တိုယိုတာ အီး‌ဗီ လက်ထိုးဂီယာ ထည့်ပေးမည်ဖြစ်ပြီး ဂီယာဖြင့် အရှိန်သတ်ပေးနိုင်မည်


တိုယိုတာ အီး‌ဗီ လက်ထိုးဂီယာ ထည့်ပေးမည်ဖြစ်ပြီး ဂီယာဖြင့် အရှိန်သတ်ပေးနိုင်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


လျှပ်စစ်ကားများသည် ၎င်းတို့၏ ရိုးရှင်းမှုအတွက် ချီးကျူးခံရသည်။ အင်ဂျင်ဝိုင်၊ ဂီယာဝိုင်၊ ဂီယာဘောက်စ် စသည်တို့ မပါကြချေ။

သို့သော် ထိုသို့ ရိုးရှင်းလွန်းနေသည်ကို မနှစ်ခြိုက်သူများ ရှိသည်။ အီးဗီမှာ အသက်မပါ၊ ဝိဉာဉ်မရှိဟု ဆိုကြသည်။ အင်ဂျင်ပါသည့် ကားကို လက်ဖြင့် ဂီယာထိုးပြီး စေခိုင်းရသည့် အရသာ ပျောက်ဆုံးသွားပြီဟု တမ်းတကြသည်။ 

ထိုသို့သော ကားဝါသနာအိုးများအတွက် တိုယိုတာက လက်ထိုးဂီယာပါသော  အီးဗီမော်ဒယ်တစ်ခုကို များမကြာခင်မှာ ထုတ်လုပ်ပေးမည် ဖြစ်သည်။ Autocar ဝဘ်ဆိုက်အဆိုအရ လက်ထိုးဂီယာပါသော အီးဗီ Lexus UX300e ကို ကိုယ်တိုင်ကိုယ်ကျ အစမ်းမောင်းပြီး မြည်းစမ်းခဲ့ရာ အင်ဂျင်ကားကို ဂီယာထိုးပြီး မောင်းသည့် အရသာကို ပေးစွမ်းနိုင်သည်ဟု ဆိုသည်။ 
ကလပ်နင်းခြင်း၊ လက်ဖြင့် ဂီယာတံကို ကိုင်ပြီး ဂီယာထိုးလိုက်သည့်အခါ ဂီယာ ပြောင်းသွားခြင်း အစရှိသည်တို့ကို အင်ဂျင်ကားအတိုင်း အရသာ အတွေ့အကြုံ ရရှိအောင် ဆော့ဖ်ဝဲလ်က ဖန်တီးပေးသည်။ 

ဂီယာတံပါသည်။ အင်ဂျင်လည်နှုန်း rev  ပြသသည့် ဒိုင်ခွက်လည်း ပါသည်။ အော်တိုဂီယာမှ လက်ထိုး ဂိယာသို့ ပြောင်းရန် switchgear  ခလုတ်ပါသည်။ 

လက်ထိုးဂီယာပါသည့် အီးဗီကို ၂၀၂၆ ခုနှစ်တွင် စတင်ထုတ်လုပ်မည်ဖြစ်သည်။ မှာကြားသူက လက်ထိုးဂီယာ ပါသည့် အီးဗီ လိုချင်သည်ဟု မှတ်ချက်ပေးလျှင် လက်ထိုးဂီယာ ထည့်ပြီး ထုတ်လုပ်ပေးလိုက်မည် ဖြစ်သည်။ 

အီးဗီမှ မော်တာများသည် သမားရိုးကျ ဂီယာဘောက်စ် မလိုအပ်ပါ။ သို့ဖြစ်ရာ လက်ထိုးဂီယာပါသည့် အီးဗီတွင်လည်း ဂီယာထိုးဖို့ ဂီယာတံ ပါသော်လည်း ဂီယာဘောက်စ်  မပါပါ။ ဆော့ဖ်ဝဲကသာ ဂီယာဘောက်စ် ပါသည့်နှယ် တုပလုပ်ဆောင်ပေးသွားမည် ဖြစ်သည်။ ကားဘီးစလှိမ့်သည့်အခါ နံပါတ်(၁) ဂီယာ ထိုးပြီး ထွက်သည့် အရသာကို ပေးမည်။ ယာဉ်မောင်းက ဂီယာထိုးဖို့ ကလပ် နင်းဖို့ လိုမည်။ ဂီယာ အထိုးမတတ်လျှင် စက်သေသွားမည်။ ဆော့ဖ်ဝဲလ်က စက်သတ်ပေးလိုက်ခြင်း ဖြစ်သည်။ 

အသံပိုင်းကိုလည်း ထည့်သွင်းပေးထားသည်။ ကားထဲမှာ စက်သံ ကြားရမည်။ ဂီယာ နံပါတ်(၄) မှ (၃) သို့ ပြောင်းလဲလိုက်လျှင် စက်သံတဝေါဝေါ ထွက်ပေါ်သည့်အသံကို ကြားရမည်။ ဂီယာဖြင့် ကားကို အရှိန်သတ်ပေးနိုင်မည်။ 

 Source autocar

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 2337 times