မြန်မာပြည်ရောက် Toyota Corolla ကားသစ် 2017


Corolla၏တောင့်တင်းသည့်ကိုယ်ထည်မှာမြင်နိုင်စွမ်းမြင့်မားသည့်LEDရှေ့မီးများနှင့်နေ့အချိန်တွင်ပါလင်းသည့် Daytime Running Light မီးများတပ်ဆင်ထားပါသည်။

ကိုယ်ထည်ကိုလေခွင်းအားကောင်းမွန်အောင်တည်ဆောင်ထားပြီးကားဒီဇိုင်းကိုလည်းလိုက်ပါစီးနင်းသူများဘေးကင်းလုံခြုံအောင် ပြုလုပ်ထားပါသည်။

မြူဆိုင်းနေသည့်အခြေအနေနှင့်မိုးသည်ထန်သည့်အခြေအနေများတွင် မြင်နိုင်စွမ်းပိုကောင်းမွန်စေရန် နှင်းခွဲမီးများတပ်ဆင်ထားပြီး မိုးရွာသွန်းမှုကိုအာရုံခံနိုင်သည့် Wiper များပါဝင်ပါသည်။

ထို့ပြင်မှန်ချိုး၊ မှန်ခေါက်စနစ်လည်းပါဝင်ပြီး ကိုယ်ထည်ကိုအဖြူ၊ ငွေသတ္တု၊ မဟူရာနက်၊ မီကာအနီသတ္တုစပ်ရောင်၊ အပြာမီကာသတ္တုစပ်ရောင်စသည့်အရောင်ခုနှစ်မျိုးရွေးချယ်ရရှိနိုင်ပါသည်။

ကျယ်ဝန်းသည့်အတွင်းခန်းတွင်သားရေထိုင်ခုံများတပ်ဆင်အသုံးပြုထားသောကြောင့်ဇိမ်ကျကျနှင့်သက်သောင့်သက်သာရှိစေမည်ဖြစ်ပါသည်။

ယာဉ်မောင်းထိုင်ခုံကို လျှပ်စစ်နှင့်ပုံစံရှစ်မျိုးချိန်ညှိပြီး နေရာလွတ်များဖန်တီးနိုင်ရန် ထိုင်ခုံများကို ၆၀း၄၀ ခေါက်ချိုးပြုလုပ်နိုင်မည်ဖြစ်ပါသည်။

ထို့ပြင်အတွင်းခန်းတွင် Automatic Aircon၊ လက်ဟန်နှင့်ထိန်းချုပ်လို့ရသည့် အသံစနစ်၊ နောက်ကြည့်ကင်မရာ၊ စမတ်ဖုန်းချိတ်ဆက်မှုစန်စများလည်းပါဝင်ပါသည်။

Corolla မှာ 16 valve၊ DOHC with Dual VVIT,1.6 Liter ဓာတ်ဆီအင်ဂျင်တပ်ဆင်အသုံးပြုထားပါသည်။

ထိုအင်ဂျင်မှာတစ်မိနစ်ပတ်လည်အား 6000 Rpm တွင် 90KWထုတ်လုပ်ပေးနိုင်မည်ဖြစ်ပါသည်။

ဂီယာကို 4 Speed Automatic နှင့် 6Speed Manual ဆိုပြီး ဂီယာနှစ်မျိုးရွေးချယ်နိုင်မည်ဖြစ်ပါသည်။

ဘီးချော်ခြင်းကိုကာကွယ်ပေးပြီး ယာဉ်ကိုတည်ငြိမ်မှုရှိစေသည့်စနစ်ရုတ်တရက်ဘရိတ်ဖမ်းချိန်တွင် စတီယာရင် Lockမဖြစ်အောင်ကာကွယ်ပေးသည့်ABSစနစ်နှင့်SRS အသက်ကယ်လေအိတ်ခုနှစ်လုံးထည့်သွင်းအသုံးပြုထားပါသည်။

၂၀၁၇ မိုဒယ် Toyota Corolla ၏ဈေးနှုန်းမှာ Auto ဂီယာအမျိုးအစားကအမေရိကန်ဒေါ်လာ ၃၃၉၀၀ ဝန်းကျင်နှင့် Manualဂီယာအမျိုးအစားမှာ အမေရိကန်ဒေါ်လာ ၂၉,၄၀၀ ဝန်းကျင်ဖြစ်ပြီး ဝန်ဆောင်မှုအနေဖြင့် သုံးနှစ် သိ့မဟုတ် ကီလိုတစ်သိန်းအာမခံပေးထားပါသည်။

Read 5796 times