Toyota Camry 2016 ကားအမျိုးအစားကိုhybridကားအဖြစ်၂၀၁၁ တွင်စတင်ထုတ်လုပ်ခဲ့ပြီး အခြေခံဂရိတ်အမျိုးအစားသုံးမျိုးနှင့် ထုတ်လုပ်ထားပါသည်။
ဂရိတ်ခွဲများအနေဖြင့် HybridLE, Hybrid SE, Hybrid XLE ဟူ၍သုံးမျိုးထုတ်လုပ်ထားပြီး ကိုယ်ထည်ပိုင်းဒီဇိုင်းကိုထူးခြားသည့်အချိုးအစားများနှင့်ထုတ်လုပ်ထားသောကြောင့်မြန်နှုန်းမြင့်မားစေပြီး လေခွင်းအားကောင်းမွန်စေပါသည်။
ကားအင်ဂျင်သံကိုထိန်းချုပ်ပြီး ညင်သာသည့်အင်ဂျင်သံထွက်စေမည့် နှစ်ထပ်အိတ်ဇောစနစ်(Dual Chrome-Tipped Exhaust) ကိုလည်းတပ်ဆင်ထုတ်လုပ်ထားပါသည်။
ကားအတွင်းခန်းထိုင်ခိုင်များကိုလည်းအပူချိန်နှင့်လေဝင်လေထွက် ကောင်းမွန်စေသည့်ပုံစံနှင့်တပ်ဆင်ထားပြီး Leather တစ်ဝက်ပါသည့်ထိုင်ခုံများဖြစ်ပါသည်။
Camry Center Stack ဆိုသည့်ကားစနစ်မှာလည်းကား၏ အတွင်းခန်း Dashboard LCD မှတစ်ဆင့်ကား၏ မီဒီယာပိုင်းကိုလည်းထိန်းချုပ်လုပ်ဆောင်မှုများကိုပြုလုပ်နိုင်ပါသည်။
ရှေ့ခန်းမှာထိုင်ခုံအတွက် Moonroof ပါဝင်ပြီး နောက်ခန်းထိုင်ခုံများွကိုလည်း သက်သောင့်သက်သာ ရှိစေမည့် ထိုင်ခုံများအဖြစ် တပ်ဆင်ထုတ်လုပ်ထားပါသည်။
ယင်းကားတွင် ဖုန်းများကိုကြိုးမဲ့စနစ်ဖြင့်အားသွင်းနိုင်သည့် wireless အားသွင်းစနစ်၊ Entune ဟုခေါ်သည့်ဖုန်းအက်ပ်များနှင့်ချိတ်ဆက်အသုံးပြုနိုင်သည့် Touch Screen စနစ်၊ လမ်းကြောင်းပြစနစ်၊ ခရီးစဉ်မှတ်တမ်းတင်စနစ်၊ စတီယာရင်ကွန်ထရိုးစနစ်၊ ဂီယာတွင်လည်း S+,S- စနစ်များကိုလည်း တပ်ဆင်ထုတ်လုပ်ထားပါသည်။
ယင်းကားတွင်မြင်းကောင်ရေ ၂၀၀ အားရှိသည့်ဟိုက်ဘရစ်အင်ဂျင်မှာကား၏ဆီစားနှုန်းကို ၄၀MPG အထိလျှော့ချပေးနိုင်မည်ဖြစ်ပါသည်။
ဟိုက်ဘရစ်အင်ဂျင်မောင်းနှင်နေစဉ်အင်ဂျင်အခြေအနေနှင့်လုပ်ဆောင်နေပုံများကိုအတွင်းခန်း LCD မှစောင့်ကြည့်နိုင်ပါသည်။
ယင်းကားကို ပြည်တွင်းဈေးကွက်တွင်Toyota camry 2012အထိတင်သွင်းရောင်းချနေပြီး ဈေးနှုန်းမှာ ကျပ်သိန်း ၇၀၀ ဝန်းကျင်ခန်ှုရှိကြောင်းသိရသည်။