကားအောက်ပိုင်း  suspension မှာလည်း ရှော့ဘားတွေ၊ ဘွတ်ရှ်တွေ၊ လေးထုပ်တွေကို ဒီဇိုင်း အသစ်လုပ်ပေးထားတယ်။ လမ်းကောင်းမှာ မောင်းရင် ကား ငြိမ်နေစေဖို့နဲ့ လမ်းကြမ်းမှာ မောင်းရင် ဒဏ်ခံနိုင်ဖို့ လုပ်ပေးထားတဲ့ ဒီဇိုင်းသစ်တွေ ဖြစ်ပါတယ်။

 

မြို့တွင်း မောင်းရင် ကားကို စက်မသတ်ဘဲ ရပ်စောင့်နေရတဲ့ အချိန်တွေ များတယ်။ အဲဲဒီ အတွက် အင်ဂျင်ကို အအားထားချိန်မှာ ငြိမ်စေဖို့ လည်နှုန်း  rpm ကို လျှော့ပေးထားတယ်။

တိုယိုတာက Hilux  ကို ၁၉၆၈ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တယ်။ အခုဆိုရင် နှစ်ပေါင်း ၅၀ ကျော်ခဲ့ပြီ။ အခုအထိ Hilux ဆိုရင် မာတယ်။ လီဗာနင်းရင် နင်းသလို ဆွဲတယ်။ ဘရိတ်ကလည်း တိကနဲ ရပ်ပေးနိုင်တယ် ဆိုတဲ့ ဂုဏ်ပုဒ်တွေကို ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။ 

 

 

 

 

zawgyi

အင္ဂ်င္အသစ္ နဲ႔ ပြဲထုတ္လိုက္တဲ့ အၾကမ္းခံToyota Hilux အသစ္

မာတယ္၊ အၾကမ္းခံတယ္ ဆိုၿပီး သိထားၾကတဲ့ ဂုဏ္သတင္းကို ဆက္လက္ထိန္းသိမ္းထားတဲ့ အၾကမ္းခံ Hilux အသစ္ကို Toyota က ပြဲထုတ္လိုက္တယ္။


suspension ကိုလည္း ပိုေကာင္းေအာင္ လုပ္ေပးထားတယ္။ အင္ဂ်င္ကိုလည္း ပါဝါပိုေကာင္းေအာင္ လုပ္ေပးထားတယ္။ ေရွးယခင္ ဟိုင္းလပ္စ္ကို ေခတ္မီေအာင္ လုပ္ေပးထားတာျဖစ္ၿပီး မာတယ္၊ အၾကမ္းခံတယ္ ဆိုတာကို ဆက္လက္ထိန္းသိမ္းထားတယ္။


grille (ရွဲလ္) နဲ႔ ဘန္ပါ တို႔ကို ဒီဇိုင္းအသစ္ လုပ္ေပးထားတယ္။ မီးမွာ LED ကို ေရွ႕ေရာ ေနာက္ေရာ သုံးထားတယ္။ ဘီးေတြက ၁၈ လက္မ ဘီးေတြ။ ကိုယ္ထည္ အေရာင္မွာလည္း အသစ္တစ္ေရာင္ စီစဥ္ထားၿပီး Titan Bronze လို႔ အမည္ေပးထားတယ္။

ကားထဲမွာ ၈ လက္မ multimedia screen ကို အလယ္ေနရာမွာ ထိုင္ေပးထားတယ္။
သုံးထားတဲ့ ေဆာ့ဖ္ဝဲလ္ကိုလည္း ပိုေကာင္းေအာင္ လုပ္ေပးထားတယ္။

စက္ႏႈိးစက္သတ္အတြက္ ႏွိပ္စရာ ခလုတ္တစ္ခု ပါတယ္။
အသံပိုင္းအတြက္လည္း အေကာင္းစား အသံစနစ္ကို သုံးေပးထားတယ္။ လမ္းျပေျမပုံအတြက္လည္း ၿဂိဳဟ္တုလမ္းျပစနစ္ ပါတယ္။
ကားကို အျမင္မွာ လွတပတ မရွိဘူး။ အၾကမ္းပတမ္း႐ုပ္ ေပါက္ေနတယ္။ တကယ္လည္း အၾကမ္းခံတယ္။ အခုအခါမွာ ကားအမ်ားစုမွာ ဖရိန္ မထည့္ၾကေတာ့ဘူး။ ပစ္ကပ္ေတြမွာလည္း အလားတူပဲ ဖရိန္ မထည့္ေပးေတာ့ဘူး။ ဟိုင္းလပ္စ္ကေတာ့ အခုအထိ ကိုယ္ထည္ကို ဖရိန္ေပၚမွာ ထိုင္ေပးထားတယ္။
အင္ဂ်င္က ျမင္းေကာင္ေရ ၂၀၁ bhp ရွိတဲ့ ၂ . ၈ လီတာ ဒီဇယ္တာဘို တပ္ေပးထားတယ္။
သုညမိုင္ကေန တစ္နာရီ ၆၂ မိုင္ကို ၁၀ စကၠန႔္ျဖင့္ ေရာက္ေအာင္ အရွိန္တင္လို႔ ရတယ္။
ကားေအာက္ပိုင္း suspension မွာလည္း ေရွာ့ဘားေတြ၊ ဘြတ္ရွ္ေတြ၊ ေလးထုပ္ေတြကို ဒီဇိုင္း အသစ္လုပ္ေပးထားတယ္။ လမ္းေကာင္းမွာ ေမာင္းရင္ ကား ၿငိမ္ေနေစဖို႔နဲ႔ လမ္းၾကမ္းမွာ ေမာင္းရင္ ဒဏ္ခံႏိုင္ဖို႔ လုပ္ေပးထားတဲ့ ဒီဇိုင္းသစ္ေတြ ျဖစ္ပါတယ္။
ၿမိဳ႕တြင္း ေမာင္းရင္ ကားကို စက္မသတ္ဘဲ ရပ္ေစာင့္ေနရတဲ့ အခ်ိန္ေတြ မ်ားတယ္။ အဲဲဒီ အတြက္ အင္ဂ်င္ကို အအားထားခ်ိန္မွာ ၿငိမ္ေစဖို႔ လည္ႏႈန္း rpm ကို ေလွ်ာ့ေပးထားတယ္။
တိုယိုတာက Hilux ကို ၁၉၆၈ ခုႏွစ္မွာ စတင္ထုတ္လုပ္ခဲ့တယ္။ အခုဆိုရင္ ႏွစ္ေပါင္း ၅၀ ေက်ာ္ခဲ့ၿပီ။ အခုအထိ Hilux ဆိုရင္ မာတယ္။ လီဗာနင္းရင္ နင္းသလို ဆြဲတယ္။ ဘရိတ္ကလည္း တိကနဲ ရပ္ေပးႏိုင္တယ္ ဆိုတဲ့ ဂုဏ္ပုဒ္ေတြကို ဆက္လက္ထိန္းသိမ္းထားဆဲ ျဖစ္ပါတယ္။

Read 31312 times