Corolla ၏မျိုးဆက်များထဲမှ တစ်ခုဖြစ်သော Axio အား ၂ဝဝ၆ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
ထုတ်လုပ်သက်တမ်းမကြာသေးသော်လည်း ဒီဇိုင်းဆန်းသစ်၍ ပေးလိုက်ရသော တန်ဖိုးနှင့်ညီမျှသော အရည်အသွေးတစ်ခုကို ရရှိသည့်အတွက် နိုင်ငံတကာ စျေးကွက်တွင်သာမက မြန်မာပြည်တွင်း စျေးကွက်မှာလည်း လူကြိုက်များသော sedan
ကားအမျိုးအစားဖြစ်ကြောင်း သိရသည်။
Corolla ၏ ၁ဝခုမြောက်မျိုးဆက်ဖြစ်သော Axio ကို Greek စကားလုံး”Axia” (တန်ဖိုးရှိသော အရာ)မှ ဖန်တီးယူခဲ့ခြင်းဖြစ်သည်။
Toyota Corolla ကားများကို ဂျပန်အစိုးရ၏စည်းမျဉ်း၊စည်းကမ်းနှင့် ကိုက်ညီမှုရှိရန် ထုတ်လုပ်ထားသည့်အတွက် ပြည်တွင်းတွင် ရောင်းချသော ကားများသည် အင်ဂျင်အရွယ်အစားသေး၍ ပြည်ပသို့ပို့သည့်ကားများမှာ အင်ဂျင်အရွယ်အစားပိုကြီးကြောင်း
သိရသည်။
ထို့ကြောင့် ဂျပန်တွင် Axio အား ၁၅ဝဝ စီစီထက် ၁၃ဝဝစီစီကို ပို၍အသုံးများပြီးမြန်မာပြည်တွင်းစျေးကွက်တွင်လည်း အခွန်ကွာဟနေသည့်အတွက် ၁၃ဝဝစီစီကို တင်သွင်းမှုများကြောင်းသိရသည်။
ပုံပြောင်း ၂ဝ၁၂model တွင် အင်ဂျင်ပါဝါ၁၅ဝဝစီစီ နှင့် ၁၃ဝဝ စီစီ ဟူ၍ နှစ်မျိုးရှိသည်။Axio (၁၅ဝဝစီစီ)အင်ဂျင်သည် Corolla ၏နောက်မျိုးဆက်ဖြစ်သော Fielder (၁၅ဝဝစီစီ)အင်ဂျင်နှင့် တူသည်။
Axio ကို Toyota ၏နောက်ဆုံးပေါ်နည်းပညာတစ်ခုဖြစ်သည့် ယာဉ်ရပ်နားရန်ကူညီပေးသည့် Intelligent Parking-Assist System ကို ထည့်သွင်းထားပြီး ထိုစနစ်ကို တပ်ဆင်သည့်အတွက် အမေရိကန်ဒေါ်လာ ၈၇၉ ခန့်ကုန်ကျသည်။
၁၃ဝဝစီစီ၏ အင်ဂျင်မိုဒယ်သည် 1NR-FE ဖြစ်ပြီး ၁၅ဝဝစီစီ သည် 1NZ-FE ဖြစ်သည်။၁၃ဝဝစီစီတွင် Auto ဂီယာ တစ်မျိုးတည်းထားသော်လည်း ၁၅ဝဝစီစီတွင် Auto နှင့် Manual နှစ်မျိုးလုံးရှိကြောင်း သိရသည်။
၁၃ဝဝစီစီတွင် X,G Editon စသော ဂရိတ်များရှိပြီးXသည်ရိုးရိုးဂရိတ်,G ဂရိတ်မှာ Xဂရိတ်တွင် မပါသော Digital Aircon,Steering Volume Control,RPM ဒိုင်ခွက်၊အလယ်လက်တင်တို့အပြင် Push-Start ဖြစ်သည်။
၁၅ဝဝစီစီတွင် X,G,Luxel သုံးမျိုးရှိပြီး G နှင့် Luxel သည် အဲကွန်းအော်တိုနှင့် Push-start ဖြစ်သည်။G နှင့် Luxel Grade များတွင် Dashboard တင်မက တံခါးဘောင်များတွင် ကျွန်းကွက်ဖြစ်သွားသည်။
Corolla Axio ၏စျေးမှာ ဂရိတ်၊အရောင်နှင့် လိုင်စင်အပေါ်မူတည်ပြီး ကျပ်သိန်းငါးဆယ်ခန့်စျေးကွာဟနေသည်။အဖြူရောင်ဖြစ်ပြီး G Grade၊ရန်ကုန်လိုင်စင်ဖြစ်မည်ဆိုလျှင် ၂ဝ၁၂ မိုဒယ်နံပါတ်သစ်ကားသည် ကျပ်သိန်း သုံးရာအပေါ်တွင် ရှိသည်။ရိုးရိုး X
ဂရိတ်နယ်လိုင်စင် ခဲရောင်ဆိုလျှင် ကျပ်သိန်း ၂၅ဝ ဝန်းကျင်တွင် ရှိကြောင်း သိရသည်။