တိုယိုတာ အီးဗီအရောင်းလျာထားချက် သုံးပုံတစ်ပုံကျော် လျှော့ချ


တိုယိုတာ အီးဗီအရောင်းလျာထားချက် သုံးပုံတစ်ပုံကျော် လျှော့ချ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ယခုဘဏ္ဍာရေးနှစ်အတွက် လျှပ်စစ်ကားရောင်းအားရ မျှော်မှန်းချက်ကို Toyota Motor Corp.  က သိသိသာသာ ၃၉ ရာခိုင်နှုန်း လျှော့ချသည်။ ယခင်က အီးဗီအစီးရေ ၂၀၂,၀၀၀ ရောင်းချရန် လျာထားခဲ့သည်ကို ယခုအခါ အစီးရေ ၁၂၃,၀၀၀ ဟု လျှော့ချလိုက်ပါသည်။


တိုယိုတာသည် ကမ္ဘာပေါ်တွင်  ကားစီး‌ေရ အများဆုံး ထုတ်လုပ်သူ သုံးဦးထဲမှာ ပါဝင်သည်။ သို့သော် အီးဗီ မော်ဒယ်များကို စတိသဘောမျှသာ ထုတ်လုပ်ထားသည်။ အင်ဂျင်ကားမော်ဒယ်များ၊ ဟိုက်ဘရစ်ကားမော်ဒယ်များအပေါ် အားပြုထားသည်။ ၂၀၂၄ ခုနှစ် မတ်လကုန်တွင် ပြီးဆုံးမည့် ယခုဘဏ္ဍာရေးနှစ်အတွက် အမြတ်ကို အင်ဂျင်ကားများနှင့် ဟိုက်ဘရစ်ကားများထံမှ ရရှိမည် ဖြစ်သည်။
အမြတ်ပမာဏ ယန်း ၃ ထရီလီယံ ( ကန်ဒေါ်လာ ၂၀.၁ ဘီလီယံ) စံချိန်တင် ရရှိမည်ဟု ခန့်မှန်းထားခဲ့ပါသည်။
မကြာသေးခင်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ယန်း ၄.၅ ထရီလီယံ( ကန်ဒေါ်လာ ၃၀.၁၅ ဘီလီယံ) ရရှိမည်ဟု တိုးမြှင့်ခန့်မှန်းပါသည်။

တိုယိုတာသည် ကမ္ဘာတလွှားတွင် သမားရိူကျ ဟိုက်ဘရစ်ကား အစီးရေ ၃.၆ သန်း ရောင်းချရန် မျှော်မှန်းထားပါသည်။ ယခင်က ၃.၅ သန်းဟု လျာထားခဲ့သည်ကို တိုးမြှင်လိုက်ခြင်း ဖြစ်ပါသည်။

အီးဗီ၊ အီးဗီ ဟိုက်ဘရစ်၊ ပလပ်ထိုးအားသွင်း ဟိုက်ဘရစ်၊ ဟိုက်ဒြိုဂျင် လောင်စာဆဲ ကားအမျိုးအစားများ အားလုံးအတွက် ရောင်းအားကို အစီးရေ ၃.၉ သန်း လျာထားပါသည်။ ရာခိုင်နှုန်းအားဖြင့် ကားအမျိုးအမည်အားလုံး စုစုပေါင်း ရောင်းအား၏ ၃၇% ဖြစ်ပါသည်။

ယခူဘဏ္ဍာနှစ်တွင် Toyota နှင့် Lexus ၂မျိုးပေါင်း အစီးရေ ၁၀.၁ သန်း ထုတ်လုပ်ရန် ရည်မှန်းထားသည်ကို ၁၁.၃၈ သန်းဟု တိုးမြှင့်ပါသည်။

လက်ရှိတွင် တိုယိုတာသည် Toyota bZ4X နှင့် Lexus RZ အပါအဝင် ဘက်ထရီစွမ်းအင်သုံး ကားမော်ဒယ် အနည်းငယ်မျှသာရှိသည်။
၂၀၂၆ ခုနှစ်တွင် အီးဗီမော်ဒယ်အသစ် ၁၀ မျိုး ထုတ်လုပ်မည်။ အခဲဘက်ထရီ solid-state battery သုံးထားမည် ဖြစ်ပြီး ခရီးတာ ၆၂၁ မိုင်ကျော်အထိ ရမည်။

Toyota Motor Corp. ၏ ဘဏ္ဍာရေးအရာရှိချုပ် Yoichi Miyazaki က ထုတ်လုပ်ရန် စီစဉ်ထားသည့် အီးဗီများအတွက် ခိုင်မာသော ဘဏ္ဍာရေး အခြေခံရအောင် လက်ရှိ ဟိုက်ဘရစ်ကားများထံမှ ရရှိနေသည့် အမြတ်ငွေများကို ရင်းနှီးမြှုပ်နှံကြောင်း ပြောကြားသည်။
"နောက်ထပ် အဓိကအချက်က ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက်များဟာ အချိန်အခါ ကိုက်ညီဖို့ ဂရုစိုက်ရပါတယ်။ ဘက်ထရီသုံး အီးဗီများနှင့် အီးဗီဘက်ထရီများမှာ ရင်းနှီးမြှုပ်နှံဖို့ ကျွန်တော်တို့ ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန့် အကဲဖြတ်တဲ့အခါ နိုင်ငံအသီးသီးရဲ့ စွမ်းအင်အခြေအနေ၊ အခြေခံအဆောက်အအုံ၊ ပြီးတော့ နည်းပညာ တိုးတက်ဖြစ်ပေါ်မှု၊ ကားဝယ်စီးသူတွေရဲ့ အမှန်တကယ် ဝယ်လိုအား အပြောင်းအလဲများ စတာတွေကို ထည့်သွင်းစဉ်းစား ရပါတယ်" ဟု ၎င်းက ပြောကြားသည်။
Source: Toyota Motor Corp.
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 971 times