Toyota က Suzuki အတွက်ကားထုတ်ပေးဖို့ရည်ရွယ်နေ


Japan အခြေစိုက် Toyota ကုမ္ပဏီဟာ ဗြိတိန်နိုင်ငံမှာရှိတဲ့ သူတို့ရဲ့ကားထုတ်လုပ်ရေးစက်ရုံကနေ Suzuki အတွက် Electric Hybrid ကားထုတ်လုပ်ပေးဖို့ရှိနေပါတယ်။

ဗြိတိန်ဟာ EU ကနေခွဲထွက်ဖို့ရှိနေတာကြောင့် ဗြိတိန်နိုင်ငံရဲ့ ကားထုတ်လုပ်ရေးစက်မှုဇုန်အတွက် အခက်အခဲတွေနဲ့ရင်ဆိုင်နေရချိန်လည်းဖြစ်ပါတယ်။

ဒီအချိန်မှာတော့ Toyota အနေနဲ့ စက်ရုံပိတ်သိမ်းပြီး အလုပ်သမားတွေ အလုပ်လက်မဲ့ မဖြစ်အောင် Suzuki အတွက် Electric Hybrid ကို ထုတ်လုပ်ပေးဖို့ရည်ရွယ်နေတာဖြစ်ပါတယ်။

အဆိုပါကားကို Toyota ရဲ့ Corolla Wagon ကိုအခြေခံလို့ ထုတ်လုပ်မှာဖြစ်ပြီး ၂၀၂၀ နှစ်ကုန်လောက်မှာ စတင်နိုင်ဖို့ ခန့်မှန်းထားပါတယ်။

A.P.T

Ref;DailyMail

Read 920 times