Toyota က ဟိုက်ဒရိုဂျင် Crown ထုတ်လုပ်မည်


Toyota က ဟိုက်ဒရိုဂျင် Crown ထုတ်လုပ်မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


Toyota သည် ယခုဘဏ္ဍာနှစ်တွင် ဟိုက်ဒရိုဂျင် လောင်စာဆဲလ်သုံးသည့် အိမ်စီးကားကို စတင်ထုတ်လုပ်မည်။
ယခုနှစ်တွင် ထုတ်လုပ်မည့် Crown ဆီဒင်ကို ဟိုက်ဒရိုဂျင် သုံးသည့် အိမ်စီးကားအဖြစ် ထုတ်လုပ်မည်ဖြစ်ပြီး ဂျပန်ပြည်တွင်းဈေးကွက်တွင် စတင်ရောင်းချမည်။
သို့ဖြစ်ရာ ယာဘက်တွင် စတီယာရင် ထားရှိမည် ဖြစ်ပြီး လက်ဝဲကမ်းမောင်း စနစ်အတွက် ဖြစ်သည်။ 
 
Toyota Motor Corp မှ လောင်စာဆဲလ်သုံး Mirai မော်ဒယ်အသစ်ကိုလည်း ထုတ်လုပ်ဖို့ အစီအစဉ် ရှိသည်။

လက်ရှိတွင် Toyota သည် ဟိုက်ဒရိုဂျင် လောင်စာဆဲလ်သုံး မော်တော်ယာဉ် brand န‌ှစ်ခု ရှိသည်။ ၎င်းတို့မှာ အိမ်စီးကား Mirai နှင့် ဘတ်စ်ကား Sora တို့ ဖြစ်ပါသည်။

၂၀၂၄ မတ်လ ၃၁ တွင် ကုန်ဆုံးမည့် ယခုဘဏ္ဍာနှစ်တွင် Toyota သည် လောင်စာဆဲလ်ကားများ ရောင်းအား စီးရေ ၈,၀၀၀ မျှသာ ရရှိရန် ရည်မှန်းထားပါသည်။ ယမန်နှစ်က စီးရေ ၃,၄၄၀ ရောင်းချနိုင်ခဲ့ပါသည်။

လောင်စာဆဲလ်ကားများ ရောင်းအား မြင့်တက်လာသော်လည်း အရေအတွက် အနည်းငယ်သာ ရှိပါသေးသည်။

Toyota မှ အမှုဆောင် ဒုဥက္ကဌ Hiroki Nakajima က "ဟိုက်ဒရိုဂျင်က ပေါ့တယ်။ အီးဗီ ဘက်ထရီက လေးလံတယ်။ ဟိုက်ဒရိုဂျင်က အီးဗီထက် ခရီးပိုဝေးဝေး သွားနိုင်ပါတယ်။ ကားပေါ်မှာ နေဪာယူထားတာကလည်း အီးဗီ ဘက်ထရီထက် နည်းပါတယ်။ ပြန်ဖြည့်တင်းတာမှာလည်း အတော်မြန်ပါတယ်" ဟု ပြောကြားသည်။


Source autonews
 

Read 1703 times