Carcomplaints.com ၏ တွေ့ရှိချက်အရ Toyota Camry ကားအမျိုးအစား၏ ၂၀၀၇ မိုဒယ်သည် ကွန်ပလိန်းအများဆုံးဖြစ်သည်။
အင်ဂျင်ပြဿနာအဖြစ်များဆုံးဖြစ်ပြီး ဆီစားများသည့်ပြဿနာ အဖြစ်များပါသည်။
၁။ ပါဝါစတီယာရင်က ယိုစိမ့်ခြင်း
၁၉၉၀ မိုဒယ်မှ ၂၀၁၁ မိုဒယ်အထိ Toyota Camry ကို မိုင် ၁၅၀၀၀၀ မောင်းနှင်ပြီးသည့်အခါ အဖြစ်များပါသည်။ ပါဝါစတီယာရင် ပါဝါဆီပိုက်များ (hoses) နှင့် ပါဝါဆီပန့်(ပ်) (pump) မှ ယိုစိမ့်ခြင်းဖြစ်ပါသည်။
၂။ အရှိန်မြှင့်တင်လျှင် တုံ့ဆိုင်းနေခြင်း
၁၉၉၀ မိုဒယ်မှ ၂၀၀၈ မိုဒယ်အထိ Toyota Camry ကို မိုင် ၇၀၀၀၀ မောင်းနှင်ပြီးတိုင်း အော်တိုဂီယာ (automatic transmission) ကို အသုံးပြုပြီး အရှိန်မြှင့်တင်သည့်အခါ ကားသည် တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်သွာတတ်ပါသည်။
ကွန်ပျူတာဆော့ဖ်ဝဲတွင် ပြဿနာရှိခြင်းမျိုး အဖြစ်များပါသည်။ Transmission Software ကို update လုပ်ရမြည်ဖစ်ပါသည်။
၃။ အောက်ဆီဂျင်ဆင်ဆာ ချို့ယွင်းခြင်း
၁၉၉၀ မိုဒယ်မှ ၂၀၀၉ မိုဒယ်အထိ Toyota Camry ကို မိုင်တစ်သိန်းကျော် မောင်းနှင်ပြီးသည့်အခါ အဖြစ်များပါသည်။ ပြဿနာက အင်ဂျင်ချက်မီး (check engine light) လင်းလာခြင်းဖြစ်သည်။
အင်ဂျင်ချက်မီးလင်းလာရသည်မှာ အောက်ဆီဂျင်ဆင်ဆာ (oxygen sensor) အလုပ်မလုပ်တော့ခြင်းဖြစ်ပါသည်။
၄။ ဘရိတ်ပြဿနာ
၁၉၉၀ မိုဒယ်မှ ၂၀၀၅ မိုဒယ်အထိ Toyota Camry ကို မိုင် ၇၀၀၀၀ ကျော်မောင်းနှင်ပြီးသည့်အခါ ဘရိတ် (brake) ပြဿနာ အဖြစ်များပါသည်။ ဘရိတ်စနစ်၏ ရှေ့ရော့တာ (front rotors) များ ချို့ယွင်းသည့်အတွက်
ဘရိတ်နင်းလိုက်သည့်အခါတိုင်း စတီယာရင် လက်ကိုင်က တုန်ခါပါသည်။ ချို့ယွင်းသော front rotors များကို အသစ်လဲလှယ်ရပါမည်။
၅။ အော်တိုဂီယာ ပြဿနာ
၁၉၉၀ မိုဒယ်မှ ၂၀၁၁ မိုဒယ်အထိ Toyota Camry ကို မိုင် ၁၆၀၀၀၀ ကျော် မောင်းနှင်ပြီးသည့်အခါ အော်တိုဂီယာပြဿနာဖြစ်လာတတ်ပါသည်။ အော်တိုဂီယာက ပုံမှန်အတိုင်း ချိန်းသွားခြင်းမျိုးမဟုတ်တော့ပေ။
ထိုအရာသည် သရော်တယ်ပိုစစ်ရှင်းဆင်ဆာ (throttle position sensor) သို့မဟုတ် ဆိုလီနွိုက် (shift solenoid) အသစ်လဲလှယ်ရန် လိုအပ်နေခြင်းဖြစ်ပါသည်။
၆။ အင်ဂျင်ချက်မီးလင်းခြင်း
၁၉၉၄ မိုဒယ်မှ ၂၀၀၄ မိုဒယ်အထိ Toyota Camry ကို မိုင် ၁၈၀၀၀၀ ကျော် မောင်းနှင်ပြီးသည်အခါ အင်ဂျင်ချက်မီးလင်းလာတတ်ပါသည်။ ကွန်ပျူတာထိုးစစ်သည့်အခါ ကုတ်နံပါတ် P0770 သို့မဟုတ် P0773 ကို
ညွှန်ပြနေလျှင် ဆိုလီနွိုက် (3-way-lock-up solenoid) ချို့ယွင်းခြင်းဖြစ်၍ လဲလှယ်ရန် လိုအပ်ခြင်းဖြစ်ပါသည်။
၇။ Ignition Coil ချွတ်ယွင်းခြင်း
၁၉၉၆ မိုဒယ်မှ ၂၀၀၈ မိုဒယ်အထိ Toyota Camry ကို မိုင် ၁၅၀၀၀၀ နီးပါးမောင်းနှင်ပြီးသည့်အခါ Ignition coil ချွတ်ယွင်းခြင်း အဖြစ်များပါသည်။ ထိုကဲ့သို့ ချွတ်ယွင်းပြီဆိုလျှင် အင်ဂျင်မီးမကူးခြင်း (engine misfire)
သို့မဟုတ် အင်ဂျင်ချက်မီးလင်းခြင်းဖြစ်ပါသည်။ ထို့ကြောင့် Ignition coil အသစ်လဲလှယ်ရမည်ဖြစ်ပါသည်။
၈။ စတတ်တာချို့ယွင်းခြင်း
၁၉၉၀ မိုဒယ်မှ ၂၀၁၃ မိုဒယ်အထိ Toyota Camry ကို မိုင် ၁၅၀၀၀၀ နီးပါးမောင်းနှင်ပြီးသည့်အခါ ကားစက်နှိုး၍မရသည့်ပြဿနာရှိလာတတ်ပါသည်။ များသောအားဖြင့် စတတ်တာ (starter) က ချို့ယွင်းခြင်းဖြစ်ပါသည်။
တစ်ခါတစ်ရံ စတတ်တာဆိုလီနွိုက်က ချို့ယွင်းခြင်းလည်း ဖြစ်နိုင်ပါသည်။
၉။ EGR စနစ် ပိတ်ဆို့ခြင်း
၁၉၉၀ မိုဒယ်မှ ၂၀၀၄ မိုဒယ်အထိ Toyota Camry ကို မိုင် ၁၅၀၀၀၀ ကျော် မောင်းနှင်ပြီးသည့်အခါ အင်ဂျင်ချက်မီးလင်းလာတတ်ပါသည်။ ထိုသို့ဖြစ်ခြင်းသည် EGR စနစ် ပိတ်ဆို့နေခြင်း၊
သို့မဟုတ် EGR Temperature sensor တွင် ပြဿာရှိနေတတ်ခြင်းဖြစ်ပါသည်။ EGR စနစ်ကို သန့်စင်ပြုပြင်ခြင်း အပူချိန်ဆင်ဆာအသစ်လဲလှယ်ခြင်းများ ပြုလုပ်ရပါမည်။
kumudra