Toyota Hiace ကားများကို ၁၉၆၇ ခုနှစ်တွင် ပထမမျိုးဆက်အနေဖြင့် စတင်ထုတ်လုပ်ခဲ့ပြီး နည်းပညာအဆင့်ဆင့် ပြောင်းလဲမှုများနှင့် ထုတ်လုပ်ခဲ့ရာ ယနေ့ချိန်တွင် ပဉ္စမမျိုးဆက်အထိ ရောက်ရှိခဲ့ပြီးဖြစ်သည်။
Hiace မှာ Grand Cabin၊ GL၊ DX ဟူ၍ ဂရိတ်သုံးမျိုးထုတ်လုပ်ထားပြီး မြန်မာနိုင်ငံမှ Brand New Showroom များတွင် ကိုယ်ထည်အလိုက် Commuter Standard Body၊ Commuter Wide Body၊ Commuter Wide Body(GL)၊ Van Standard Body ဆိုပြီး လေးမျိုးခွဲခြားသတ်မှတ်ထားပါသည်။
Wheelbase(ရှေ့ဘီးဝင်ရိုးနှင့် နောက်ဘီးဝင်ရိုးကြားအကွာအဝေး) တွင်လည်း Long နှင့် Super Long နှစ်မျိုးခွဲခြားထားပြီး Roof Type မှာလည်းခေါင်နိမ့်၊ ခေါင်မြင့် ခွဲခြားထားပါသည်။
ကိုယ်ထည်အချိုးအစားအရ Standard နှင့် Long Body မှာ ၅ ဒဿမ ၂ မီတာရှည်လျားပြီး Wide နှင့် Super Long Body မှာ ၆ ဒဿမ ၂ မီတာရှည်လျားပါသည်။
Hiace ၏ ကားအချိုးအကွေ့အချင်းဝက်ပမာဏ(Turning Radius) ကိုအနည်းဆုံးပြုလုပ်ပေးထားသောကြောင့် ကားအချိုးအကွေ့ခက်ခဲသောနေရာများတွင် အကောင်းဆုံးချိုးကွေ့နိုင်မည်ဖြစ်သည်။
Suspension ပိုင်းတွင် ရှေ့ပိုင်းညှပ်ရိုးနှစ်ခုပုံစံ Torsion Bar စပရင် ဆိုင်းထိန်းစနစ်၊ နောက်ပိုင်းတွင် လေးဆိုင်းထိန်းစနစ်များတပ်ဆင်ထားကြောင့် ယာဉ်ကိုတုန်ခါမှုမရှိစေဘဲ စီးနင်းရာတွင် သက်သောင့်သက်သာဖြစ်စေပြီး ကုန်ပစ္စည်းပမာဏလည်း များများသယ်ဆောင်နိုင်ပါသည်။
အတွင်းခန်း ထိုင်ခုံတွင် Fabric ထိုင်ခုံတွေ အသုံးပြုထားပြီး ၁၂ ယောက်စီး၊ ၁၆ ယောက်စီး ခွဲခြားသတ်မှတ်ထားပါသည်။
Tilt Steering Wheel ကိုအသုံးပြုထားတာကြောင့် စတီယာရင်ကို ယာဉ်မောင်းသူနှင့် အရပ်အမြင့်၊ ခန္ဓာကိုယ်အလိုက် လိုအပ်သလို ချိန်ညှိနိုင်ပါသည်။
ပစ္စည်းထားသိုးသိမ်းဆည်းဖို့ Storage Space များလုံလုံလောက်လောက်ထည့်သွင်းပြီး ယာဉ်နောက်ခန်းအတွက် အအေးပေးစနစ်ကို ထိုင်ခုံ တစ်တန်းချင်းစီအလိုက် ခေါင်မိုးမျက်နှာကြက်မှာ Air Vent များတပ်ဆင်ပေးထားပါသည်။
အင်ဂျင်ပါဝါကို 3.0L ဒီဇယ်အင်ဂျင်နှင့် 2.7L ဓာတ်ဆီအင်ဂျင်နှစ်မျိုးရရှိနိုင်ပြီး ဂီယာကိုလည်း 5-Speed Manual နှင့် 4-Speed Automatic ဆိုပြီး နှစ်မျိုးရရှိနိုင်ပါသည်။
ရှေ့ခန်းတွင် SRS အသက်ကယ်လေအိတ်၊ ထိုင်ခုံတိုင်းမှာ အသက်ကယ်ခါးပတ်များထားရှိမည်ဖြစ်သည်။
ထို့ပြင် အရေးပေါ် အခြေအနေတွင် စီးနင်းသူများ အန္တရာယ်ကင်းစေဖို့ ABS လို့အရေးပေါ်ဘရိတ်စနစ်ကိုလည်း တပ်ဆင်ပေးထားပါသည်။
Toyota Hiace ကိုမြန်မာနိုင်ငံ၏ Authorized Dealer ဖြစ်သည့် TTAS၊ Toyota Mingalar နှင့် Toyota GWLion အရောင်းပြခန်းများတွင် ဝယ်ယူရရှိနိုင်ပါသည်။
ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၃၇,၃၀၀ မှ လေးသောင်းခွဲအထိသတ်မှတ်ထားပြီး မိမိတပ်ဆင်အသုံးပြုလိုသော Optional ပစ္စည်းများအလိုက် ဈေးနှုန်းကွာခြားသွားမည်ဖြစ်သည်။
ဝန်ဆောင်မှုအနေဖြင့် သုံးနှစ် (သို့မဟုတ်) ကီလိုတစ်သိန်း အာမခံပေးထားသည်ကိုတွေ့ရပါသည်။
Source:automobile directory