တိုယိုတာကမ်မရီတွင်ဖြစ်တတ်သည့်ပြဿနာအချို့


တိုယိုတာကမ်မရီတွင်ဖြစ်တတ်သည့်ပြဿနာအချို့ကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

(၁)အောက်ဆီဂျင်ဆင်ဆာချို့ယွင်းခြင်း

၁၉၉၀ မော်ဒယ်မှ ၂၀၁၀ မော်ဒယ်အထိကီလိုတစ်သိန်းခွဲမောင်းနှင်ပြီးသည့်တိုယိုတာကမ်မရီတွင် အဖြစ်များပါသည်။

ထို့သို့ဖြစ်ရခြင်းမှာအောက်ဆီဂျင်ဆင်ဆာ(oxygen sensor) အလုပ်မလုပ်သည့်အတွက်အင်ဂျင်ချက်မီး(check engine light) လင်းခြင်းဖြစ်ပါသည်။

အောက်ဆီဂျင်ဆင်ဆာကိုလဲလှယ်ပေးရခြင်းဖြစ်ပါသည်။

(၂)အင်ဂျင်ဝိုင်ပါဝါလျော့ကျ

Car Complaints.com ၏အဆိုအရ ၂၀၀၇ မော်ဒယ်တိုယိုတာကမ်မရီကားအမျိုးအစားသည်သုံးစွဲသူများ၏ complain အများဆုံးဖြစ်ကြောင်းဆိုထားသည်။

အများဆုံးဖြစ်တာကအင်ဂျင်ပါဝါလျော့ကျခြင်းဖြစ်ပါသည်။

၁၉၉၈ မော်ဒယ်မှ ၂၀၁၂ မော်ဒယ်အထိကီလိုတစ်သိန်းခွဲမောင်းနှင်ပြီးသည့်ကမ်မရီတွင်လည်း အဖြစ်များပါသည်။

အင်ဂျင်ထဲတွင်အင်ဂျင်ဝိုင်အနည်းအနှစ်များလာသည့်အတွက်အင်ဂျင်ဝိုင်ပါဝါလျော့ကျလာခြင်းဖြစ်ပါသည်။

ထိုသို့ဖြစ်ရခြင်းမှာသန့်ရှင်းလတ်ဆတ်သည့်အင်ဂျင်ဝိုင်လဲလှယ်ရန်လိုအပ်ပါသည်။

ယာဉ်ပိုင်ရှင်များအနေဖြင့်မိုင် ၃၀၀၀ မောင်းနှင်ပြီးတိုင်းအင်ဂျင်ဝိုင်အသစ်လဲလှယ်ပေးသင့်ပါသည်။

ပုံမှန်လဲလှယ်ခြင်းမျိုးမရှိသည့်အတွက်ကြာရှည်သည့်အင်ဂျင်ဝိုင်များကမသန့်စင်တော့ဘဲအနည်းအနှစ်များဖြစ်လာပြီးအင်ဂျင်ဝိုင်၏အရည်အသွေးများကျဆင်းလာခြင်းဖြစ်သည်။

(၃)အော်တိုဂီယာပုံမှန်အလုပ်မလုပ်ခြင်း

၁၉၉၀ မှ ၂၀၁၂ မော်ဒယ်အထိကီလိုနှစ်သိန်းမောင်းနှင်ပြီးသည်အထိကမ်မရီတွင်အများဆုံးဖြစ်ပါသည်။

ကီလိုအများကြီးမောင်းနှင်ပြီးသည့်ကားများတွင်အော်တိုဂီယာကပုံမှန်အလုပ်မလုပ်ခြင်းဖြစ်ပါသည်။

အဲဒါက throttle position sensor နေရာရွှေ့နေခြင်း သို့မဟုတ် ဆိုလီနွိုက်(solenoid) အသစ်လဲလှယ်ရန်လိုအပ်နေခြင်းဖြစ်ပါသည်။

(၄) ညှော်နံ့ထွက်လာခြင်း

၁၉၉၀ မှ ၂၀၁၂ မော်ဒယ်အထိကီလိုတစ်သိန်းခွဲမောင်းနှင်ပြီးသည့်ကမ်မရီများတွင်အဖြစ်များပါသည်။

ထို့သိုဖြစ်ရခြင်းမှာအပူရှိန်များသည့်နေရာအနီးကဂက်စ်ကတ်(value cover gaskets) များပုံမှန်မဟုတ်တော့သည့်အတွက်ဆီယိုစိမ့်ခြင်းမှညှော်နံ့ထွက်လာခြင်းဖြစ်သည်။

ချို့ယွင်းသည့်ဂက်စ်ကတ်ကိုရှာဖွေပြီး ပြန်လည်တပ်ဆင်ခြင်း၊ အသစ်လဲလှယ်ခြင်းများပြုလုပ်ရပါသည်။

(၅)ဝှီးစပိဆင်ဆာချို့ယွင်းခြင်း

၁၉၉၂ မှ ၂၀၀၂ မော်ဒယ်အထိကီလိုတစ်သိန်းခွဲမောင်းနှင်ပြီးသည့်ကမ်မရီများတွင်အဖြစ်များပါသည်။

မောင်းနှင်လို့ကီလိုများလာသည်အခါ anti-lock brake system တွင်ပါရှိသည့်ဝှီးစပိဆင်ဆာ (wheel speed sensor) ပြုတ်ထွက်နေခြင်း သို့မဟုတ် အလုပ်မလုပ်သည့်အတွက်အေဘီအက်စ်မီး (ABS warning light) လင်းပါသည်။

ဆင်ဆာအသစ်လဲလှယ်ရပါမည်။

(၆)ကိုယ်ထည်ကအသံမြည်ခြင်း

၁၉၉၀ မှ ၂၀၀၁ မော်ဒယ်အထိကီလိုတစ်သိန်းခွဲမောင်းနှင်ပြီးသည့်ကမ်မရီများတွင်ကားကခလုတ်တစ်ခုခုနှင့် ဆောင့်မိတိုက်မိသည့်အခါကားကိုယ်ထည်ကကျယ်လောင်သည့်အသံမြည်ခြင်းဖြစ်ပါသည်။

ယင်းအသံမှာညဉ်းညူသံမျိုးပါရှိသကဲ့သို့ကြိတ်ဝါးသည့်အသံမျိုးလည်းပါဝင်ပါသည်။

ထို့သို့ဖြစ်ရခြင်းမှာယာဉ်အောက်ပိုင်း suspension system စနစ်ထဲတွင်ချောဆီထည့်ရန် လိုအပ်နေခြင်းဖြစ်ပါသည်။

အထူးသဖြင့်ရာဘာပွိုင့်(rubber joints) များတွင်အသံများအဆက်မပြတ်မြည်နေပါက suspension struts ၏အစိတ်အပိုင်းအချို့ပျက်စီးနေခြင်းဖြစ်ပါသည်။

(၇)စတီယာရင် rack and pinion ယိုစိမ့်ခြင်း

၁၉၉၅ မော်ဒယ်မှ ၂၀၁၁ မော်ဒယ်အထိကီလိုတစ်သိန်းမောင်းနှင်ပြီးသည့်ကမ်မရီများတွင်အဖြစ်များပါသည်။

စတီယာရင်၏ rack and pinion မှယိုစိမ့်ခြင်းဖြစ်ပြီးစတီယာရင်ကိုလှည့်သည့်အခါအသံမြည်ပါသည်။

Steering rack and pinion ကိုအသစ်လဲလှယ်ရပါမည်။

(၈) နောက်မီးမလင်းခြင်း

၁၉၉၂ မော်ဒယ်မှ ၂၀၀၃ မော်ဒယ်အထိကီလိုနှစ်သိန်းမောင်းနှင်ပြီးသည့်ကမ်မရီများတွင်အဖြစ်များပါသည်။

ကားနောက်မြီးတွင်တပ်ဆင်ထားသည့်အချက်ပြမီးများမလင်းခြင်းဖြစ်ပါသည်။

အတွင်းပိုင်းကသွားသည့်ဝါယာရင်းစနစ်ချို့ယွင်းခြင်း၊ မီးလုံးများနှင့်ဆက်သွယ်ထားသည့်ဝါယာရိန်းစနစ်ချို့ ယွင်းခြင်း၊ မီးလုံးများနှင့်ဆက်သွယ်ထားသည့်ဝါယာများပြတ်တောက်ခြင်းဖြစ်ပါသည်။

မီးလုံးများလဲလှယ်ရန်မလိုအပ်ပဲဝါယာရင်းစနစ်ကျွမ်းကျင်သူနှင့်ပြင်ဆင်ရမည်ဖြစ်သည်။

(၉)အရှိန်မြှင့်တင်သည့်အခါတုံ့ဆိုင်းတုံ့ဆိုင်းဖြစ်တတ်ခြင်း

၁၉၉၀ မှ ၂၀၀၈ မော်ဒယ်ကီလိုတစ်သိန်းမောင်းနှင်ပြီးသည့်ကမ်မရီများတွင်အဖြစ်များပါသည်။

အော်တိုဂီယာနှင့်အရှိန်မြှင့်တင်သည့်အခါတုံ့ဆိုင်းနေတတ်ပါသည်။

ထို့သို့ဖြစ်ခြင်းမှာကွန်ပျုတာဆော့ဖ်ဝဲအသစ်ရေးဆွဲရန်လိုအပ်ပါသည်။

ဆော့ဖ်ဝဲ(software)ရေးဆွဲသည့်အခါ update ဖြစ်နေရန်လည်းလိုအပ်ပါသည်။

Read 1307 times