တိုယိုတာကားကုမ္ပဏီမှ အသစ်ထုတ်လုပ်လိုက်သော ပြိုင်ဘက်ကင်း Toyota Camry


ဂျပန်အခြေစိုက် တိုယိုတာ ကားကုမ္ပဏီက ထုတ်လုပ်သော အသစ်စက်စက် Toyota Camry ကားအမျိုးအစားသည် ဒီဇိုင်းကောင်းမွန်သော ဇိမ်ခံကားဖြစ်ပြီး သိပ်အကြီးကြီး မလိုချင်သည့်သူများအတွက် ကိုက်ညီပါသည်။ ကိုယ်ထည်က တောင်းတင်းခိုင်မာသည့်အတွက် လမ်းမရွေးဘဲ အသုံးပြုနိုင်ပါသည်။

Toyota Camry သည် 2.5 L ဆလင်ဒါလေးလုံးထိုး အင်ဂျင်ကို အသုံးပြုထားပြီး လောင်စာအဖြစ် အောက်တိန်းကို အသုံးပြုထားပါသည်။ D-4S direct injection system ဖြစ်ပြီး အော်တိုဂီယာခြောက်ချက် အသုံးပြုနိုင်ပါသည်။ ECO, Normal, Sport စသော Mode သုံးမျိုး ရွေးချယ်မောင်းနှင်နိုင်ပါသည်။

ကားအောက်ပိုင်းစနစ်အနေနှင့် ရှေ့ပိုင်းတွင် independent Mac Pherson strut ဖြစ်ပြီး နောက်ပိုင်းတွင် new double wishbone style malit-link ဖြစ်ပါသည်။

ရှေ့မီးလုံးမာျးသည် Bi-LED combination headlights များဖြစ်ပြီး LED Daylight Running Lights (DRL) ပါရှိပါသည်။

ယာဉ်နောက်ပိုင်းတွင် LED tailights များပါရှိပြီးနောက် ဘန်ပါတွင် တပ်ထားသည်။ မီးလုံးများသည် ဆန်းသစ်သောဒီဇိုင်းများဖြစ်ပြီး တစ်ဘက်ယာဉ်မောင်းကို မျက်စိမစူးရှအောင် တပ်ဆင်ထားပါသည်။

၁၉ လက်မ အလွိုင်းဝှီးများကို ကိုယ်ထည်နှင့် လိုက်ဖက်အောင် တပ်ဆင်ထားသည်။ ဗီ (V) ရှိတ်ပုံစံ Spot များနှင့်လှပစေသည်။ သားရေထိုင်ခုံများဖြစ်ပြီး ရှေ့ခန်းထိုင်ခုံများသည် စိတ်ကြိုက်အနေအထား ချိန်ညှိနိုင်သည်။

ကင်မရာနှင့် ရေဒါများမှ အာရုံခံပြီး ဖြတ်သွားဖြတ်လာမာျးကို ကြိုတင်ထောက်လှမ်း သတိပေးနိုင်သော Pedestrain Detection နှင့် ယာဉ်တိုက်မှုမဖြစ်အောင် ကြိုတင်သတိပေးနိုင်သော Pre-Collision System (PCS) စနစ်တို့ပါရှိသည်။

သတ်မှတ်ထားသော လမ်းကြောင်းမှ သွေဖည်သွားသည်နှင့် အချက်ပြသတိပေးသော Lane Departure Alert with steering Assist စနစ်ပါရှိပါသည်။ Cruise control စနစ်ပါရှိသည့်အတွက် သတ်မှတ်အမြန်နှုန်းအတိုင်း အလိုအလျောက် မောင်းနှင်နိုင်ပါသည်။

Bird’s Eye View Camera စနစ်ပါရှိသည့်အတွက် ကင်မရာမာျးသည် ရှေ့၊နောက်၊ အပေါ်ဘက်များတွင် တပ်ဆင်ထားပြီး ထိုမြင်ကွင်းများကို မော်နီတာမှတစ်ဆင့် တွေ့မြင်စေနိုင်ပါသည်။

Intelligent Clearance Sonar with Rear Cross-Traffic Braking စနစ် ပါရှိသည့်အတွက် ပတ်ဝန်းကျင်အခြေအနေများကို အလိုအလျောက်သိရှိပြီး လိုအပ်ပါက အင်ဂျင်၏ စွမ်းဆောင်ရည်ကို အလိုအလျောက် လျှော့ချရပ်တန့်စေမည်ဖြစ်ပါသည်။

တိုယိုတာ၏ အဆင့်မြင့်လုံခြုံစိတ်ချရသော စနစ်များစွာပါရှိပြီး SRS အသက်ကယ်လေအိတ်စနစ်လည်း ပါရှိသည့်အတွက် လုံခြုံစိတ်ချစွာ မောင်းနှင်နိုင်မည်ဖြစ်ပါသည်။

အသစ်စက်စက် Toyota Camry ၏ ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၅၄၀၀၀ သာဖြစ်ပြီး ထိုင်းနိုင်ငံတွင် ထုတ်လုပ်ပါသည်။

 

Read 978 times