ဂျပန်ရိုးလ်ရွှိုက်စ် တိုယိုတာ စင်ကျူရီကို SUV မော်ဒယ် စတင်ထုတ်လုပ်


ဂျပန်ရိုးလ်ရွှိုက်စ် တိုယိုတာ စင်ကျူရီကို SUV မော်ဒယ် စတင်ထုတ်လုပ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ဂျပန်ရိုးလ်ရွှိုက်စ်ဟု တင်စား ပြောဆိုကြသည့် Toyota Century စည်းစိမ်ကားကို ယာဉ်မောင်း သီးသန့် ခန့်ထားပြီး ဂျပန်တွင် ထိပ်တန်းစီးပွားရေးသမားများ၊ နိုင်ငံရေးသမားများနှင့် အခြားသော ထိပ်တန်းအမှုဆောင်အရာရှိများ စီးကြသည်။
ဆီဒင်မော်ဒယ် ထုတ်လုပ်ခဲ့ရာမှ စက်တင်ဘာလ ၆ ရက်တွင် SUV မော်ဒယ်အသစ်ကို ပွဲထုတ်ပြသခဲ့သည်။

ယခု ပြသသည့် Century SUV ကို ကားတံခါး အမျိုးအစားမှအစ ဝယ်သူစိတ်ကြိုက်   ရွေးချယ်မှုများဖြင့် ထုတ်လုပ်ပေးမည်ဟု တိုယိုတာက ပြောကြားသည်။

 


အခြားကားများနှင့်မတူအောင် ကားကိုယ်ထည်ကို  ဝယ်သူစိတ်ကြိုက် ဖန်တီးပေးစေလိုပါက လက်မှုပညာသည်များက ဖန်တီးပေးမည် ဖြစ်သည်။
 လက်ရှိတွင် Century SUV ကို ဂျပန်မှ ဝယ်ယူသူများအတွက်သာ ထုတ်လုပ်ပေးသွားမည်။


 
တစ်လလျှင် အစီး ၃၀ အထိသာ ရောင်းချပေးမည်။
ယခင် ဆီဒင်မော်ဒယ် ထုတ်လုပ်စဉ်က တလလျှင် အစီး ၅၀ အထိ ရောင်းချပေးသည်။
အခြေခံဈေးနှုန်းမှာ ယန်း ၂၅ သန်း($170,000) မှ စတင်ပါသည်။

 

ဆီဒင်မော်ဒယ်သည် နောက်ဘီးယက် ဖြစ်ပြီး Lexus LS ၏ ယာဉ်အောက်ပိုင်းကို ယူသုံးထားသည်။ 
Century SUV သည် ရှေ့ဘီးယက်နှင့် ၄ ဘီးယက် နှစ်မျိုးဖြစ်ပြီး Toyota Kluger နှင့် Lexus RX SUV တို့၏ ယာဉ်အောက်ပိုင်းကို ယူသုံးထားသည်။
ဆီဒင်တွင် 5.0-litre ဓာတ်ဆီ V8 ဟိုက်ဘရစ် အင်ဂျင် သုံးထားသည်။ 
SUV တွင် ပလပ်ထိုး အားသွင်း ဟိုက်ဘရစ်  plug-in hybrid ကို 3.5-litre ဓာတ်ဆီ V6 အင်ဂျင် သုံးထားသည်။
 V6 အင်ဂျင်က ပါဝါ 193kW အထိ ထုတ်ပေးနိုင်ပြီး ရုန်းအား 335Nm အထိ ရနိုင်သည်။
 မော်တာနှစ်လုံးထံမှ ပါဝါ 134kW နှင့် 80kW အထိ ၄ ဘီးယက်အတွက် ရနိုင်မည်။ ရုန်းအားမှာ 335Nm နှင့် 169Nm အထိ ရနိုင်မည်။


 
SUV အရွယ်အစားမှာ
• အလျား 5205 mm
• အကျယ် 1990 mm
• အမြင့် 1805 mm
• ခါးအလျား 2950 mm
ဖြစ်ပါသည်။


Century ဆီဒင်ကိုလည်း ဆက်လက် ထုတ်လုပ် ရောင်းချပေးနေမည် ဖြစ်ပါသည်။

 

 


Source drive
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1295 times