တိုယိုတာ လျှပ်စစ်ကားများ ဆတိုး ထုတ်လုပ်ရန် စီစဉ်


တိုယိုတာ လျှပ်စစ်ကားများ ဆတိုး ထုတ်လုပ်ရန် စီစဉ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

တိုယိုတာသည် ၂၀၂၂ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းတွင် အီးဗီ အစီးရေ ၂၄,၀၀၀ သာ ရောင်းချခဲ့သည်။

ယခုအခါ Toyota Motor သည်  ၂၀၂၄ အစီအစဉ်အရ  ၂၀၂၅ ခုနှစ်တွင် လျှပ်စစ်ကားများ ဆတိုး ထုတ်လုပ်ရန် စီစဉ်လျက်ရှိသည်။

 Toyota နှင့် Lexus အမှတ်တံဆိပ်များဖြင့် အီးဗီ များ ထုတ်လုပ်ရာ၌ ၂၀၂၅ ခုနှစ်တွင် အစီးရေ ၆ သိန်းအထိ မြှင့်တင်မည့် အစီအစဉ်ကို ၎င်းထံ အဓိကကျသည့် မော်တော်ယာဉ် အစိတ်အပိုင်း ပေးသွင်းသူများကို တိုယိုတာက အကြောင်းကြား အသိပေးထားသည်။
၂၀၂၄ ခုနှစ်တွင် အီးဗီ အစီးရေ ၁၉၀,၀၀၀ ထုတ်လုပ်ရန် လျာထားသည်။

တိုယိုတာ၏ ၂၀၂၃ ခုနှစ်တွင် မော်တော်ယာဉ်အမျိုးအမည် အားလုံးအတွက် ထုတ်လုပ်မှု ရည်မှန်းချက်သည် အစီးရေ ၁၀ သန်းကျော်ဖြစ်သည်။ ယင်းတွင် အီးဗီ အစီးရေ ၁ သိန်းခွဲခန့် ပါဝင်သည်။ 
၂၀၂၅ ခုနှစ်တွင် မော်တော်ယာဉ်အမျိုးအမည် အားလုံးအတွက် ထုတ်လုပ်မှု ရည်မှန်းချက်မှာ အီးဗီများ အပါအဝင် အစီးရေ ၁၁ သန်း ဖြစ်ပါသည်။  

Toyota သည် ထိုင်းနိုင်ငံတွင် အီးဗီ Hilux မော်ဒယ်အသစ်ကို ယခုနှစ်တွင်  ထုတ်လုပ်ထားပြီး တရုတ်တွင် အီးဗီ SUV များ ထုတ်လုပ်သည်။ အမေရိကန်တွင် ၂၀၂၄ ခုနှစ်မှာ  အီးဗီ SUV များ စတင်ထုတ်လုပ်မည်။
၂၀၂၅ ခုနှစ်တွင် ဂျပန်နိုင်ငံအတွက် လျှပ်စစ် Lexus ES မော်ဒယ် တစ်ခု ထုတ်လုပ်မည်။

လုပ်ငန်းသုံး လျှပ်စစ်ဗင် ကားငယ်မော်ဒယ်များ ထုတ်လုပ်ရန် တိုယိုတာ လက်အောက်ခံ လုပ်ငန်း Daihatsu Motor နှင့် ပူးပေါင်းလုပ်ကိုင်နေသည့်အပြင် Suzuki Motor နှင့်လည်း ပူးပေါင်းလုပ်ကိုင်လျက်ရှိသည်။
 
တိုယိုတာသည် အီးဗီများ တိုးမြှင့်ထုတ်လုပ်ရန် အိုင်ချီစီရင်စုမှ တိုယိုတာ ပင်မစက်ရုံနှင့် ဖူကူအိုကာစီရင်စုမှ ကျူရှူကျွန်းပေါ်ရှိ Lexus ပင်မစက်ရုံ တို့ကို အသုံးပြုမည်။
အိုင်ချီစီရင်စုမှ အခြားစက်ရုံ ၂ ရုံတွင် ဘက်ထရီထုပ် ထုတ်လုပ်ရေးလိုင်းများ ထားရှိမည်။ တိုယိုတာ၏ လက်အောက်ခံလုပ်ငန်း Prime Planet Energy & Solutions က ဘက်ထရီထုပ်များ တိုးမြှင့် ထုတ်လုပ်မည်။

တိုယိုတာသည် အီးဗီများအတွက် ဘက်ထရီထုပ်များကို ကိုယ်တိုင် ထုတ်လုပ်သည့်အပြင် တရုတ် ဘက်ထရီထုပ်များကိုလည်း သုံးစွဲမည်။ တရုတ်ပြည်မှ ဘက်ထရီထုပ် ကမ္ဘာ့ဦးဆောင်လုပ်ငန်း  Contemporary Amperex Technology (CATL) နှင့် တရုတ်ဘက်ထရီထုပ် ထိပ်တန်းလုပ်ငန်း BYD တို့၏ ဘက်ထရီထုပ်များကို သုံးစွဲမည်။ ထို့အပြင် တောင်ကိုရီးယားမှ LG Energy Solution ထံမှ ဘက်ထရီထုပ်များကိုလည်း သုံးစွဲမည်။
 
တိုယိုတာသည် မျိုးဆက်သစ် အီးဗီ ပလက်ဖောင်းကို ၂၀၂၆ ခုနှစ်တွင် ရောင်းချမည့် Lexus မော်ဒယ်များတွင် သုံးစွဲမည်။
ငွေကုန်၊ အချိန်ကုန်၊ လူအင်အား တို့ သက်သာစေသော နည်းလမ်းဖြစ်သည့် မဟာဖိပုံသွင်း gigacasting စက်ဖြင့် ကားကို အပိုင်း နှစ်ပိုင်း ထုတ်လုပ်သည့် နည်းလမ်းကို သုံးစွဲမည်။

၂၀၃၀ ပြည့်နှစ်တွင် အစီးရေ ၃.၅ သန်း ရောင်းချရန် တိုယိုတာ ရည်မှန်းထားပြီး ယင်းတိာ့အနက် ၁.၇ သန်းကို ပလက်ဖောင်းအသစ်ဖြင့် ထုတ်လုပ်မည်။

တိုယိုတာသည် စွမ်းအင်အမျိုးမျိုး သုံးစွဲသည့် လမ်းစဉ်ကို ဆက်လက်မောင်းနှင်နေသည်။ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဟိုက်ဒြိုဂျင်၊ ဘက်ထရီ၊ ဟိုက်ဘရစ် တို့ဖြင့် ဆက်လက်မောင်းနှင်သွားမည် ဖြစ်သည်။
Source Asia Nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 852 times