လုပ်ငန်းသုံးအနေနှင့် နယ်လမ်းကြမ်းခရီးများတွင်ပါ အသုံးတည့်သည့်အတွက် ပြည်တွင်းတွင် ယခင်ကတည်းက အသုံးများသော Toyota Hilux သည် ကောင်းမွန်သော ကားအမျိုးအစားဖြစ်ပြိး ၂၀၁၃ မိုဒယ်သည် complaints အများဆုံးဖြစ်ပါသည်။
အင်ဂျင်ပြဿနာ
၂၀၀၀ မိုဒယ် Toyota Hilux 2.0L အော်တိုကို ၁၀၅၊ ၁၁၉ မိုင် မောင်းနှင်ပြီးသည့်အခါ အင်ဂျင်ပါဝါကျဆင်းလာခြင်းဖြစ်ပါသည်။
ထိုကြောင့် Distributor အသစ်လဲလှယ်သင့်သည့်အပြင် ရော့တာ (rotor)၊ မီးပွားပလတ် (spark plugs)၊ မီးပွားပလတ် ဝါယာ (spark plus wires )၊ coolant sensor များနှင့် Temperature sensor ကို လည်း စစ်ဆေးသင့်ပါသည်။
သိုသော် မနက်ပိုင်းအေးနေသည့်အချိန်တွင် စက် စတင်နှိုးရန် ခက်ခဲနေပြီး နည်းနည်း နွေးလာမှသာ စက်နှိုးရ ချောမွေ့လာပါသည်။
အချက်ပြမီးအလုပ်မလုပ်ခြင်း
၂၀ဝ၄ မော်ဒယ် Toyota Hilux 2.4 DZL မန်နျူရယ် ကားအမျိုးအစား ကို ၁၂၅၂၄၁ မိုင် မောင်းနှင်ပြီးသည့်အခါ ဖြစ်ပြီး ဘရိတ်နင်းတဲ့အခါ အချက်ပြမီးတွေက အလုပ်မလုပ်ခြင်းဖြစ်၍ ဝါယာရင်း စနစ်ကို စစ်ဆေးရ ပါမည်။
ဆီပေးသောစနစ်ချို့ယွင်းခြင်း
၂၀ဝ၉ မော်ဒယ် Toyota Hilux 2.5 L မန်နျူရယ် ကား အမျိုးအစား ကို ၃၆၀၄၀ မိုင် မောင်းနှင်ပြီးတဲ့အခါ ဖြစ်တက်ပြီး ဆီပေးတဲ့စနစ်က အလုပ်မလုပ်သည့်အတွက် စက်နှိုးလို့ မရသောကြောင့် ဆီပေးတဲ့စနစ် တစ်ခုလုံး စစ်ဆေးပြုပြင်ရမည်ဖြစ်ပါသည်။
Bluetooth ပြဿနာ
၂၀၁၃ မိုဒယ် Toyota Hilux SR 5 3 မန်နျူရယ်ကားအမျိုးအစားတွင် Bluetooth နှင့် ချိတ်ဆက်ပြီး ဖုန်းပြော၍ မရသည့် ပြဿနာ ဖြစ်လေ့ရှိပါသည်။
ကားကိုမောင်းနှင်နေစဉ် Bluetooth နှင့် ချိတ်ဆက်ဖုန်းပြောသည့်အခါ တစ်ဖက်တွင် ဆူညံသံများ အမြဲဖြစ်ပေါ်နေတက်ပါသည်။
ထို့အတွက် ကားထုတ်လုပ်သူက Bluetooth အသစ်လဲလှယ်ပေးသော်လည်း တစ်ဖက်က နားထောင်သူဆီတွင် ဆူညံသံများ ကြားနေရဆဲဖြစ်ပါသည်။
သို့သော် Aircon ပိတ်ပြီး ဖုန်းပြောသည့်အခါတွင် ပုံမှန်အတိုင်းအလုပ်လုပ်တယ်ဟု ဆိုပါသည်။
Injector rattle ပြဿနာ
၂၀၁၄ မိုဒယ် Toyota Hilux ကို ၂၅၀၀၀ မိုင်မောင်းနှင်ပြီးသည့်အခါ Injector rattle က ချိုယွင်းခြင်းဖြစ်ပြီး ကားစက်ရုံမှ သုံးနှစ်အာမခံနှင့် ဝယ်ယူရခြင်းဖြစ်သောကြောင့် ချို့ယွင်းသော Injector ကိုလဲလှယ်ပေးပါသည်။
အနက်ရောင်မီးခိုးထွက်လာခြင်း
Hilux ကားအများစုမှာ ဖြစ်တက်သော နောက်ပြဿနာတစ်ခုမှာ အိတ်ဇောမှ အနက်ရောင်မီးခိုးများ ထွက်လာခြင်းဖြစ်ပါသည်။
သေချာနားထောင်ကြည့်ပါက တာဘို (turbo) မှ မတူညီသော အသံများထွက်နေတက်ပါသည်။
အင်တာကူလာ (Intercooler) နှင့်ဆက်သွယ်ထားသော split pipe ချို့ယွင်းခြင်း ဖြစ်သောကြောင့် split pipe ကိုလဲလှယ်ရပါမည်။
မီးမကူးခြင်း
Common rail diesel engines အသုံးပြုသော Hilux ကားများတွင်အဖြစ်များပြီး မီးမကူးသည့်အတွက် စက်နှိုးရခက်ခဲသည့်ပြဿနာဖြစ်ပါသည်။
အင်ဂျက်တာ (fuel injectors) များတွင် ချို့ယွင်းချက်ရှိနိုင်သောကြောင့် အင်ဂျက်တာအားလုံးကို စစ်ဆေးပြီး ချို့ယွင်းသော တစ်ခုကို အသစ်လဲလှယ်ရမည်ဖြစ်ပါသည်။
ပါဝါကျဆင်းခြင်း
Hilux ကားအချို့တွင် Exhaust Gas Recirculation (EGR) ဗားပိတ်ဆို့ခြင်းကြောင့် ပါဝါကျဆင်းပြီး ကားအဆွဲအရုန်း မကောင်းခြင်းဖြစ်သောကြောင့် EGR ကို သန့်စင်လိုက်ပါက ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားပါမည်။
ဆီယိုစိမ့်ခြင်း
အဖြစ်များသော ပြဿနာနောက်ဆုံးအချက်မှာ Crank Seal မှ ဆီယိုစိမ့်သော ပြဿနာဖြစ်ပါသည်။
ကားရပ်ထားသည့် အောက်မြေပြင်တွင် ဆီယိုစိမ့်ခြင်းမျိုးရှိမရှိ အမြဲသတိထားသင့်ပြီး ဆီယိုစိမ့်သည်ဆိုပါက ကားရပ်ထားသော မြေနေရာတွင် အစက်အပေါက်များ မြင်တွေ့နိုင်ပါသည်။
ချို့ယွင်းသော Crank Seal ကို အသစ်လဲလှယ်ပေးသင့်ပါသည်။