ထိုင်းအတွက် တန်ဖိုးနည်း စွယ်စုံသုံး တိုယိုတာ ဟိုင်းလပ် မော်ဒယ်အသစ် Champ အမှာစာများ စတင်လက်ခံ


ထိုင်းအတွက် တန်ဖိုးနည်း စွယ်စုံသုံး တိုယိုတာ ဟိုင်းလပ် မော်ဒယ်အသစ် Champ အမှာစာများ စတင်လက်ခံ

TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U

တိုယိုတာက ဈေးအနိမ့်တန်း စွယ်စုံသုံး ပစ်ကပ်ထရပ် ဟိုင်းလပ် ၂၀၂၄ မော်ဒယ်ကို Champ အမည်ဖြင့် ထိုင်းနိုင်ငံအတွက် ရည်ရွယ် ထုတ်လုပ်ထားပါသည်။

စိတ်ကူးပုံဖော် နမူနာ ထုတ်လုပ်စဉ်က Toyota IMV 0 ကို အပြီးသတ်မှာ Champ အမည်ဖြင့် ထုတ်လုပ်လိုက်ပြီး တိုယိုတာက Hilux Champ ဟု ခေါ်ဝေါ်ပါသည်။ 

ဈေးသက်သာဖို့ ထည့်စဉ်းစားထားသဖြင့် အပိုဆာဒါးများ မပါ၊ အရိုးအစင်းဆုံးအဖြစ် ထုတ်လုပ်ထားသည်။  ဗာရှင်း မူကွဲများ ရွေးချယ်စရာ ရှိနေစေပြီး ကားကို လုပ်ငန်းသုံးအဖြစ် အသုံးပြုပုံအရ လိုသလို ပုံပြောင်းနိုင်အောင်လည်း စီမံပေးထားပါသည်။ 
စိတ်ကူးပုံဖော် နမူနာအဆင့် IMV 0 နှင့်  Hilux Champ တို့ အမြင်အားဖြင့် ချွတ်စွပ် တူပါသည်။ အပြောင်းအလဲ မတေ‌ွ့ရပါ။ 
ရှေ့မျက်နှာစာက Land Cruiser နှင့် ရုပ်ချင်း ဆင်ဆင်တူပါသည်။ 


Champ သည် ရိုးစင်းသည့် ဒီဇိုင်း ဖြစ်သဖြင့် ဪှေ့လေကာမှန်တွင် အခုံးအကွေး မပါ၊ ပြင်ညီ အပြားချပ်ကို သုံးထားသည်။ 

 


ရှေ့မီးကြီးကို ဟာလိုဂျင် halogen မီးကြီး သို့မဟုတ် LED နှစ်သက်ရာကို ရွေးနိုင်သည်။

 ကိုယ်ထည် နောက်ခြမ်းကို အိမ်တိုနှင့် အိမ်ရှည် ၂ မျိုး ထုတ်လုပ်သည်။ အတိုဆုံး မော်ဒယ်သည် အလျား 4,970 mm ( ၁၉၅.၇ လက်မ)  ရှိသည်။ အိမ်ရှည်မှာ အလျား 5,300 mm (၂၀၈.၇ လက်မ) ရှိသည်။
နောက်ခြမ်းတွင် ပုံပြောင်းဖို့ တပ်ဆင်ရန်အတွက် ဘို့နှင့်နပ် တပ်ဖို့ အပေါက်များ အဆင်သင့် ဖောက်ပေးထားသည်။ လိုအပ်သလို ပြောင်းလဲနိုင်ရန် စီစဉ်ပေးထားသည့် လုပ်ငန်းသုံး အပေါ့စား‌ေမာ်‌ေတာ်ယဉ် ဖြစ်သည်။

ပုံအမျိုးမျိုး ပြောင်းနိုင်ပုံ တိုယိုတာ ဗီဒီယို

 

 

Toyota Hilux Champ ထိုင်းအတွက် ဗားရှင်းအားလုံး single-cab ဒီဇိုင်းဖြင့်သာ ထုတ်လုပ်ထားသည်။ doublel-cap မပါပါ။ 
တံခါး ၂ ယောက် ၂ ယောက်စီး ဖြစ်ပြီး ခေါင်းခန်း အတွင်းပိုင်းသည်လည်း ရိုးစင်းသည်။ 
 

အမည်းရောင် ပလတ်စတစ်များတွင် လိမ္မော်ရောင် တောက်တောက် အနားကွပ်ကလေးများ ဟိုနားတခု ဒီနားတခု ထည့်ပေးပြီး အလှဆင်ထားသည်။
 
 အင်ဂျင်အရ ဗားရှင်း ၃ မျိုး ရွေးချယ်နိုင်သည်။
• 2.0-liter ဓာတ်ဆီ (1TR-FE)
• 2.7-liter ဓာတ်ဆီ (2TR-FE)
• 2.4-liter တာဘိုဒီဇယ် (2GD-FTV)

အင်ဂျင်ကို လက်ထိုးဂီယာ ၅ ချက် ဂီယာအုံနှင့် တွဲပေးထားသည်။ 
တာဘိုဒီဇယ် ဗားရှင်းသည် ကုန် ၁ တန် ( ၂,၂၀၅ ပေါင်) အထိ သယ်ယူပို့ဆောင်နိုင်သည်။ 
ဗားရှင်းအားလုံး နောက်ဘီးယက် များ ဖြစ်သည်။ ၄ ဘီးယက် မပါပါ။

Toyota Hilux Champ ဈေးနှုန်းမှာ ဘတ် ၄၅၉,၀၀၀-၅၇၇,၀၀၀($13,065-16,425) ဖြစ်ပါသည်။
ပုံမှန် ဟိုင်းလပ် ဈေးနှုန်းမှာ ဘတ် ၅၄၄,၀၀၀ ($16,120) မှ စတင်ပါသည်။ 
dual-cab ၄ ဘီးယက် ပစ္စည်းစုံ ဆိုပါက ဘတ် ၁,၂၅၆,၀၀၀ ($35,788) ကျော်အထိ ရှိပါသည်။
သို့ဖြစ်ရာ Champ က ဈေးသက်သာသည်။ 

လက်ရှိတွင် တိုယိုတာက အမှာစာများ စတင်လက်ခံနေသော်လည်း ကားအပ်နှံရန် ရက်ချိန်း မပေး‌သေးပါ။ 

 Hilux Champ ကို ထိုင်းမှာ ဒီဇိုင်းထုတ်ပါသည်။ ထုတ်လုပ်မှုကို တိုယိုတာ၏ ထိုင်းကားစက်ရုံ Samrong Plant တ‌ွင် ထုတ်လုပ်ပါသည်။ ၎င်းကားစက်ရုံသည် လုပ်ငန်းသုံး မော်တော်ယာဉ်များကိုသာ ထုတ်လုပ်သည့် စက်ရုံ ဖြစ်ပါသည်။

 

 

Source carscoops, toyota
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U

Read 2422 times