Toyota Crown နဲ့ Toyota Mark X တို့မှာ တပ်ဆင်ထားတဲ့ EPS (Electronic Power Steering) စနစ်


2004 မော်ဒယ် Toyota Crown နဲ့ Toyota Mark X ကားများဟာ ယခင်မော်ဒယ်ကားများမှာ တပ်ဆင်ထားတဲ့ ပါဝါစတီယာရင်လို့ ပြောတဲ့ ပါဝါဟိုက်ဒြောလစ် ဆီဖိအားကိုသုံးပြီး စတီယာရင်ကို လွယ်ကူအောင် ထိန်းကျောင်းနိုင်တဲ့ စနစ်ကနေ Electronic Motor ကိုသုံးပြီး စတီယာရင်ကို ပေါ့ပါးလွယ်ကူအောင် ထိန်းကျောင်းတဲ့စနစ်ကို ပြောင်းလဲလာပါတယ်...။

ယာဉ်မောင်းသူရဲ့ စတီယာရင်ကို လှည့်တဲ့အခါမှာ Assist Motor (ထောက်ကူပေးတဲ့ မော်တာ) စနစ်က တပြိုင်နက်တည်းလိုလို လည်ပတ်လုပ်ဆောင်ပေးပြီး ယာဉ်မောင်းသူရဲ့ စတီယာရင် လက်ကိုင်ဘီးခွေ ပေါ့ပါးလွယ်ကူ သက်သာအောင် ထောက်ကူပေးထားတာပါ။

ဒီစနစ်မှာ ရှေ့ဘီးနှစ်ဘီးကို ဆက်သွယ်ပေးထားတဲ့ (Steering Rack) တန်းပေါ်မှာ Steering Assist Motor ကို တပ်ဆင်ထားပါတယ်။ Steering Column နဲ့ ချိတ်ဆက်ပြီး အောက်ကိုဆင်းလာတဲ့ Torsion Bar, Torque Sensing Device (စတီယာရင်လှည့်အား အာရုံခံ ကိရိယာ) တို့နဲ့ စောစောက Steering Rack ကို ချိတ်ဆက်ထားတာပါ။ Steering Rack နဲ့ Rack တန်းပေါ်မှာ တပ်ဆင်ထားတဲ့ Steering Assist Motor ဟာ ယာဉ်ရဲ့ အောက်အနိမ့်ပိုင်းမှာ တပ်ဆင်ထားတာ ဖြစ်လို့ တော်ရုံ ရေအနက် တပေခွဲလောက်ကို ဖြတ်မောင်းမယ် ဆိုရင် ရေဝင်နိုင်ပါတယ်။

အဲဒီလို ရေထဲကို ဖြတ်မောင်းနေတုန်း အချက်ပြဒိုင်ခွက်မှာ P/S ဆိုတဲ့ မီးလေးများ ပေါ်လာရင် အဲဒါ သေချာပါတယ်။ Steering Assist Motor ထဲကို ရေဝင်သွားတာပါ။ အဲဒီလို P/S မီးလင်းသွားပြီး စတီယာရင် ရုတ်တရက် လေးကျသွားတယ် ဆိုရင်တော့ နီးစပ်ရာ ဝပ်ရှော့ တခုမှာ အမြန်ဆုံး ပြင်ဆင်ဖို့ လိုပါလိမ့်မယ်။

Diagnostic Scanner နဲ့ စစ်ဆေးကြည့်လိုက်ရင် C1555 Motor Relay Welded (သို့) အလားတူ အဓိပ္ပါယ်မျိုးနဲ့ DTC Code နံပါတ် တခုကို ထုတ်ပေးပါတယ်။ Steering Assist Motor ထဲကို ရေရောက်သွားပြီး EPS Control Module ရဲ့ Fail-Safe Relay က System ကို ဖြတ်တောက်ထားလိုက်တာပါ။

ပြုပြင်ရမှာကတော့ Steering Rack တန်း နဲ့ အစိတ်အပိုင်းအားလုံးကို ဖြုတ်လိုက်ပီး အထဲက ရေကို ခြောက်သွေ့သွားအောင် အရင်ဆုံး ပြုလုပ်ပါ။ အဲနောက် ပြန်လည်တပ်ဆင်ပြီး Steering Assist Motor နဲ့ ကွိုင်ပတ်လမ်းများ Short Circuit မရှိဘူး ဆိုရင်တော့ အစိတ်အပိုင်းတွေ အိုကေသွားပါပြီ။ အဲလို အိုကေပီးတဲ့နောက် Diagnostic Scanner နဲ့ EPS Torque Sensor Calbrication ဆိုတဲ့ Program ကို Run ပေးဖို့ လိုပါလိမ့်မယ်။
 

Read 1400 times