Toyota Crown ကို Royal Saloon၊ Majesta၊ Athlete စသော မိုဒယ်များဖြင့် Sub-Brand အောက်တွင် ထုတ်လုပ်ပါသည်။
Royal Saloon နှင့် Athlete တို့မှာ Grade ခွဲများအဖြစ် Crown ဆိုသော Sub-Brand အောက်တွင် ထုတ်လုပ်ပါသည်။
Toyota Crown ကို ၁၉၈၈ ခုနှစ်မှ စတင်ထုတ်လုပ်ပြီး ဂရိတ်ခွဲအမျိုးမျိုးဖြင့် ထုတ်လုပ်ပါသည်။
Royal Saloon ဂရိတ်ကို ၁၉၈၈ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး Athlete ကိုတော့ ၁၉၉၀ ခုနှစ်ရောက်သောအခါမှသာ စတင်ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။
Toyota Crown ၏ ထုတ်လုပ်မှုမျိုးဆက်များကို ၁၉၈၈ ခုနှစ်မှ စပြီး ၁၉၉၂ ခုုနှစ် နိုဝင်ဘာလအထိကို ပထမ မျိုးဆက်အဖြစ်လည်းကောင်း၊ ၁၉၉၃ ခုနှစ် အောက်တိုဘာလမှ ၁၉၉၉ ခုနှစ် စက်တင်ဘလအထိကို ဒုတိယမျိုးဆက်အဖြစ်လည်းကောင်း၊
၂၀၀၀ ခုနှစ် သြဂုတ်လမှ ၂၀၀၃ ခုနှစ် ဧပြီလအထိကို တတိယမျိုးဆက်အဖြစ်လည်းကောင်း၊ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလမှ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလအထိကို စတုတ္ထမျိုးဆက်အဖြစ်လည်းကောင်း၊ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၁၂ ခုနှစ် ဧပြီလအထိကို
ပဥ္စမမျိုးဆက်အဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ ယခုအထိကို ဆဋ္ဌမမျိုးဆက်အဖြစ်လည်းကောင်း ပုံပြောင်းမျိုးဆက် ခြောက်မျိုးအထိ ထုတ်လုပ်ထားပါသည်။
ထုတ်လုပ်သောမျိုးဆက်များမှာ အလွန်များပြီး ဂရိတ်နှင့် ဂရိတ်ခွဲများမှာလည်း များပြားလွန်းသည့်အတွက် Toyota Crown ကို ခွဲခြားသတ်မှတ်မည်ဆိုပါက Chassis ID များနှင့် ခွဲခြားသတ်မှတ်ခြင်းက ပိုပြီးရှင်းနိုင်ပါသည်။
ပြည်တွင်းတွင် တင်သွင်းနှုန်းအများဆုံးဖြစ်သော မိုဒယ်များနှင့် Chassis ID များကို ခွဲခြားဖော်ပြ ပေးသွားပါမည်။
GRS-200 Chassis ID တွင် 2WD အင်ဂျင်အရွယ်အစား ၂၅၀၀ စီစီဖြစ်ပြီး ၂၀၀၈ မိုဒယ်မှ စတင်ထုတ်လုပ်ထားပါသည်။
ထို့အပြင် No Navigation နှင့် With Navigation ဆို၍ နှစ်မျိုးထုတ်လုပ်နေပြီး အော်တိုဂီယာခြောက်ချက်ဖြင့် Royal Saloon နှင့် Athlete ဂရိတ်နှစ်မျိုးကို ထုတ်လုပ်ပါသည်။
Athlete ဂရိတ်ကို 2.5 Athele တစ်မျိုးသာ ထုတ်လုပ်သော်လည်း Royal Saloon မှာ ရိုးရိုးဂရိတ်တစ်မျိုးမှ ဂရိတ်ခွဲ အမျိုးအစားငါးမျိုးခန့်အထိ ခွဲခြားထုတ်လုပ်ပါသည်။
အတွင်းခန်းဂရိတ်တပ်ဆင်ထုတ်လုပ်မှု အပေါ်မူတည်ပြီး ဂရိတ်များကွဲလွဲကြပေမယ့် GRS200 Chassis ဖြင့် ထုတ်လုပ်သော ဂရိတ်များကို အနိမ့်ဆုံးဂရိတ်ခွဲမှစပြီး အမြင့်ဆုံးအထိ ဝယ်ယူသူ စိတ်ကြိုက် (Optional) တပ်ဆင်အသုံးပြုနိုင်ပါသည်။
အဲကွန်းများမှာ အော်တိုလက်လှည့်ဖြစ်ပြီး ရှေ့တံခါးများက ဂရိတ်ခွဲအားလုံးအတွက် ပါဝါဝင်းဒိုး ဖြစ်ပါသည်။
နောက်ဝင်းဒိုပါဝါဖြစ် မဖြစ်မှာ ဂရိတ်အနိမ့်အမြင့် အပေါ်မူတည်ပြီး ကွဲလွဲချက်ရှိပါသည်။
GRS 201 Chassis ID များ အားလုံးက 4WD များဖြစ်ကြပါသည်။
ကျန်ဂရိတ်များခွဲခြားပုံနှင့် ကွဲလွဲလျက်ပုံစံနှင့် ဂရိတ်ခွဲအမည်များလည်း GRS 200 ၏ ဂရိတ်များနှင့် တူညီကြောင်းတွေ့ရပါသည်။
တစ်နည်းအားဖြင့် GRS 200 ကို 4WD အဖြစ် တပ်ဆင်ထုတ်လုပ်သောဂရိတ်များကို GRS 201 အဖြစ် ထုတ်လုပ်ထားကြောင်း သိရပါသည်။
GRS 202 Chassis ID တွင် Athete ဂရိတ်မပါဝင်ဘဲ အင်ဂျင်ကို 3.0 အင်ဂျင် တပ်ဆင်ထုတ်လုပ်ပြီး Base Grade နှင့် G Grade နှစ်မျိုးသာရှိပါသည်။
G Grade အတွက် ဂရိတ်ခွဲအချို့လည်း ရှိနေပြီး ထိုဂရိတ်များကို ခွဲခြားမည်ဆိုပါက Royal Saloon 3.0၊ Royal Saloon G (Dual Aircon)၊ Royal Saloon G Ottoman Edition ဟူ၍ သုုံးမျိုးခွဲခြားထားသည်ကို တွေ့ရပါသည်။
ထိုဂရိတ်များ၏ အဓိကထူးခြားချက်များမျာ အတွင်းခန်းနောက်ထိုင်ခုံအတွက် ရှေ့ခုံနောက်ကျောတွင် ခြေတင်ခုံပါဝင်ခြင်း ဖြစ်ပါသည်။
GRS 202 Chassis ကို 4WD နှင့် ထုတ်လုပ်လိုက်သည့်အခါ GRS 203 Chassis ဖြင့် ထုတ်လုပ်ထားပါသည်။
Chassis အရ 4WD/ 2WD ကွဲလွဲချက်မှလွဲ၍ ဂရိတ်နှင့် တပ်ဆင်ထုတ်လုပ်မှုများက တူညီပါသည်။
GRS 204 တွင် Athlete ဂရိတ်တစ်မျိုးတည်းကို ၃၅၀၀ စီစီ အင်ဂျင်ကို တပ်ဆင်ထုတ်လုပ်ပြီး အတွင်းဂရိတ်များမှာ Royal Saloon G ဂရိတ်နှင့် တူညီပါသည်။
အင်ဂျင်အရွယ်အစားအလိုက် ခွဲခြားသတ်မှတ်မည်ဆိုပါက 2.5 ဆိုလျှင် Royal Saloon နှင့် Athlete နှစ်မျိုးစလုံးရှိပါသည်။
3.0 ဆိုပါက G Grade ကိုရနိုင်ပြီး Crown ထဲတွင် အမြင့်ဆုံးဂရိတ်တစ်ခုဖြစ်ပြီး နောက်တစ်ခု မှတ်သားစရာမှာ 3.0 တွင် Athlete ဂရိတ်မရှိကြောင်းသိရပါသည်။
3.5 တွင် Royal Saloon မရှိဘဲ Athlete ဂရိတ်တစ်မျိုးသာ ရှိပါသည်။
ပြည်တွင်းကားစျေးကွက် ပေါက်စျေးအရ Toyota Crown 2008 မိုဒယ်ဆိုပါက အပြီးအစီး ပေါက်စျေး ကျပ်သိန်း ၄၃၀ နှင့် ၄၆၀ ကြားရှိပါသည်။