Toyota Caldina တွင်ဖြစ်တတ်သည့်ပြသနာများ


ယင်းကားအမျိုးအစားသည်ပြည်တွင်းတွင်အသုံးများသည့်ကားအမျိုးအစားဖြစ်ပါသည်။

ဈေးနှုန်းသင့်တင့်သည့်အတွက်လည်းအသုံးများပါသည်။

စက်ပစ္စည်းများ၏သဘောမှာအသုံးပြုတာကြာရှည်သည်နှင့်အမျှပြသနာလေးများဖြစ်တတ်သောကြောင့် ကြိုတင်သိရှိကာကွယ်ထားနိုင်ပါက ရေရှည်အသုံးပြုနိုင်မည်ဖြစ်ပါသည်။

ထို့သို့သောပြသနာများကိုကြိုတင်သိရှိနိုင်မည့်အချက်အလက်များကိုအောက်တွင်ဖော်ပြပေးထားပါသည်။

၁။တစ်ကြိမ်တည်းဖြင့်စက်နှိုးမရခြင်း

၂၀၀၃ မော်ဒယ်ကိုစက်စတင်နှိုးနှိုးချင်းမရတာပါ။

နှစ်ကြိမ်လောက်ဆက်တိုက်နှိုးမှသာစက်ကလည်ပတ်ပါသည်။

ထို့နောက်ဒက်ရှ်ဘုတ်မီးမလင်းခြင်း၊ တံခါးပေါက်များအတင်အချလုပ်လို့မရသည့်ပြသနာများပူးတွဲပါဝင်လာ ပါသည်။

ထို့သို့ဖြစ်ခြင်းမှာပါဝါပေးသည့်အစိတ်အပိုင်းမှပြသနာရှိနေခြင်းဖြစ်ပြီး လျှပ်စစ်စွမ်းအင်ပို့ပေးသည့်ဝါယာရင်းစနစ်များကို စစ်ဆေးရန်လိုအပ်ပါသည်။

၂။အင်ဂျင်အပူလွန်ကဲခြင်း

၂၀၀၃ မော်ဒယ်တွင်မောင်းနှင်ပြီးအချိန်တိုအတွင်းအင်ဂျင်အူလွန်ကဲခြင်း(over heat)ဖြစ်တတ်ပါသည်။

မြန်နှုန်းမြင့်ခရီးဝေးမောင်းနှင်သည့်အခါများတွင် အဖြစ်များပါသည်။

ထို့သို့ဖြစ်ရခြင်းမှာအင်ဂျင်အအေးပေးစနစ်များအားနည်းချက်ရှိလာပါသည်။

ရေတိုင်ကီဖြစ်သည့်အင်ဂျင်အအေးပေးစနစ်ကိုစစ်ဆေးရမည်ဖြစ်ပါသည်။

ကူးလင့်အရည်လည်ပတ်သည့်အနေအထား၊ ရေလည်အုံ၊ ပန်ကာနှင့်သာမိုစတက်စသည်တို့ကောင်းမွန်မှုရှိမရှိ စစ်ဆေးရပါမည်။

အင်ဂျင်ဝိုင်ရှိမရှိစစ်ဆေးပြီးသက်တမ်းလွန်ပါကအသစ်လဲလှယ်ပေးရပါမည်။

၃။စတီယာရင်ပြသနာ

၁၉၉၅ မော်ဒယ် Caldina မှာ loose steering wheel ဖြစ်တတ်သည်။

ဂီယာနံပါတ် တစ်မှ နှစ်ကိုပြောင်းပြီးသည့်အခါစတီယာရင် loose ဖြစ်ပြီးချိန်ညှိလို့မရနိုင်တာဖြစ်ပါသည်။

ထို့သို့ဖြစ်ရခြင်းမှာမြန်နှုန်းမြင့်မောင်းနှင်သည့်အချိန်များတွင်အလွန်အန္တရာယ်များခြင်းဖြစ်သောကြောင့် အထူးဂရုစိုက်ပြုပြင်သင့်ပါသည်။

***သင်စိတ်ဝင်စားနိုင်သောမြန်မာပြည်ရောက်brand new ကားသစ် Nissan X-Trail 2016***

၄။ABS မီးလင်းခြင်း

၁၉၉၈ မော်ဒယ် Caldina ၏ ဒက်ရှ်ဘုတ်တွင် ABS မီးလင်းနေခြင်းဖြစ်ပါသည်။

ABS စနစ်မပါဘဲကောင်းမွန်စွာမောင်းနှင်နိုင်သည့်အတွက်အချိန်ယူပြီးဖြေရှင်းနိုင်ပါသည်။

ABS စနစ်အတွင်းလျှပ်စစ်ဝါယာကြိုးပြတ်တောက်ခြင်း၊ knock sensor,wheels sensors,speed sensors များချို့ယွင်းခြင်းများဖြစ်နိုင်ပါသည်။

ယင်းအချက်များကောင်းမွန်နေပါက diagnosis machine OBD2 နှင့်ကွန်ပျုတာထိုးစစ်ရမည်ဖြစ်သည်။

၅။ဒက်ရှ်ဘုတ်အသံမြည်ခြင်း

၂၀၀၄ မော်ဒယ် Caldina ZT ၏ဒက်ရှ်ဘုတ်အတွင်းမှအသံမြည်လာတတ်ခြင်းဖြစ်ပါသည်။

ယင်းသို့မြည်ခြင်းမှာကလစ်သံဖြစ်ပြီး အင်ဂျင်ပူနွေးလာလေအသံပိုမြည်လာလေဖြစ်သည်။

ကျယ်လောင်ခြင်းမျိုးမဟုတ်ပဲဂရုစိုက်နားထောင်ပါက သိသိသာသာကြားနိုင်ပါသည်။

အင်ဂျင်ဝိုင်နှင့်ဆီစစ်များလဲလှယ်ရန်လိုအပ်ပါသည်။

၆။အင်ဂျင်ချက်မီးလင်းခြင်း

၂၀၀၀ မော်ဒယ် Caldina ၏ဒက်ရှ်ဘုတ်မှာအင်ဂျင်ချက်မီးလင်းနေပြီးမောင်းနှင်သည့်အခါတွင် O/D Light မှဖွင့်လိုက်ပိတ်လိုက်ဖြစ်နေပါသည်။

အင်ဂျင်အဆွဲအရုန်းမှမမှန်သည့်အတွက်သက်သောင့်သက်သာမောင်းနှင်လို့မရအောင်ဖြစ်လာတတ်ပါသည်။

Odometer clock မှချို့ယွင်းတာများပါသည်။

၇။ဘက်ဂီယာပြဿနာ

၁၉၉၉ မော်ဒယ် four wheel drive Caldina တွင်ဖြစ်သည့်ပြဿနာဖြစ်ပါသည်။

ရှေ့ကိုဦးတည်ပြီးမောင်းနှင်နေသည့်အခါတခြားပြဿနာမှမရှိသော်လည်း ဘက်ဂီယာထိုးပြီးနောက်ဆုတ်သည့် အခါခေါက်သံ(knock) ထွက်လာပြီး ကားဘီးများတုန်ခါလာတတ်ပါသည်။

၈။တုံ့ပြန်မှုနှေးကွေးခြင်း

၂၀၀၁ မော်ဒယ် Caldina ကိုစက်နှိုးသည့်အခါဘာပြဿနာမှမရှိဘဲအင်ဂျင်လည်ပတ်ပါသည်။

သို့သော်လီဗာနင်းပြီးအရှိန်မြှင့်တင်သည့်အခါချက်ချင်းတုံ့ပြန်မှုမရှိပါ။

အနည်းငယ်စောင့်ပြီးမှအရှိန်မြင့်တက်လာပါသည်။

နောက်တစ်ချက်ကတစ်နာရီ ၅၀ ကီလိုမီတာနှုန်းနှင့်မောင်းနှင်နေရာမှရုတ်တရက်တစ်နာရီ ၂၀ ကီလိုမီတာနှုန်းအထိကျဆင်းသွားခြင်းမျိုးဖြစ်တတ်ပါသည်။

အင်ဂျင်ကိုစောင့်ကြည့်သည့်အာရုံခံကိရိယာများကိုစစ်ဆေးသင့်ပါသည်။

အများဆုံးဖြစ်နိုင်တာက knock sensor လိုအာရုံခံကိရိယာချို့ယွင်းခြင်းဖြစ်ပါသည်။

၉။အင်ဂျင်ပူအဲကွန်းအလုပ်မလုပ်

၁၉၉၄ မော်ဒယ် Caldinaကို ၆၈ ကီလိုမီတာနှုန်းအထက်မောင်းနှင်သည့်အခါအင်ဂျင်ပူလာပြီး အဲကွန်းကအလုပ်လုပ်မလုပ်တော့ပါ။

ယင်းမော်ဒယ်မှာသက်တမ်းလွန်နေခြင်းဖြစ်တတ်ပါသည်။

အပြင်ကိုထွက်ရမည့်အပူရှိန်ကအိတ်ဇောပိတ်ဆို့ခြင်းကြောင့်အပူရှိန်နောက်ပြန်ပြီး အင်ဂျင်ပူလာတာဖြစ်နိုင်ပါသည်။

အိတ်ဇောစနစ်ကိုသန့်ရှင်းပေးရပါသည်။

ရေဒီယေတာအတွင်းတွင်ရေနည်းခြင်း၊ ရေလုံးမရှိခြင်း၊ ပန်ကာကြိုးချောင်နေခြင်း၊ ပြတ်နေခြင်း၊ ရေပန့်ကရေယိုခြင်းစသည့်အခြေအနေများကြောင့်အင်ဂျင်ပူလာတတ်ပါသည်။

သာမိုစတက်ချို့ယွင်းပါကရေအေးလှည့်ပတ်ခြင်းကိုရပ်တန့်စေသောကြောင့် အင်ဂျင်ပူလာတတ်ပါသည်။

ပန်နှင့်သာမိုစတက်ပြုပြင်ခြင်းရေအေးလှည့်ပတ်သည့်လမ်းကြောင်းများကိုသန့်ရှင်းပေးခြင်းများပြုလုပ်ရမည် ဖြစ်ပါသည်။

နောက်ထပ်ဖြစ်နိုင်ခြင်းမှအင်ဂျင်ပြုပြင်ပြီးသည့်အခါအသုံးပြုသည့်အင်ဂျင်ဝိုင်အရည်အသွေးမပြည့်မီခြင်း၊ စက်ကိုပြန်လည်တပ်ဆင်သည့်နေရာတွင်မကျွမ်းကျင်သည့်စက်ဆရာကြောင့်အစိတ်အပိုင်းများကျပ်လွန်းခြင်း၊ အထိုင်မကျခြင်း၊ တပ်ဆင်ပုံမှားယွင်းသောကြောင့် အင်ဂျင်လုပ်ဆောင်ပုံမှားယွင်းပြီးအပူလွန်ကဲတတ်ပါသည်။

အင်ဂျင်အပူလွန်ကဲခြင်းမဖြစ်သည့်အခါအဲကွန်းကပုံမှန်အလုပ်လုပ်ပါသည်။

 

Read 5981 times