Toyota က BEV Factory အသိပေးကြေညာ


Toyota က BEV Factory အသိပေးကြေညာ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

Toyota က လုပ်ငန်းခွဲအသစ် BEV Factory ကို အသိပေးကြေညာပါသည်။

BEV Factory ကို မေလတွင် ထူထောင်ခဲ့ပါသည်။

BEV Factory သည် ခရီးတာ ၁,၀၀၀ ကီလိုမီတာ (မိုင် ၆၂၀) သွားနိုင်သော လျှပ်စစ်မော်တော်ယာဉ်များ ထုတ်လုပ်ရန် ရည်မှန်းချက် ထားရှိပါသည်။

နှိုင်းယှဉ်ကြည့်ပါက  Tesla Model 3 သည် ခရီးတာ ၄၃၀ ကီလိုမီတာခန့် ရရှိပြီး ခရီးဝေး ဗားရှင်းသည် ခရီးတာ ၅၇၀  ကီလိုမီတာခန့် ရရှိပါသည်။

BEV Factory သည် ၂၀၂၆ ခုနှစ်မှစတင်၍ မျိုးဆက်သစ်ဘက်ထရီများ ပါရှိသော ဘက်ထရီသုံး လျှပ်စစ်ကားမော်ဒယ်များ ထုတ်လုပ်မည်။

 

BEV Factory သည် ၂၀၃၀ ခုနှစ် နောက်ဆုံးထားပြီး ဘက်ထရီသုံး လျှပ်စစ်ကား စီးရေ ၁.၇ သန်း ထုတ်လုပ်ရန် ရည်မှန်းထားသည်ဟု BEV Factory ၏ ဥက္ကဌ Takero Kato က ပြောကြားသည်။

Toyota သည် ၂၀၂၆ ခုနှစ်တွင် တစ်နှစ်လျှင် လျှပ်စစ်ကားအစီးရေ ၁.၅ သန်း ရောင်းချရန် ရည်မှန်းချက် ထားရှိသည်။

 ၂၀၃၀ တွင် တစ်နှစ်လျှင် လျှပ်စစ်ကား အစီးရေ ၃.၅ သန်း ရောင်းချနိုင်ရန် ရည်မှန်းထားသည်။

 

Toyota သည် ဘက်ထရီလျှပ်စစ်ကားများအတွက် all-solid-state ဘက်ထရီများ  အမြောက်အမြား ထုတ်လုပ်သည့်နည်းလမ်းကိုလည်း တီထွင်လျက်ရှိသည်။

၂၀၂၇-၂၀၂၈ တွင် ၎င်းဘက်ထရီများ စီးပွားဖြစ် ထုတ်လုပ်မည်။

 

Source cnbc
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 323 times