Toyota Fortuner


၂၀၀၅ခုနှစ်က စတင်ထုတ်လုပ်ခဲ့သော Fortuner သည် ထုတ်လုပ်သက်တမ်း ၁၁နှစ်ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံသို့တင်သွင်းသော ၂၀၁၆မိုဒယ်ကို အင်ဒိုနီးရှားနိုင်ငံမှ ထုတ်လုပ်တပ်ဆင်ထားခြင်းဖြစ်ပါသည်။

အကြမ်းခံပြီး ကြံ့ခိုင်ဖျတ်လတ်အသွင်ဆောင်သော Fortunerသည် ကမ္ဘာတစ်ဝှမ်းတွင်ရှိသော ကားအသုံးပြုသူများနှစ်ခြိုက်လက်ခံသော ကားမိုဒယ်တစ်ခုအဖြစ် ရပ်တည်လျက်ရှိပါသည်။

Fortuner ရဲ့အပြင်ပိုင်းဒီဇိုင်းကို Toyota က အသစ်တီထွင်ဖန်တီးထားသော Solid Fluidity ဒီဇိုင်းဖြင့် ထုတ်လုပ်ထားပြီး နှစ်လိုဖွယ်စိတ်ခံစားမှုပေးစွမ်းနိုင်အောင် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။

ရှေ့မျက်နှာစာ တစ်ဖက်တစ်ချက်တွင် လင်းအားကောင်းမွန်ပြီး ဒီဇိုင်းလှပသော Bi-Beam LED ရှေ့မီးကြီးများနှင့်အတူ Daytime Running Light များနှင့် နေခင်းဘက်တွင်လည်း ကားကိုမြင်သာအောင် ပြုလုပ်ပေးထားကြောင်း သိရပါသည်။

ကားနောက်ပိုင်း ကြည့်မည်ဆိုလျှင် LED အချက်ပြမီးများနှင့် လှပနေပြီး အနောက်တံခါကို ပါ၀ါနှင့်ဖွင့်/ပိတ် ပြုလုပ်နိုင်အောင် စီမံထားပေးပါသည်။

ကားဘီးများတွင် ၁၈လက်မအရွယ် အလူမီနီယံအလွိုင်ခွေ တပ်ဆင်ထာပြီး ကားတည်ငြိမ်မှုနှင့် ထိန်းချုပ်မှုတို့အတွက် အဆင့်မြှင့်ထားသော Suspension စနစ်သည် ၄၅ဒီဂရီအထိ တိမ်းစောင်းမောင်းနှင်နိုင် အောင်ပြုလုပ်ပေးထားခြင်းဖြစ်ပါသည်။

အတွင်းခန်းကိုကြည့်မည်ဆိုလျှင် လှပကောင်းမွန်သော ဒတ်ရှ်ဘုတ်ဒီဇိုင်း၊ လူခုနှစ်ယောက်အတွက် ကျယ်ဝန်းသောနေရာထိုင်ခင်း၊ အလယ်လက်တင်တန်းနှင့် Cup Holder များကို သူ့နေရာနှင်သူ သပ်သပ်ရပ်ရပ် စီမံပေးထားပါသည်။

အတွင်းခန်းထိုင်ခုံများ၏ အရောင်များအနေနှင့် Brown Leather နှင့် Chamois Leather နှစ်မျိုးရွေးချယ်ရရှိနိုင်မှာဖြစ်ပြီး ရှေ့ထိုင်ခုံများကို ပုံစံရှစ်မျိုးအထိ ပါ၀ါဖြင့် ပြောင်းလဲအသုံးပြုနိုင်မှာ ဖြစ်ပါသည်။

အတွင်းခန်းတွင် အဆင့်မြင့်နည်းပညာများအနေဖြင့် အသံလုံတိတ်ဆိတ်မှုစနစ်၊ ဖျော်ဖြေရေးနှင့် သတင်းအချက်အလက်များအတွက် Touch Screen Display ၊ Keyless Entry စနစ်၊ Auto Round Aircon စနစ်များ တပ်ဆင်ပေးထားပါသည်။

လေးဘီးယက်မောင်းနှင်မှုစနစ်သုံး Fortuner တွင် အမြင့်မားဆုံးစွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်မည့် 3.0 Liter Turbo ဒီဇယ်အင်ဂျင်ကို တပ်ဆင်အသုံးပြုထားပါသည်။

အမြင့်ဆုံးထွက်ရှိမည့် စွမ်းအား  3400Rpm မှာ မြင်းကောင်ရေ ၁၆၃ ကောင်အားကို ထုတ်လုပ်ပေးနိုင်ပါသည်။

Transmission အနေဖြင့် 5-Speed Automatic ဂီယာ အသုံးပြုထားပါသည်။

Fortuner မှာ လုံခြုံရေးစနစ်များအနေဖြင့် ဘီးတွေပေါ်ရှိ သက်ရောက်အားများကို ထိန်းငြိပေးနိုင်သော EDB စနစ်၊ ဘရိတ်အမိမကြမ်းဘဲ စတီယာရင် လော့ခ်မဖြစ်ရန် ကာကွယ်ပေးနိုင်သော ABSစနစ်၊ ယာဉ်တည်ငြိမ်မှု ထိန်းချုပ်မှုစနစ် (VSC)၊ ဆွဲအားထိန်းချုပ်မှုစနစ် (A-TRC)၊ လွှဲယမ်းခြင်း ထိန်းချုပ်မှုစနစ်(TSC) ၊ ကုန်းတက်/ ကုန်းဆင်း အထောက်အကူပြု ထိန်းချုပ်စနစ် (HAC) စသော အဆင့်မြင့်လုံခြံုရေး စနစ်များအပြင် SRS  လေအိတ်ခုနှစ်ခုလုံးကို ထည့်သွင်းတပ်ဆင်ပေးထားပါသည်။   

ထိုသို့အကြမ်းခံပြီး မိသားစုသုံး ဇိမ်ခံ SUVကားအမျိုးအစား Toyota Fortuner ကိုရန်ကုန်တွင်ရှိသော Toyota Aye နှင့် Toyota Mingalar ၊ မန္တလေးတွင်ရှိသော Toyota GW Lion အရောင်းပြခန်းများတွင် ၀ယ်ယူရရှိနိုင်ပါသည်။

စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၆၃၁၀၀ဖြစ်ပြီး သုံးနှစ် သို့မဟုတ် ကီလိုတစ်သိန်းအာမခံနှင့် ရောင်းချပေးလျက်ရှိပါသည်။

 

Read 5829 times