၂၀၂၂  ကမ္ဘာ့ရောင်းအားအကောင်းဆုံး ကားထုတ်လုပ်သူအဖြစ် Toyota ဆက်လက် သရဖူဆောင်း


၂၀၂၂  ကမ္ဘာ့ရောင်းအားအကောင်းဆုံး ကားထုတ်လုပ်သူအဖြစ် Toyota ဆက်လက် သရဖူဆောင်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Toyota သည် ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ရောင်းအားအကောင်းဆုံး ကားထုတ်လုပ်သူအဖြစ်ကို ဆက်လက်ရယူခဲ့ပါသည်။

Toyota Motor Corp သည် ၂၀၂၂  ခုနှစ်တွင် ကားအစီးရေ ၁၀.၅ သန်း ရောင်းချခဲ့ရကြောင်း တနင်္လာနေ့ (ဇန် ၃၀) တွင် ပြောကြားခဲ့သည်။
ကမ္ဘာ့အရောင်းရဆုံး ကားထုတ်လုပ်သူအဖြစ်ကို ၃နှစ်ဆက်တိုက် ရရှိခဲ့ခြင်း ဖြစ်ပါသည်။

ထရပ်ကားယူနစ် Hino Motors နှင့် အသေးစားကားထုတ်လုပ်သူ Daihatsu တို့ အပါအဝင် Toyota Motor Corp ၏ ကမ္ဘာ့ရောင်းအားသည် ၀.၁%  မဆိုစလောက် ကျဆင်းခဲ့သည်။
ဂျပန်ပြည်တွင်းဈေးကွက်တွင် ရောင်းအား စီးရေ ၁.၉ ရှိခဲ့ပြီး ယမန်နှစ်ထက် ၉.၆% ကျဆင်းခဲ့သည်။ ပြည်ပရောင်းအား စီးရေ ၈.၆ သန်းအထိ မြင့်တက်ခဲ့သဖြင့် စုစုပေါင်းအနေဖြင့် ၀.၁% မျှသာ လျော့ကျခဲ့ခြင်း ဖြစ်ပါသည်။

 

ဒုတိယနေရာတွင် ရှိနေသည့် ပြိုင်ဘက် Volkswagen Group သည် ယခုလအစောပိုင်းတွင် ၎င်း၏ရောင်းအားသည် တစ်ဆယ်နှစ်တာအတွင်း အနိမ့်ဆုံးဖြစ်ကြောင်း ပြောကြားခဲ့သည်။ စီးရေ ၈.၃ သန်းမျှသာ ရောင်းချနိုင်ခဲ့သည်။
တိုယိုတာအတွက် Chip နှင့်ပတ်သက်သော ထောက်ပံ့မှု ကန့်သတ်ချက်အချို့ ကျန်ရှိနေချိန်တွင် အာရှဈေးကွက်တွင် ရောင်းအားကောင်းနေဆဲ ဖြစ်ပြီး မြောက်အမေရိကတွင် ထုတ်လုပ်မှု ထိန်းပေးထားနိုင်ခဲ့သဖြင့် ၂၀၂၂ ကမ္ဘာ့ထုတ်လုပ်မှု စီးရေကို ၅% တိုးစေခဲ့ပါသည်။

နိုဝင်ဘာလတွင် Toyota သည် မတ်လကုန်အထိ လက်ရှိဘဏ္ဍာရေးနှစ်အတွက် ၎င်း၏ထုတ်လုပ်မှုခန့်မှန်းချက်ကို ပြန်လည်ပြင်ဆင်ခဲ့သည်။ ယခင်  ကားအစီးရေ ၉.၇ သန်းအစား ၉.၂ သန်းဟု လျှော့ချသတ်မှတ်ခဲ့ပါသည်။
Source Reuters
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 1423 times