Toyota Highlander Hybrid တွင် ဖြစ်ပေါ်လေ့ရှိသော ပြဿနာ ကိုးချက်




Toyota Highlander Hybrid ကားအမျိုးအစားတွင် ၂၀၀၈ မိုဒယ်သည် ကွန်ပလိန်းအများဆုံးဖြစ်ည်ဟု carcomplaints.com မှ ပြောကြားပါသည်။

ဘရိတ်စနစ်နှင့်ပတ်သတ်သည့် ပြဿနာအဖြစ်များပြီး အေဘီအက်စ် မီးလင်းခြင်းများသည်ဟု သိရပါသည်။

၁။ အဲဘက်မီးလင်းခြင်း

၂၀၀၁ မိုဒယ်မှ ၂၀၀၉ မိုဒယ်အထိ Toyota Highlander ကားအမျိုးအစားကို မိုင်တစ်သိန်းကျော် မောင်းနှင်ပြီးသည့်အခါ အဲဘတ်မီးလင်းခြင်းမျိုး ဖြစ်တက်ပါသည်။ ထိုသို့ဖြစ်ခြင်းသည် အက်စ်အာရ်အက်စ်

အသက်ကယ်လေအိတ်စနစ်တွင် ပြဿနာရှိနေခြင်းကို ညွှန်ပြခြင်းဖြစ်ပါသည်။ အသက်ကယ်လေအိတ်ဆင်ဆာ (airbagsensor) တွင် ပြဿနာရှိခြင်းဖြစ်ပါသည်။

၂။ အင်ဂျင်ချက်မီးလင်းခြင်း

၂၀၀၁ မိုဒယ်မှ ၂၀၁၀ မိုဒယ်အထိ မိုင်တစ်သိန်းကျော်မောင်းနှင်ပြီးသည့်အခါ အဖြစ်များပါသည်။ လေစစ်အိမ် (air filter housing) နှင့် လေပိုက်တစ်လျှောက် ပိတ်ဆို့နေခြင်းဖြစ်ပါသည်။ လေပိုက် (hose) နှင့်

အဆက်အသွယ်မရှိဘဲ မောင်းနှင်သည့်အခါ အင်ဂျင်ချက်မီး (check engine light) လင်းပြီး အချက်ပြပါသည်။

၃။ အောက်ဆီဂျင်ဆင်ဆာချို့ယွင်းခြင်း

၂၀၀၁ မိုဒယ်မှ ၂၀၀၆ မိုဒယ်အထိ မိုင်တစ်သိန်းကျော်မောင်းနှင်သည့်အခါ အောက်ဆီဂျင်ဆင်ဆာ (oxygen sensor) ချို့ယွင်းမှုအဖြစ်များပါသည်။ အောက်ဆီဂျင်ဆင်ဆာ အလုပ်မလုပ်ရင်လည်း

အင်ဂျင်ချက်မီးလင်းပါသည်။

၄။ အစ်ဂ်နစ်ရှင်းကွိုင်ချို့ယွင်းခြင်း

၂၀၀၁ မိုဒယ်မှ ၂၀၀၉ မိုဒယ်အထိ မိုင်တစ်သိန်းကျော်မောင်းနှင်ပြီးသည့်အခါ ignition coil ချို့ယွင်းသည့်အတွက် အင်ဂျင်အတွင်းခန်းတွင် ပေါက်ကွဲမှုမဖြစ်ဘဲ အင်ဂျင်ချက်မီးလင်းလာခြင်းများ အဖြစ်များပါသည်။

၅။ အင်ဂျင်ဝိုင်ယိုစိမ့်ခြင်း

၂၀၀၇ မိုဒယ်မှ ၂၀၁၃ မိုဒယ်အထိ မိုင်တစ်သိန်းခွဲကျော် မောင်းနှင်ပြီးသည့်အခါ အင်ဂျင်ဝိုင် အလွန်အကျွံယိုစိမ့်ခြင်းမျိုး အဖြစ်များပြီး အင်ဂျင်အတွင်းတွင် အင်ဂျင်ဝိုင်၏ ဖိအားကျဆင်းလာခြင်းဖြစ်ပါသည်။ ထိုသို့ဖြစ်ခြင်းသည်

အင်ဂျင်စွမ်းဆောင်ရည်ကို ကျဆင်းစေသည့်အတွက် ယိုစိမ့်သည့်လမ်းကြောင်းကို ရှာဖွေပြီး အသစ်လဲလှယ်ခြင်း၊ အင်ဂျင်သန့်စင်ခြင်းများ ပြုလုပ်ပေးရပါမည်။

၆။ ဆီစားများလာခြင်း

၂၀၀၁ မိုဒယ်မှ ၂၀၀၇ မိုဒယ်အထိ မိုင် ၇၀၀၀၀ ကျော် မောင်းနှင်ပြီးသည့်အခါ ဆီစားမာျးလာပါသည်။ ပြဿနာမှာ အင်ဂျင်ဝိုင်ကို သတ်မှတ်ထားသည့်အချိန်ကာလအတွင်း လဲလှယ်ခြင်းမျိုး မရှိသည့်အတွက်

အင်ဂျင်ဝိုင်အရည်အသွေးကျဆင်းပြီး ချွဲပျစ်ပျစ် ရွှံ့နွံများကဲ့သို့ ဖြစ်လာပါမည်။ ထိုအခါ အင်ဂျင်လည်ပတ်ခြင်းကို ချောမွေ့စေခြင်းမျိုးမရှိသည့်အတွက် အင်ဂျင်၏ ဆီစားနှုန်းက များလာပါသည်။

၇။ Purge control valve ချို့ယွင်းခြင်း

၂၀၀၁ မိုဒယ်မှ ၂၀၀၃ မိုဒယ်ကို မိုင်တစ်သိန်းခွဲနီးပါး မောင်းနှင်ပြီးသည့်အခါ ကား၏ evaporative emission system တွင် ပါဝင်သော purge control valve ချို့ယွင်းခြင်းမှာ အဖြစ်မာျးပါသည်။

ထိုအခါ အင်ဂျင်ချက်မီးလင်းလာပြီး အချက်ပြသဖြင့် ချို့ယွင်းသည့်ဗားကို အသစ်လဲလှယ်ရပါမည်။

၈။ Air Control Valve ပြဿနာ

၂၀၀၁ မိုဒယ်မှ ၂၀၀၃ မိုဒယ်ကို မိုင်တစ်သိန်းခွဲမောင်းနှင်ပြီးသည့်အခါ အင်ဂျင်ကို အလွတ်လည်ပတ်လျှင်တောင် လည်ပတ်နှုန်းကျဆင်းခြင်း၊ စက်ရပ်သွားခြင်းများ အဖြစ်များပါသည်။

ထိုသို့ဖြစ်ခြင်းသည် Air Control Valve အတွင်းတွင် ပစ္စည်းအစိတ်အပိုင်းအချို့၏ အကျိုးအပဲ့ အပျက်အစီး၊ အစအနများ ရောက်ရှိနေခြင်းဖြစ်ပါသည်။ ဗားအတွင်းတွင် သန့်ရှင်ပေးရန် လိုအပ်နေခြင်းဖြစ်ပါသည်။

ဗားကို စစ်ဆေးပြီး လိုအပ်လျှင် အသစ်လဲလှယ်ရပါမည်။

၉။ အိတ်ဇောက မီးခိုးများ ထွက်လာခြင်း

Head gasket တွင် ပြဿနာရှိနေလျှင် အင်ဂျင်အပူရှိန်လွန်ကဲခြင်း၊ အိတ်ဇောမှ မီးခိုးအဖြူများ ထွက်ခြင်း၊ အင်ဂျင်လည်ပတ်မှုကြမ်းတမ်းလာခြင်း၊ စက်သေသွားခြင်းများဖြစ်နိုင်ပြီး အင်ဂျင်ချက်မီးလင်းလာပါသည်။

ကွန်ပျူတာထိုးစစ်သည့်အခါ OBD Trouble Codes P218, P0300 တို့ကို ပြသပါသည်။

Read 547 times