တိုယိုတာ တစ်နှစ်တာ ထုတ်လုပ်မှု ရည်မှန်းချက်ထက် အနည်းငယ်ကျော်လွန် စံချိန်သစ်တင်


တိုယိုတာ တစ်နှစ်တာ ထုတ်လုပ်မှု ရည်မှန်းချက်ထက် အနည်းငယ်ကျော်လွန် စံချိန်သစ်တင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဂျပန်နိုင်ငံမှ Toyota Motor Corp သည် မတ်လတွင် ကုန်ဆုံးခဲ့သော လုပ်ငန်းနှစ်တွင် ကမ္ဘာ့တစ်နှစ်တာ ထုတ်လုပ်မှု စံချိန်တင်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ချစ်ပ် ထောက်ပံ့မှု ပြတ်လပ်ခြင်းများ လျော့ကျသွားခြင်း၊ ကပ်ရောဂါကြောင့် စက်ရုံ ယာယီပိတ်ထားရခြင်းများ မရှိတော့သဖြင့်  ရည်မှန်းထားသည့် ကားအစီးရေ ၉.၁ သန်းကို ကျော်လွန်ပြီး ထုတ်လုပ်နိုင်ခဲ့သည်။


သို့သော် ကားရောင်းချသည့်စီးရေ အများဆုံး ကားလုပ်ငန်း Toyota Motor Corp က ရေရှည်တွင် ကမ္ဘာလုံးဆိုင်ရာ ချစ်ပ်ပြတ်လပ်မှုမှ သက်ရောက်မှုများ ကျန်ရှိနေဦးမည် ဖြစ်ပြီး ရှေ့ဆက်ရမည့်ခရီးအပေါ် အကျိုးသက်ရောက်မှု မည်သို့ဖြစ်မည်ကို ကြိုတင်ခန့်မှန်းဖို့ ခက်ခဲကြောင်း သတိပေးပြောကြားသည်။

မတ်လ ၃၁ ရက်အထိ ၁၂ လတာကာလအတွင်း ကားအစီးရေ ၉.၁၃ သန်း ထုတ်လုပ်ခဲ့ကြောင်း Toyota က ကြာသပတေးနေ့ (ဧပြီ ၂၇)တွင် ပြောကြားခဲ့သည်။ လျာထားချက် ၉.၁ သန်းထက် အနည်းငယ် ကျော်လွန်ခဲ့သည်။ 
 ကနဦးလျာထားချက်မှာ စီးရေ ၉.၇သန်း ဝန်းကျင် ထုတ်လုပ်ရန်ဖြစ်ပြီး ဖြစ်ပေါ်နေသည့် အခြေအနေများကြောင့် ၉.၁ သန်းဟု ပြင်ဆင်လျာထားခဲ့သည်။

ယခင်နှစ်က စီးရေ ၈.၅၇ သန်း ထုတ်လုပ်ခဲ့ပါသည်။ သို့ဖြစ်ရာ ၂၀၂၁ ထက် ၂၀၂၂ တွင် ထုတ်လုပ်သည့် စီးရေ ပိုများခဲ့ပြီး ထုတ်လုပ်မှု စံချိန်သစ် တင်နိုင်ခဲ့ပါသည်။

 မတ်လကုန်အထိ တစ်နှစ်တာ ရောင်းအားမှာ ၉.၆၁ သန်း ဖြစ်ပြီး စံချိန်သစ်တင်ခဲ့ပါသည်။
 ယခင်နှစ်က စီးရေ စီးရေ ၉.၅၁ သန်း ရောင်းချခဲ့ပါသည်။

ကုမ္ပဏီသည် ဧပြီလတွင် စတင်ခဲ့သော လက်ရှိလုပ်ငန်းနှစ်အတွက် အရောင်း သို့မဟုတ် ထုတ်လုပ်မှု ရည်မှန်းချက်အသစ်များကို ထုတ်ပြန်ခြင်း မရှိပေ။
၎င်း၏ဇိမ်ခံ Lexus အမှတ်တံဆိပ်အပါအဝင် ကမ္ဘာတစ်ဝှမ်းတွင် ၂၀၂၃ ခုနှစ် ပထမ ၃ လတာတွင် ဘက်ထရီ လျှပ်စစ်ကား  ၁၇,၄၇၄ စီးသာ ရောင်းချခဲ့ရကြောင်း ကြေညာခဲ့သည်။
၂၀၂၂ တစ်နှစ်တာတွင် ဘက်ထရီလျှပ်စစ်ကား ၂၄,၄၆၆ စီး ရောင်းချခဲ့ပါသည်။ 

Source Reuters 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 172 times