ခေတ်ရှေ့ပြေး ပြိုင်ကားဆန်တဲ့ အသစ်စက်စက် Toyota Camry


တိုယိုတာကို နှစ်သက်တဲ့ကား crazy တွေအတွက် ခံစားမှုအသစ်တွေ ပေးစွမ်းမှာဖြစ်ပါတယ်။ ခေတ်ရှေ့ပြေး ပြိုင်ကားဆန်တဲ့ ဆီဒင်ကားအမျိုးအစား ကမ်မရီကို တိုယိုတာက စတင်မိတ်ဆက်ခဲ့ပါတယ်။

အနုစိတ် လက်မှုပညာနဲ့ ဖန်တီးထားတဲ့ ရုပ်ပုံလုံးကြွလိုင်းတွေက ပေါ်လွင်လှပစေပါတယ်။ လျင်မြန်သွက်လက်မှု၊ တောင့်တင်းခိုင်မာမှု၊ ဒီဇိုင်းလှပပြီး ကျယ်ဝန်းတဲ့ ကားအတွင်းခန်းတွေကြောင့် တိုယိုတာကိုနှစ်သက်တဲ့ ကားခရေဇီတွေအတွက် ခံစားမှုအသစ်တွေ ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

အသစ်စက်စက် Toyota Camry ရဲ့ဈေးနှုန်းဟာ ကြမ်းခင်းဈေး အမေရိကန်ဒေါ်လာ ၄၉,၉ဝဝ ကနေ စတင်ပါတယ်။ အရောင်ခုနစ်မျိုး ရွေးချယ်နိုင်သလို ၂.ဝ လီတာနဲ့ ၂.၅ လီတာ အင်ဂျင်ကိုလည်း ရွေးချယ်နိုင်ပါတယ်။ ဝယ်ယူသူတွေအနေနဲ့ သုံးနှစ် ဒါမှ မဟုတ် ကီလိုတစ်သိန်း အာမခံရရှိပါမယ်။ ၈၇ (က)၊ ကမ္ဘာအးဘုရားလမ်း၊ ဗဟန်းမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ Toyota Aye and Sons နဲ့ အမှတ်(၆)၊ ဘုရင့်နောင်လမ်း(၂)ရပ်ကွက်၊ လှိုင်မြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ Toyota Mingalar အစရှိတဲ့ ကားအရောင်းပြခန်းတွေမှာ ဝယ်ယူနိုင်ပါတယ်။

အင်ဂျင်

၂.၅ လီတာအင်ဂျင်ကို အသုံးပြုထားပြီး အော်တိုဂီယာခြောက်ချက် ပြောင်းလဲအသုံးပြုနိုင်ပါတယ်။

အမြင့်ဆုံးအင်ဂျင်ရဲ့ စွမ်းဆောင်ရည်ဟာ 6000 rpm မှာ 125 kw ရှိပြီး ရုန်းအား 4100 rpm မှာ 235 Nm ရှိပါတယ်။

၂.ဝ လီတာ အင်ဂျင်ရဲ့ စွမ်းဆောင်ရည်ဟာ 6500 rpm မှာ 123 kw ရှိပြီး ရုန်းအား 4600 rpm မှာ 199 Nm ရှိပါတယ်။

Toyota New Global Arcite-cture (TNGA) ပါရှိတဲ့အတွက် အကောင်းမွန်ဆုံးစွမ်းဆောင်ရည်ကိုပေးစွမ်းနိုင်မှာပါ။

အပြင်ပိုင်း၊ အတွင်းပိုင်း

၂.၅ လီတာ ကားအမျိုးအစားမှာ Drive Mode Select System ပါရှိတဲ့အတွက်(Normal, Eco နဲ့ Sport) သုံးမျိုးရွေးချယ်နိုင်မှာပါ။

အီလက်ထရွန်းနစ် ဘရိတ်ဖြန့်ဝေတဲ့စနစ်(EBD)၊ အဆင့်မြင့်ဘရိတ်စနစ်ဖြစ်တဲ့ Anti-Lock Brake System(ABS)၊ တည်ငြိမ်မှုကို ထိန်းချုပ်ပေးတဲ့ (VSC) နဲ့ တောင်တက်ရာမှာ ကူညီထိန်းချုပ်ပေးတဲ့ HAC စနစ်တွေ ထည့်သွင်းထားပါတယ်။

ရှေ့မီးလုံးတွေနဲ့ အနောက်ဘက် ပေါင်းစပ်မီးလုံးတွေရဲ့ဒီဇိုင်းကိုလည်း ဆန်းသစ်ထားပါတယ်။ Day Light မီးလုံးတွေပါရှိတယ်။ စပီကာ ကိုးလုံးပါရှိတဲ့ JBL အသံစနစ်နဲ့အတူ အဆင့်မြင့်အော်ဒီယိုဖန်သားပြင်စနစ် ပါရှိပါတယ်။

အချက်အလက်တွေကို ပြသပေးပြီး ဖောက်ထွင်းမြင်နိုင်တဲ့ မျက်နှာပြင်ကြောင့် မောင်းနှင်သူဟာ ပုံမှန်ထက်ဝေးတဲ့နေရာတွေကို ကြည့်စရာမလိုဘဲ သိရှိနိုင်မှာပါ။ အသစ်စက်စက် Camry ဟာ အရှေ့တောင်အာရှတိုင်းပြည်တွေအတွက် New Car Assessment Program(ASEAN NCAP)ရဲ့ ကြယ်ငါးပွင့်အဆင့်ကို ဆွတ်ခူးရရှိထားတဲ့ ကားတစ်စီးလဲဖြစ်ပါတယ်။


 

Read 673 times