Toyota Harrier ကို ၁၉၉၇ ခုနှစ်တွင်စတင်ထုတ်လုပ်ခဲ့ပြီး မျိုးဆက်ငါးဆက်ပုံပြောင်းငါးမျိုးဖြင့် အခုချိန်ထိ ထုတ်လုပ်နေဆဲဖြစ်ပါသည်။
Toyota Harrier 2005 မော်ဒယ်မှာ တတိယမျိုးဆက်၊ တတိယပုံပြောင်းဖြစ်ပါသည်။
တိုယိုတာ Harrier မှာ Crossover SUV ကိုယ်ထည်အမျိုးအစားဖြစ်ပြီး အင်ဂျင်အရွယ်အစားမှာ ၂၄၀၀ စီစီ၊ ၃၀၀၀ စီစီ၊ ၃၅၀၀ စီစီ၊ သုံးမျိုးကို ပထမမျိုးဆက်နှင့် တတိယမျိုးဆက်များအထိ ထုတ်လုပ်ခဲ့ပြီး ၂၀၀၆ တတိယမျိုးဆက်ထုတ်လုပ်သက်တမ်း အလယ်လောက်တွင် ၂၄၀၀ စီစီ နှင့် ၂၀၀၀ စီစီတို့ကို ဖြည့်စွက် ထုတ်လုပ်ထားပါသည်။
2014 Toyota Harrier ကို Luxus RX SUV ဒီဇိုင်းကို အခြေခံပြီးထုတ်လုပ်ထားသော မော်ဒယ်အဖြစ် တွေ့ရမည်ဖြစ်ပါသည်။
အင်ဂျင်မှာ ဓာတ်ဆီအင်ဂျင်အပြင် ဟိုက်ဘရစ်အင်ဂျင်အဖြစ်ပါတိုးမြှင့်ထုတ်လုပ်လာသည်ကိုတွေ့ရပြီး လူကြိုက် များသောကားတစ်စီးအဖြစ်တွေ့ရပါသည်။
ဟိုက်ဘရစ်အင်ဂျင်နှင့် တိုယိုတာ Harrier 2014 ကိုလူကြိုက်များသည်ကိုတွေ့ရပြီး ထိုနှစ်တွင်သာ ပြုလုပ်ခဲ့သော Tokyo Motors Show တွင်စတင်မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ပါသည်။
ဒီဇိုင်းပိုင်းကို အတွင်းရောအပြင်ပါ အရင်ကထုတ်လုပ်ခဲ့သော Harrier များနှင့် ကွဲလွဲသည့် ဒီဇိုင်းအဖြစ် ထုတ်လုပ်ခြင်းသည်လည်း ဆွဲဆောင်မှုကောင်းတစ်ခုဖြစ်လာစေပါသည်။
ကိုယ်ထည်ဒီဇိုင်းပိုင်းမှာ Luxus RX ဒီဇိုင်းနှင့် ပိုတူပြီး ဆန်းသစ်သည့် မီးခွက်ဒီဇိုင်း၊ Aerodynamics ကိုယ်အချိုး၊ အဆင့်မြင့်ပတ်လည်လေကာမှန်တပ်ဆင်ပေးထားမှုမှာ Harrier 2014 အတွက်လှပသောကိုယ်ထည် တစ်ခု အဖြစ်တွေ့နိုင်မည်ဖြစ်ပါသည်။
အတွင်းခန်းမှာ ဇိမ်ခံကားတစ်စီးထက်ပိုသောအတွင်းခန်းအပြင်အဆင်များမှာ Harrier အတွက် ဆွဲဆောင်မှု တစ်ခုဖြစ်ပါသည်။
အတွင်းခန်း Dashboard များ၊ ထိုင်ခုံများ၊ လက်ကိုင်များကိုပါ Leather များအပြည့် တပ်ဆင်ပေးထားသည်ကို တွေ့ရသည်။
ဟိုက်ဘရစ်ကားအတွက် ရုန်းကန်အားကောင်းစေရန် လျှပ်စစ်မော်တာသုံးလုံးတပ်ဆင်ပေးပြီး အင်ဂျင်ကို 3.5LV6 အင်ဂျင်ကိုတပ်ဆင်ထုတ်လုပ်ထားသည်ကိုတွေ့ရပါသည်။
အင်ဂျင်နှင့် ဟိုက်ဘရစ်ပိုင်းတပ်ဆင်မှုမှာ SUV ကားများထဲမှာ အရုန်းအဆွဲကောင်းသော ကားတစ်စီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် Hybrid Synergy Drive System အသုံးပြုထားသောကြောင့် ဟိုက်ဘရစ်နှင့် အသုံးပြုချိန်မှာရော လောင်စာဆီအင်ဂျင်နှင့် မောင်းနှင်နေချိန်မှာပါ စွမ်းအင်အသုံးပြုမှုကို ချွေတာနိုင်မည်ဖြစ်ပါသည်။
အင်ဂျင်အရွယ်အစားကြီးသော ၃၅၀၀ စီစီကို ၂၀၁၁ တွင် ထုတ်လုပ်မှုရပ်နားခဲ့ပြီး အခု ၂၀၁၃ မော်ဒယ်တွင် ပြန်လည်ထုတ်လုပ်လာခြင်းဖြစ်ပါသည်။
၃၀၀၀ စီစီကို ၂၀၀၄ တွင် ထုတ်လုပ်မှုရပ်နားထားခဲ့ကြောင်းသိရသည်။
ပြည်တွင်းဈေးကွက်တွင် Toyota Harrier 2004/2005 မော်ဒယ်တွင်အတွေ့ရများပြီး ကျပ် ၂၄၅ သိန်းဝန်းကျင်ပေါက်ဈေးမှ ကျပ်သိန်း ၂၉၀ ခန့်အထိပေါက်ဈေးရှိပါသည်။
၂၀၁၁ မော်ဒယ်မှာ ကျပ်သိန်း ၅၀၀ ကျော်လောက်ကျသင့်နိုင်ပြီး ၂၀၁၄ မော်ဒယ်မှာ ကျပ်သိန်း ၈၀၀ လောက်ကျသင့်မည် ဖြစ်ကြောင်းသိရသည်။
Source:7 Days