Toyota ထိုင်း CP ကြက်‌ချေးမှ ဟိုက်ဒရိုဂျင်  ထုတ်လုပ်မည် 


Toyota ထိုင်း CP ကြက်‌ချေးမှ ဟိုက်ဒရိုဂျင်  ထုတ်လုပ်မည် 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


Toyota သည် မော်တော်ယာဉ်ကဏ္ဍမှ ကာဗွန်ဒိုင်အောက်ဆိုက် မထုတ်လွှတ်စေရေးအတွက် လျှပ်စစ်ကားများအပြင် အခြားနည်းလမ်းများကို စမ်းသပ်နေပါသည်။ 
လောင်စာဆဲလ်သုံး မော်တော်ယာဉ်များအတွက် ဟိုက်ဒရိုဂျင်နည်းပညာ ဖွံ့ဖြိုးရေးကိုလည်း ဆောင်ရွက်နေပါသည်။


Toyota Motor သည် ထိုင်းနိုင်ငံတွင် ဟိုက်ဒရိုဂျင်ကို နိုဝင်ဘာလမှ စတင်ကာ ဇီဝဓာတ်ငွေ့သုံး၍ ထုတ်လုပ်မည်ဟု တနင်္လာနေ့(ဇွန် ၂၆)တွင် ကြေညာခဲ့သည်။
 ထိုင်းနိုင်ငံမှ CP Group ဟု လူသိများသည့် ကုမ္ပဏီစုကြီး Charoen Pokphand Group နှင့် အတူပူးပေါင်း လုပ်ကိုင်မည် ဖြစ်သည်။
 
Toyota Motor သည် ဘန်ကောက်မြို့တောင်ဘက်ရှိ Samut Prakan ပြည်နယ်မှ Toyota ၏ အာရှ-ပစိဖိတ်ရုံးချုပ်တွင် ဇီဝဓာတ်ငွေ့ကို အသုံးပြု၍ ဟိုက်ဒရိုဂျင်ထုတ်လုပ်သည့် စက်ပစ္စည်းများကို တပ်ဆင်မည်ဖြစ်သည်။


အဆိုပါ ဇီဝဓာတ်ငွေ့ကို CP Group မှ ဆောင်ရွက်သည့် ထိုင်းကြက်မွေးမြူရေးခြံများမှ ပံ့ပိုးပေးသည့် ကြက်ချေးများမှ ထုတ်လုပ်မည်ဖြစ်သည်။ 


တိုယိုတာ အနေဖြင့်လည်းကောင်း၊ ထိုင်းနိုင်ငံ အနေဖြင့်လည်းကောင်း ပထမဆုံး အကြိမ်အဖြစ် ဇီဝဓာတ်ငွေ့ကို အသုံးပြု၍ ဟိုက်ဒရိုဂျင် ထုတ်လုပ်ရန် ရှေ့ပြေးစီမံကိန်းကို  စတင်ဆောင်ရွက်ခြင်း ဖြစ်သည်။ 

စက်ပစ္စည်းများကို ဂျပန်အင်ဂျင်နီယာကုမ္ပဏီ Mitsubishi Kakoki မှ ထောက်ပံ့ပေးမည်ဖြစ်သည်။
တစ်နာရီလျှင် ဟိုက်ဒရိုဂျင် လီတာ ၁,၀၀၀ ထုတ်လုပ်နိုင်မည် ဖြစ်သည်။

တိုယိုတာနှင့် ၎င်း၏ကုန်သွယ်လက်ရုံးဖြစ်သော Toyota Tsusho သည် ဇီဝဓာတ်ငွေ့နှင့် ဟိုက်ဒရိုဂျင်များကို ဖိသိပ်ခြင်း၊ သိုလှောင်ခြင်းနှင့် သယ်ပို့ခြင်းစနစ်တစ်ခုကို ဖန်တီးမည်ဖြစ်သည်။

Toyota က အဆိုပါစီမံကိန်းအတွက် မည်မျှသုံးစွဲမည်ကို ထုတ်ဖော်ပြောကြားခြင်း မပြုပါ။ 

Toyota Motor နှင့် CP Group တို့သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် စတင်လက်တွဲခဲ့ကြသည်။ 
ကုမ္ပဏီနှစ်ခုသည် ဇီဝဓာတ်ငွေ့မှ ဟိုက်ဒရိုဂျင်ထုတ်လုပ်ရန် သဘောတူညီခဲ့ကြသည်။ ရရှိလာသော ဟိုက်ဒရိုဂျင်ကို CP မှ သုံးစွဲရန် ရည်မှန်းထားသည့် ဟိုက်ဒရိုဂျင် ပါဝါသုံး ပစ္စည်းပို့ ထရပ်ကားများတွင် သုံးစွဲမည်။
Source Asia nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 388 times