တိုယိုတာ ကရောင်း ဟိုက်ဒြိုဂျင် မော်ဒယ်အသစ် စတင်ရောင်းချ


တိုယိုတာ ကရောင်း ဟိုက်ဒြိုဂျင် မော်ဒယ်အသစ် စတင်ရောင်းချ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Toyota Motor Corporation သည် ဂျပန်နိုင်ငံတွင် ၎င်း၏ Crown Sedan မော်ဒယ်လ်သစ်ကို နိုဝင်ဘာလ ၂ ရက်တွင် ထုတ်ဖော်ပြသခဲ့သည်။ အော်ဒါများ စတင်လက်ခံသည်။  
နိုဝင်ဘာ ၁၃ ရက်တွင် ကရောင်းမော်ဒယ်အသစ် ဂျပန်ပြည်တွင်း ကားဈေးကွက်ထဲ စတင်ဝင်ရောက်လာမည် ဖြစ်သည်။ 

ယမန်နှစ်က တိုယိုတာသည် "ခေတ်သစ်အတွက် Crown" ဟု ရည်ညွှန်းသည့် Crown မော်ဒယ်အသစ်လေးမျိုးကို ကြေညာခဲ့သည်။

ယခုအခါ အဦးဆုံး ရောက်ရှိလာမည့် မော်ဒယ်မှာ ဆီဒင်နှင့် SUV ပေါင်းစပ်ထားသည့်  Crossover ဖြစ်ပါသည်။ Crown ၏ မူရင်း ဆီဒင်ကားဗီဇကို ဆန်းသစ်ထားသည့် ဆီဒင်အမျိုးအစား အသစ်ဖြစ်သဖြင့် ဆီဒင်ဟုသာ တိုယိုတာက သတ်မှတ်ထားပါသည်။ ခရော့စ်အိုဗာဟု သုံးနှုန်းခြင်း မပြုချေ။ 

Crown  ရာဇဝင် သမိုင်းကြောင်းသည် ၁၉၅၅ ခုနှစ် ဝန်းကျင်မှာ စတင်ခဲ့သည်။ ပြီးခဲ့သည့် မျိုးဆက် ၁၅ ဆက်တွင် ကားကိုယ်ထည် စတိုင်လ် အမျိုးမျိုး ထုတ်လုပ်ခဲ့သည်။ ဆီဒင်။ ဝဂ်ဂွန်၊ ပစ်ကပ် စသဖြင့် ထုတ်လုပ်ခဲ့သော်လည်း   ခရော့စ်အိုဗာသည် ယခုမှ ပထမဆုံးအကြိမ် ထုတ်လုပ်လိုက်ခြင်းဖြစ်ပါသည်။

 

Crown Sedan ကို အိမ်စီးကားအနေဖြင့်လည်းကောင်း၊ ကုမ္ပဏီ အဆင့်မြင့် အရာရှိစီးရန် ယာဉ်မောင်း ထားရှိပြီး အဆောင်အယောင်အဖြစ်လည်းကောင်း အသုံးပြုနိုင်ရန် ဒီဇိုင်း ထုတ်ထားပါသည်။

Crown Sedan ကို HEV (Hybrid Electric Vehicle)   ဗားရှင်းဖြင့်လည်း ထုတ်လုပ်ပါသည်။ FCEV (Fuel Cell Electric Vehicle) ဗားရှင်းဖြင့်လည်း ထုတ်လုပ်ပါသည်။

နှစ်မျိုးစလုံး  နောက်ဘီးယက် ဖြစ်ပါသည်။ 

 


Z [HEV] ရောင်းဈေးမှာ ယန်း 7,300,000 ဖြစ်ပြီး Z [FCEV] ရောင်းဈေးမှာ ယန်း 8,300,000 ဖြစ်ပါသည်။

 


Fuel Cell Electric Vehicle ဗားရှင်း
Z [FCEV] မော်ဒယ်တွင် ဟိုက်ဒြိုဂျင်ထည့်ရန် ဂက်စ်အိုး၂ လုံးပါသည်။ ဂက်စ်ဖြည့်ချိန် ၃ မိနစ်ကြာမည် ဖြစ်ပြီး ခရီးတာ ၈၂၀ ကီလိုမီတာ သွားနိုင်မည်။

 

 


Hybrid Electric Vehicle ဗားရှင်း
Z [HEV] တွင် 2.5-litre အင်ဂျင်ပါပြီး မော်တာ ၂ လုံးပါသည်။ 

 

 

ကရောင်းဆီဒင် အသစ်ကို  KINTO တွင် လစဉ်ကြေး ယန်း ၁၀၈,၂၃၀ (အခွန်ပါပြီး) ဖြင့် ငှားစီးနိုင်မည့် အစီအစဉ်ကိုလည်း စီစဉ်ထားပြီး နိုဝင်ဘာလ ၉ ရက်တွင် စတင် စာရင်းပေးသွင်းနိုင်မည် ဖြစ်ပါသည်။
၎င်းအငှားအစီအစဉ်၏ လစဉ်ကြေးတွင် ကားအာမခံ၊ အခွန်များ၊ ပြုပြင်ထိန်းသိမ်းခြင်း အစရှိသည်တို့ တပါတည်း ပါဝင်ပါသည်။ ငှားစီးသူက လက်တင်ပြီး စီးရန်သာ ဖြစ်ပါသည်။ 

 

Toyota Motor Corporation ၏ Motomachi Plant တွင် တလ အစီး ၆၀၀ ထုတ်လုပ်ရန် စီစဉ်ထားပါသည်။

 

 Source toyota newsroom
 

Read 5614 times