Toyota Corolla သည် ပြည်တွင်းတွင် အသုံးများသော ကားအမျိုးအစားဖြစ်ပါသည်။
Carcomplaints.com ၏ အဆိုအရ ၂၀၀၉ မိုဒယ် Toyota Corolla သည် ကွန်ပလိန်းအများဆုံးဖြစ်ပြီး အင်ဂျင်ပိုင်းတွင် ပြဿနာ အဖြစ်များပါသည်။
၁။ EVAP System ချို့ယွင်းခြင်း
၁၉၉၈ မိုဒယ်မှ ၂၀၁၄ မိုဒယ်အထိ မိုင်တစ်သိန်းကျော် မောင်းနှင်ပြီးသည့် Toyota Corolla တွင် အဖြစ်များပါသည်။
ပထမဆုံး အင်ဂျင်ချက်မီးလင်းလာပြီး ကွန်ပျူတာထိုးစစ်သည့်အခါ Evaporative emission (EVPA) system ချို့ယွင်းသည်ကို တွေ့ရတက်ပါသည်။
တစ်ခါတစ်ရံတွင်လည်း အင်ဂျင်ချက်မီးလင်းခြင်းသည် (gascap) ချို့ယွင်းခြင်းလည်းဖြစ်နိုင်ပါသည်။
၂။ အော်တိုဂီယာပုံမှန်အလုပ်မလုပ်ခြင်း
၁၉၉၀ မိုဒယ်မှ ၂၀၁၀ မိုဒယ်အထိ မိုင်းတစ်သိန်းခွဲမောင်းနှင်ပြီးသော Toyota Corolla များတွင် အောတိုဂီယာ ( automatic transmission ) က ပုံမှန်အလုပ်မလုပ်ခြင်းများ အဖြစ်များပါသည်။
ပြဿနာမှာ သရော်တယ်လ်အာရုံခံကိရိယာ (throttle position sensor) အနေအထားလွဲမှားနေခြင်း သို့မဟုတ် shift solenoid ချို့ယွင်းနေသည့်အတွက် အသစ်လဲလှယ်ရန် လိုအပ်နေခြင်းဖြစ်ပါသည်။
၃။ စတက်တာချို့ယွင်းခြင်း
၁၉၉၀ မိုဒယ်မှ ၂၀၀၉ မိုဒယ်အထိ မိုင်တစ်သိန်းခွဲမောင်းနှင်ပြီးသော Toyota Corolla တွင် အဖြစ်များသော ပြဿနာမှာ စက်နှိုး၍ မရသောပြဿနာဖြစ်ပါသည်။
အဖြစ်များသည်မှာ စတက်တာ (starter) တွင် ပြဿနာရှိနေပြီး မိုင်တစ်သိန်းနှင့် မိုင် ၁၂၅၀၀၀ ကြား မောင်းနှင်သည့်အခါ အဖြစ်များပါသည်။
တစ်ခါတစ်ရံ စတက်တာ ဆိုလီနွိုက် (starter solenoid) ချို့ယွင်းခြင်းလည်းဖြစ်တက်သောကြောင့် အသစ်လဲလှယ်သင့်ပါသည်။
၄။ ဘရိတ်မာစတာ ဆလင်ဒါ
၁၉၉၅ မိုဒယ်မှ ၂၀၀၂ မိုဒယ်အထိ မိုင် ၁၈၀၀၀၀ ကျော်မောင်းနှင်ပြီးသည့် Toyota Corolla များတွင် ဘရိတ်မာစတာ ဆလင်ဒါ (brake master cylinder) ချို့ယွင်းလျှင် ဘရိတ်မိအောင် ကြာရှည်နင်းရခြင်း၊ ဘရိတ်အပူချိန်လွန်ကဲခြင်းများ ဖြစ်တတ်ပြီး အသစ်လဲလှယ်ရပါမည်။
၅။ ဘရိတ်ရိုတာ
၁၉၉၀၊ ၁၉၉၁၊ ၂၀၁၁ နှင့် ၂၀၁၂ မိုဒယ် မိုင်တစ်သိန်းခွဲမောင်းနှင်ပြီးသည့် Toyota Corolla များတွင် ရှေ့ဘရိတ်ရိုတာ (front brake rotor) ချို့ယွင်းခြင်းဖြစ်သောကြောင့် ဘရိတ်ပတ် (brake pads) များနှင့်
ရှေ့ဘရိတ်ရိုတာများကို စစ်ဆေးပြီး လိုအပ်လျှင် အသစ်လဲလှယ်ရပါမည်။
၆။ အေဘီအက်စ်မီးလင်းခြင်း
၁၉၉၂ မိုဒယ်မှ ၁၉၉၉ မိုဒယ်အထိ မိုင်တစ်သိန်းခွဲမောင်းနှင်ပြီးသော Toyota Corolla ကားအမျိုးအစားများတွင် မိုင်အများကြီးမောင်းနှင်ပြီးသည့်အခါ အေဘီအက်စ်မီး (ABS warning light) လင်းလာတက်ပါသည်။
ထိုအရာသည် anti-lock brake system တွင် ချို့ယွင်းချက်ရှိနေပြီဆိုသည်ကို သတိပေးခြင်းဖြစ်ပါသည်။
အဖြစ်များသည်မှာ စပီဆင်ဆာ (whell speed sensor) ချို့ယွင်းခြင်းဖြစ်သောကြောင့် ဆင်ဆာအသစ်လဲလှယ်ရပါမည်။
၇။ လောင်စာဆီပမာဏကို ပြသသော ကိရိယာ
၁၉၉၂ မိုဒယ်မှ ၁၉၉၄ မိုဒယ်အထိ မိုင်နှစ်သိန်းနီးပါး မောင်းနှင်ပြီးသည့် Toyota Corolla ကားများတွင် ဆီအတိုင်းအတာပြသသော (fuel gauge) ကိရိယာ ချို့ယွင်းခြင်းဖြစ်ပါသည်။
အမြဲတမ်းဆီအပြည့်ရှိသည်ဟု မှားယွင်းစွာပြသနေပါက ထိုကိရိယာတွင် ရှိသော voltage regulator အသစ်လဲလှယ်ရပါမည်။