Toyota Corolla Axio


Axio ကို ၂၀၀၆ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး ၂၀၁၂ မိုဒယ်မှ ၂၀၁၆ မိုဒယ်အထိကို ဒုတိယမျိုးဆက်အဖြစ်သတ်မှတ်ထားပါသည်။

Axio ကို Hatchback အနေဖြင့်လည်းထုတ်လုပ်ထားပြီး Toyota Auris ဟူသောနာမည်ဖြင့် ဂျပန်ပြည်တွင်း အသုံးပြုရန်နှင့် ဥရောပနိုင်ငံများကို တင်သွင်းရန်ထုတ်လုပ်ထားပါသည်။

ထိုကား၏ မိုဒယ်သတ်မှတ်ချက် E 140 ဟုလည်းသတ်မှတ်ထားသည့်အတွက် Corolla E140 ဟုလည်းသိကြပါသည်။

Corolla Axio ၏ ပထမမျိုးဆက်ဖြစ်သော ၂၀၁၂ မိုဒယ်အရှေ့ပိုင်းမှာ အင်ဂျင်ပါဝါ ၁၅၀၀ စီစီ၊ ၁၈၀၀ စီစီတို့ထုတ်လုပ်ထားပြီး ၂၀၁၂ မိုဒယ်နောက်ပိုင်းတွင် ၁၈၀၀ စီစီအစား ၁၃၀၀ စီစီကို ထုတ်လုပ်ခဲ့ပါသည်။

၂၀၁၂ မိုဒယ်ကစပြီး ထုတ်လုပ်သောကားတွေမှာ ၁၃၀၀ စီစီ ကို 2WD၊ 4WD နှစ်မျိုးရှိပါသည်။

Chassis အနေဖြင့် ခွဲပါက ၁၃၀၀ စီစီက 1NF-FEဖြစ်ပါသည်။

၁၅၀၀ စီစီမှာ Manual ဂီယာရော Auto ဂီယာပါ ထုတ်လုပ်ထားသော်လည်း ၁၃၀၀ စီစီကို Auto ဂီယာတစ်မျိုးတည်းဖြင့် သာထုတ်လုပ်ထားပါသည်။

၂၀၁၃ မိုဒယ် Corolla ၏ ၁၃၀၀ စီစီမှာ G Edition နှင့် X Grade နှစ်မျိုးထုတ်လုပ်ထားပြီး G Edition မှာ Digital Aircon၊ Central Swich အစရှိသည်တို့ပါဝင်ပါသည်။

X ဂရိတ်မှာ အကြမ်းဖျင်းအနေဖြင့် Push-Start၊ ဘက်မှန်မီးခြောက်တွေပါရှိပြီး ဂရိတ်နှစ်ခုစလုံးမှာ Option အပေါ်မူတည်၍ ရှေ့နှင်းခွဲမီးနှင့် Original TV၊ Back Camera အစရှိသည်တို့ပါဝင်မည်ဖြစ်သည်။

Toyota Corolla Axio ၂၀၁၃ မိုဒယ်မှာ ၂၀၁၆ Consignment လက်ကျန်ပါမစ်နှင့် တင်သွင်းပါက ကျပ်သိန်း ၂၁၀ ဝန်းကျင် ကျသင့်မည်ဖြစ်ပြီး ယခုနှစ်ထဲတွင် ပါမစ်လျှောက်ပြီး တင်သွင်းပါက စလစ်ကပ်ရတော့မည်ဖြစ်သည့်အတွက် CIF တန်ဖိုးပေါ်မူတည်ပြီး ကျပ်သိန်း ၂၄၀ နှင့် ၂၅၀ ဝန်းကျင်ကြားကျသင့်မည်ဖြစ်ပါသည်။

Read 4419 times