Toyota  က ဟိုက်ဘရစ်အတွက် ဂျပန်အစိုးရကို ဖိအားပေး


Toyota  က ဟိုက်ဘရစ်အတွက် ဂျပန်အစိုးရကို ဖိအားပေး

မကြာသေးမီက သတင်းများအရ Toyota သည် ဂျပန်အစိုးရကို ဟိုက်ဘရစ်အတွက် အောင်မြင်စွာ ဖိအားပေးခဲ့ပါတယ်။ 

 ဂျပန်အစိုးရသည် ဟိုက်ဘရစ်ကားများနှင့်  လျှပ်စစ်ကားများစစ်စစ်များအတွက် တန်းတူညီမျှထားပြီး မူဝါဒစာတမ်းတွင် ရှင်းလင်းစွာ ဖော်ပြပေးလိုက်ပါတယ်။ 

Toyota ဥက္ကဋ္ဌ Akio Toyoda က ဂျပန်နိုင်ငံမှ  Japan Automobile Manufacturers Association (JAMA) ရဲ့ ဥက္ကဋ္ဌ တာဝန်ကို ယူထားသူဖြစ်ပါတယ်။ ဂျပန်အစိုးရရဲ့ မူဝါဒမှာ ဟိုက်ဘရစ်ကားများနှင့်  လျှပ်စစ်ကားစစ်စစ်များအတွက် တန်းတူညီမျှ မသတ်မှတ်ရင် JAMA အသင်းကြီးအနေဖြင့် အစိုးရရဲ့ မူဝါဒကို ထောက်ခံမှာ မဟုတ်ကြောင်း အတိအလင်း ပြောကြားခဲ့ပါတယ်။ 

လူကြိုက်အလွန်များတဲ့ Prius ရဲ့  ဟိုက်ဘရစ်နည်းပညာကို ဂျပန်အစိုးရက ပစ်ပယ်ရာ ရောက်နေတဲ့အတွက် မထောက်ခံတာ ဖြစ်ကြောင်း ပြောကြားပါတယ်။ 

 မူဝါဒ ရေးဆွဲသူများက "လျှပ်စစ်ပါဝါမော်တော်ယာဉ်ဟု ခေါ်ဆိုသော မော်တော်ယာဉ်များ" ဆိုတဲ့ အသုံးအနှုန်းဖြင့် ဟိုက်ဘရစ်ကားများကို ရည်ညွှန်းပြီး ဘက်ထရီပါဝါကားများနည်းတူ တန်းတူ ရပ်တည်ချက် ပေးအပ်ခဲ့ရပါတယ်။ 

မူဝါဒမှာ ၂၀၃၅ ခုနှစ်မှာ ဂျပန်ပြည်တွင်း ရောင်းချသမျှ ကားအားလုံး "လျှပ်စစ်ပါဝါမော်တော်ယာဉ်များ" ဖြစ်ရမယ်လို့ ရည်မှန်းချက်လို့ မူကြမ်းမှာ ရေသားထားတာအစား "လျှပ်စစ်ပါဝါမော်တော်ယာဉ်ဟု ခေါ်ဆိုသော မော်တော်ယာဉ်များ" ဖြစ်ရမယ်လို့ ဖော်ပြပေးလိုက်ပါတယ်။ 

တရုတ်အစိုးရရဲ့ မူဝါဒမှာတော့ စွမ်းအင်သစ်မော်တော်ယာဉ်များ New Energy Vehicles (NEVs) ခေါင်းစဉ်အောက်မှာ ဟိုက်ဘရစ်ကို လျှပ်စစ်ကားစစ်စစ်နှင့်အတူ ထည့်ပေးထားပါတယ်။ 

ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူများရဲ့ အမြင်မှာတော့ ဟိုက်ဘရစ်နဲ့ ဘက်ထရီပါဝါကား တခြားစီ ဖြစ်ပါတယ်။ 

အမေရိကန်မှ လျှပ်စစ်ကားစစ်စစ် ထုတ်တဲ့ Tesla ရဲ့ စီအီးအို အီလွန်မတ်စ်က ဟိုက်ဘရစ် လို့ ခေါ်ဝေါ်ကြတာနဲ့ ပတ်သက်လို့ ဝေဖန်ခဲ့ဖူးပါတယ်။ 

ယခုအခါ လမ်းတွေပေါ်မှာ ရှိနေတဲ့ ကားတွေမှာ ဟိုက်ဘရစ် hybrid ဆိုတဲ့ အခေါ်ခံရတဲ့ ကားတွေဟာ တကယ်တော့ ဟိုက်ဘရစ် ပါဝါ ၂မျိုးစပ် မဟုတ်ကြောင်း၊ နာမည်မှားပြီး ခေါ်ဝေါ်နေကြတာ ဖြစ်ကြောင်း သူက ရေးသားထားပါတယ်။ 

အဲဒီကားတွေက တကယ်တော့ ဓာတ်ဆီပါဝါကား သက်သက်ပါပဲ။ ထောက်ကူတဲ့ ဘက်ထရီ အသေးစားလေး ပါတယ်။ အဲဒီဘက်ထရီကို ဓာတ်ဆီအင်ဂျင်မှ ရတဲ့ စွမ်းအင်ကို လေလွင့်မဲ့အစား ဘက်ထရီထဲ ထည့်သိမ်းပေးလိုက်တယ်။  အားသွင်းလိုက်တယ်။ ဒီတော့ ဆီစားသက်သာတဲ့ ဓာတ်ဆီပါဝါကားတွေသာ ဖြစ်ပါတယ်။ 

တကယ်လို့ ဓာတ်ဆီပါဝါကားကို ဆီစားသက်သာအောင် ဖန်တီးပေးပြီး ဟိုက်ဘရစ်ကားတွေလို့ ဓာတ်ဆီ တစ်ဂါလံ ၅၅ မိုင် ရောက်အောင် မောင်းလို့ ရတယ်ဆိုရင် ဟိုက်ဘရစ်ကားမှာ ဘက်ထရီပါနေတာကလွဲလို့ ဆီစားသက်သာတဲ့ ဓာတ်ဆီပါဝါကားနဲ့ ဘာမှ မကွာခြားတော့ဘူးလို့ မတ်စ်က ဆိုပါတယ်။ 

#MyanmarBuilderGuide

Telegram Channel

https://t.me/Guid4U

Read 10836 times