ဟိုက်ဒြိုဂျင် လောင်စာဆဲလ် ဟိုင်းလပ် တိုယိုတာ စမ်းသပ်


ဟိုက်ဒြိုဂျင် လောင်စာဆဲလ် ဟိုင်းလပ် တိုယိုတာ စမ်းသပ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


တိုယိုတာက  ပထမဆုံး ဟိုက်ဒြိုဂျင် လောင်စာဆဲလ် ဟိုင်းလပ် တစ်စီးကို  အင်္ဂလန်နိုင်ငံ ဒါဘီရှိ ၎င်း၏ Burnaston ကားစက်ရုံတွင် ထုတ်လုပ်လိုက်သည်။

ယူကေ အစိုးရ ရန်ပုံငွေ ကျောထာက်နောက်ခံဖြင့် အကောင်အထည် ဖော်နေသည့် စီမံကိန်းဖြစ်ပြီး နမူနာ ရှေ့ပြေးပုံစံ တစီးကို ထုတ်လုပ်လိုက်ခြင်း ဖြစ်သည်။ ယခုနှစ် မကုန်ခင်မှာ စုစုပေါင်း ၁၀ စီး ထုတ်လုပ်မည်။

တိုယိုတာ၏  ဟိုက်ဒြိုဂျင် လောင်စာဆဲလ် ကားမော်ဒယ် Toyota Mirai မှ စက်ပစ္စည်း အစိတ်အပိုင်းများ သုံးစွဲထားသည်။
ဟိုက်ဒြိုဂျင် အပြည့်ဖြည့်ပြီးလျှင် ခရီးတာ ၃၆၅ မိုင်အထိ သွားနိုင်လိမ့်မည်ဟု တိုယိုတာက ခန့်မှန်းထားသည်။

 

တိုယိုတာသည် ဖြစ်နိုင်ချေ လေ့လာမှုကို  ၂၀၂၂ ခုနှစ် အစောပိုင်းတွင် စတင်ခဲ့သည်။
ဒီဇိုင်းထုတ်ခြင်းကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁ ရက်တွင် စတင်ခဲ့သည်။
ရှေ့ပြေးနမူနာ ဟိုင်းလပ်ကို ၂၀၂၃ ဇွန်လ ၅ ရက်တွင် စတင်တပ်ဆင်ခဲ့သည်။

ရှေ့ပြေးနမူနာ ဟိုင်းလပ် ၁၀ စီး ထုတ်လုပ်ပြီး  ဟိုင်းလပ်၏ အစဉ်အလာအရ အကြမ်းခံနိုင်ရည်၊ ဒူပေနာပေ ခံနိုင်ရည်တို့ကို စမ်းသပ်မည်။
ဘေးကင်းရေး၊ စွမ်းဆောင်ရည်၊ လုပ်ဆောင်နိုင်ခြင်း ရှိမရှိ၊ ကြာရှည်ခံနိုင်ရည် အစရှိသည်တို့ကိုလည်း စမ်းသပ်မည် ဖြစ်သည်။
Source: Toyota
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

 

Read 1579 times