Royal Saloonနှင့် Athlete ကို Grade များအဖြစ် Crown ဆိုတဲ့ Sub-Brand အောက်မှာ ထုတ်လုပ်ပါသည်။
တိုယိုတာ Crown ကို ၁၉၈၈ ကစတင်ထုတ်လုပ်ပြီး ဂရိတ်ခွဲအမျိုးမျိုးဖြင့် ထုတ်လုပ်ပါသည်။
Royal Saloon ဂရိတ်ကိုတော့ စတင်ထုတ်လုပ်ခဲ့ချိန်ကတည်းက ထုတ်လုပ်ပါသည်။
Athlete ကိုတော့ ၁၉၉၀ ရောက်မှစတင်ထုတ်လုပ်ပါသည်။
Toyota Crown ၏ ထုတ်လုပ်မှုမျိုးဆက်များကို၁၉၈၈ ကစပြီး ၁၉၉၂ နိုဝင်ဘာအထိကို ပထမမျိုးဆက်၊
၁၉၉၃ အောက်တိုဘာမှ ၁၉၉၉ စက်တင်ဘာအထိကို ဒုတိယမျိုးဆက်၊၂၀၀၀ ဩဂုတ်မှ ၂၀၀၃ ဧပြီအထိကို တတိယမျိုးဆက်၊
၂၀၀၄ ဒီဇင်ဘာမှ ၂၀၀၈ ဖေဖော်ဝါရီအထိကို စတုတ္ထမျိုးဆက်၊ ၂၀၁၀ ဖေဖော်ဝါရီမှ ၂၀၁၂ ဧပြီအထိကို ပဉ္စမမျိုးဆက်၊
၂၀၁၂ ဒီဇင်ဘာမှ အခုထိကိုတော့ ဆဋ္ဌမမျိုးဆက်ဆိုပြီး ပုံပြောင်းမျိုးဆက် ခြောက်မျိုးအထိ ထုတ်လုပ်ပါသည်။
ထုတ်လုပ်သည့် မျိုးဆက်များကလည်း အရမ်းများပြီး ဂရိတ်နဲ့ ဂရိတ်ခွဲများကလည်း များလွန်းသည့် အတွက် တိုယိုတာ Crown ကို ခွဲခြားသတ်မှတ်မည် ဆိုပါက ✔Chassis ID တွေနဲ့ ခွဲခြားရတာက ပိုပြီး ရှင်းနိုင်ပါသည်။
ပြည်တွင်းမှာ တင်သွင်းနှုန်းအများဆုံးဖြစ်သည့် မော်ဒယ်များနှင့် Chassis ID တွေကို ခွဲခြားဖော်ပြပေးသွားပါမည်။
GRS-200 2WD အင်ဂျင်အရွယ်အစား ၂၅၀၀ စီစီ၊ ၂၀၀၈ မော်ဒယ်က စတင်ထုတ်လုပ်ပြီး No Navigation နှင့် With Navigation ဆိုပြီး နှစ်မျိုးထုတ်လုပ်ပါသည်။
အော်တိုဂီယာခြောက်ချက်ဖြင့် Royal Saloon နှင့် Athlete ဂရိတ်နှစ်မျိုး ကို ထုတ်လုပ်ပါသည်။
Athlete ဂရိတ်ကို 2.5 Athlete တစ်မျိုးသာ ထုတ်လုပ်ပေမည့် Royal Saloon တွင်ရိုးရိုးဂရိတ်တစ်မျိုးကနေ ဂရိတ်ခွဲ အမျိုးအစားငါးမျိုးလောက်အထိ ခွဲခြားထုတ်လုပ်ပါသည်။
အတွင်းခန်းဂရိတ်တပ်ဆင်ထုတ်လုပ်မှု အပေါ်မူတည်ပြီး ဂရိတ်တွေကွဲလွဲကြသော်လည်း GRS 200 Chassis ဖြင့် ထုတ်လုပ်သည့် ဂရိတ်များကို အနိမ့်ဆုံးဂရိတ်ခွဲကစပြီး အမြင့်ဆုံးအထိ ဝယ်သူစိတ်ကြိုက် (Optional)တပ်ဆင်အသုံးပြုနိုင်ပါသည်။
အဲကွန်းမှာအော်တိုလက်လှည့်ဖြစ်ပြီး ရှေ့တံခါးတွေကတော့ ဂရိတ်ခွဲအားလုံးအတွက် ပါဝါဝင်းဒိုးဖြစ်ပါသည်။
ထို့နောက်ဝင်းဒိုးပါဝါဖြစ်၊ မဖြစ်ကတော့ ဂရိတ်အနိမ့်အမြင့် အပေါ်မူတည်ပြီး ကွဲလွဲချက်ရှိပါသည်။
GRS 201
GRS 201 Chassis များအားလုံးက 4WD တွေ ဖြစ်ကြပါသည်။
ကျန်တဲ့ဂရိတ်ခွဲခြားပုံနဲ့ ကွဲလွဲလျက်ပုံစနဲ့ ဂရိတ်ခွဲအမည်များ အားလည်း GRS 200 ရဲ့ ဂရိတ် တွေနဲ့တူညီခြင်း တွေ့ရပါသည်။
တစ်နည်းအားဖြင့် GRS 200 ကို 4WD အဖြစ် တပ်ဆင်ထုတ်လုပ်သည့် ဂရိတ်တွေကို GRS 201 အဖြစ် ထုတ်လုပ်သည် ဟုဆိုနိုင်ပါသည်။
GRS 202
GRS 202 Chassis မှာတော့ Athlete ဂရိတ်မပါဝင်ပါဘူး။
အင်ဂျင်ကို 3.0 အင်ဂျင်တပ်ဆင် ထုတ်လုပ်ပြီးBase Grade နှင့် G grade နှစ်မျိုးပဲရှိပါမည်။
G grade အတွက် ဂရိတ်ခွဲတချို့လည်းရှိနေပါသည်။
ဂရိတ်များကို ခွဲခြားမည်ဆိုပါက Royal Saloon 3.0, Royal Saloon G (Dual Aircon), Royal Saloon G Ottoman Edition ဆိုပြီး သုံးမျိုးခွဲခြားတာ တွေ့ရပါသည်။
ယင်းဂရိတ်များ၏ အဓိကထူးခြားချက်မှာ အတွင်းခန်းနောက်ထိုင်ခုံအတွက် ရှေ့ခုံနောက် ကျောမှာ ခြေတင်ခုံပါဝင်တာဖြစ်ပါသည်။
GRS 203
GRS 202 Chassis ကို 4WD နှင့် ထုတ်လုပ် လိုက်တဲ့အခါ GRS 203 Chassis ဖြင့် ထုတ်လုပ်ပါသည်။
⬆Chassis အရ 4WD/2WD ကွဲလွဲချက်ကလွဲပြီး ဂရိတ်နှင့် တပ်ဆင်ထုတ်လုပ်မှုများကတော့ တူညီပါသည်။
GRS 204
Athlete ဂရိတ်တစ်မျိုးတည်းကို 3500cc အင်ဂျင်ကို တပ်ဆင်ထုတ်လုပ်ပါသည်။
အတွင်းခန်း ဂရိတ်များမှာRoyal Saloon G ဂရိတ်နဲ့တူညီပါသည်။
အင်ဂျင်အရွယ်အစားအလိုက် ခွဲခြားသတ်မှတ်မည်ဆိုပါက 2.5 ဆိုရင် Royal Saloon နှင့်Athlete နှစ်မျိုးစလုံးရှိပါသည်။
3.0 ဆိုရင်တော့ G grade ကို ရနိုင်ပြီး Crown ထဲမှာ အမြင့်ဆုံးဂရိတ်တစ်ခုဖြစ်ပါသည်။
နောက်တစ်ခု မှာ 3.0 မှာAthlete ဂရိတ်မရှိပါဘူး။
3.5 မှာတော့ Royal Saloon မရှိ ဘဲ Athlete ဂရိတ်တစ်မျိုးသာရှိပါသည်။
ပြည်တွင်းကားဈေးကွက် ပေါက်ဈေးအရ Toyota Crown 2008 မော်ဒယ်ဆိုလျှင် အပြီးအစီး ပေါက်ဈေး ကျပ်သိန်း ၄၃၀နဲ့ ၄၆၀ကြားရှိပါသည်။