(Toyota Belta) ဟာ ဈေးနှုန်းသင့်တင့်ပြီး ဆီစားလဲ သက်သာတဲ့ အတွက် ပြည်တွင်းမှာ အသုံးများပါတယ်။ ဘယ်လ်တာမှာ ဖြစ် တတ်တဲ့ ပြဿနာအချို့ကို ဖော်ပြပါတယ်။
(၁) အဆွဲအရုန်း ကျဆင်းတာ
၂ဝဝ၅ မော်ဒယ်လ် ဘ ယ်လ်တာ ဟာ တစ်နာရီ ၆၀ ကီလိုမီတာ ထက် ပိုမောင်းလို့ မရတာပါ။ အဲသည်ကားမှာ အင်ဂျင် ပလတ်၊ အဲယားဖစ်လ်တာ၊ ဆီပန့်မ် တွေ လဲလှယ်ထားပြီးသား ဖြစ်တယ်။ အင်ဂျင်ကို ပုံမှန်နှုန်းနဲ့ မောင်းနေချိန် မှာ ဒုက္ခမပေးဘဲ မြန်နှုန်းမြင့်မောင်းနှင် တဲ့ အခါ အမြန်နှုန်းမတည်ငြိမ်ဖြစ်ပြီး အင်ဂျင် ဆွဲအား ကျဆင်းလာတတ်တာပါ။ ဖြစ် တတ်တာတွေကတော့ ကွန်ဒင်ဆာ မ ကောင်းတာ၊ ကွိုင်အတွင်းမှာ ပြစ်ချက် ရှိ နေတာ၊ မီးဖြန့်ဝေ ကိရိယာကွန်တက်ပွိုင့်ရဲ့ ရှေ့ပြေး ယူနစ်အလုပ်မှန်အောင် မလုပ် တာ၊ မီးပွားပလတ်ကြားလွတ် အကွာ အ ဝေး မမှန်တာ၊ လောင်စာစနစ် မှာ ပြစ်ချက် ရှိနေတာ၊ အဆို့ရှင် စပရင်တွေရဲ့တင်းအား မှန်ကန်မှု မရှိတာ အဲသည် အချက်တွေ ကြောင့် ဖြစ်နိုင်ပါတယ်။
(၂) အင်ဂျင်ချက်မီးလင်းတာ
၂ဝဝ၆ မော်ဒယ်လ် ဘယ်လ်တာ ဟာ ပုံမှန် အတိုင်း ချောချောမွေ့မွေ့ မောင်းနှင် နိုင်ပါတယ်။ ဒါပေမဲ့ အင်ဂျင်ချက်မီး (check engine light ) လင်းနေပါတယ်။ ပုံမှန်မောင်းနှင်လို့ ရနေပေမဲ့ အင်ဂျင် ချက် မီး လင်းတာဟာ ကားမှာ ပြဿနာ တစ်စုံ တစ်ခု ရှိနေတာကို အသိပေးတာ ဖြစ် တယ်။ အဆင့်မြင့် ဆားဗစ်စင်တာတွေမှာ ကွန်ပျူတာထိုး စစ်ဆေးမှသာ ဘယ်အ စိတ်အပိုင်း တွေမှာ ပြဿနာ ရှိနေတယ်ဆို တာ အတိအကျ သိရှိပြီး ပြုပြင်နိုင်မှာ ဖြစ် တယ်။
(၃) စက်နှိုးရခက်တာ
၂ဝဝ၈ မော်ဒယ်လ်ဘယ်လ်တာ ဟာ ဆယ်နှစ်လောက် အသုံးပြုပြီး တဲ့အခါမှာ စက်စတင်နှိုးရတာ ကြန့်ကြာလာပါတယ်။ အဲဒါဟာ မနက်ပိုင်းမှာဖြစ်တာပါ။ သော့ကို နှစ်ကြိမ် သုံးကြိမ် လှည့်နှိုးမှ နိုးပါတယ်။
အင်ဂျင်နှိုးတဲ့အခါ ဂီယာအားလုံး လွတ်ကင်းတဲ့ အနေအထား ဖြစ်ရပါမယ်။ စက်နှိုးရမယ့် ဘက်ထရီဟာ အလွန်အား ကောင်းပြီး ဝါယာအဆက်အသွယ်တွေလည်း ကောင်းမွန်ရပါမယ်။ အဲဒါကြောင့် ဘက်ထရီ၊ ဘက်ထရီနဲ့ ဆက်သွယ်ထား တဲ့ ဝါယာရင်းစနစ်တွေကို အရင်ဆုံး စစ် ဆေးသင့်ပါတယ်။ အင်ဂျင်အေးလွန်းတာ က ကရိုင်းလည်ပတ်ပေမဲ့ နှေးကွေးနေ တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
(၄)အသံမြည်တာ
၂၀၁၀ မော်ဒယ်လ်ဘယ်လ်တာကို မြန်နှုန်းမြင့် မောင်းနှင်တဲ့ အခါ ရှေ့ခန်း ခရီး သည်ထိုင်တဲ့ဘက်က အသံမြည်တာပါ။ တောင်တက် ခရီးတွေမှာ တစ်ဆင့်ပြီး တစ် ဆင့် အရှိန်မြှင့်တင်တဲ့အခါ အသံမြည်တာ ကို ပိုသိသာပါတယ်။ တမ်း (thumping) အသံမျိုးပါ။ အဲဒါဟာ အင်ဂျင်အတွင်းက ထွက်ပေါ်လာတတ်တာပါ။ မိန်းဘယ်ရင် တွေ (main bearings) ချောင်နေတာပါ။ မိန်းဘယ်ရင်တွေကို အမြန်ဆုံး လဲလှယ် ပေးရပါမယ်။
(၅) ခေါက်သံထွက်ပေါ်လာ
၂ဝဝ၉ မော်ဒယ်လ်ဘယ်လ်တာကို အ ရှိန်မြှင့်တင်တဲ့အခါ ခေါက်သံ (knock) ထွက်ပေါ်လာတယ်။ ခေါက်သံဟာ ကား ကို အရှိန်မြှင့်တင်လိုက်တဲ့အခါ ဆက်တိုက် ထွက်ပေါ်လာတတ်ပါတယ်။ သော့ပိတ်ပြီး တဲ့နောက် အတန်ကြာတဲ့အထိ ဆက် တိုက်ထွက်ပေါ်နေတတ်ပါတယ်။ အဲဒါ မီး တိုင်ပင် စောခြင်း (early timing) ကြောင့် ဖြစ်တာပါ။ မီးပေးတာ စောတဲ့အတွက် လည်း ဖြစ်နိုင်တယ်။
မီးပွားစောတာ၊ အသုံးပြုတဲ့ လောင် စာ ညံ့တာ၊ အောက်တိန်းနံပါတ်နိမ့်တွေ အ သုံးပြုတာ၊အလိုအလျောက် မီးပွားေ ရှ့ပြေး ကိရိယာဟာ လုပ်ဆောင်မှု မြန်နေတာ၊ ဖို အား၊ အချိုးမြင့်လွန်းတာတွေကြောင့် ဖြစ် နိုင်ပါတယ်။
(၆)မန်နျူရယ် စာအုပ်ပြဿနာ
မန်နျူရယ်စာအုပ် (owner mannal instruction book) ဟာ ဂျပန်လိုရေး ထားတဲ့အတွက် ကားနဲ့ ပတ်သက်တဲ့ အ ချက် အလက်တွေကို ဖတ်လို့ မရတာပါ။ အဲ ဒါကတော့ ဂျပန် တစ်ပတ်ရစ် ကားကို အ သုံးပြုတဲ့အတွက် ဖြစ်ရတာပါ။ ဂျပန်ပြည် တွင်းမှာသာ အသုံးပြုဖို့ ထုတ်လုပ်ထားတဲ့ အတွက် မန်နျူရယ် စာအုပ်ကတော့ ဂျပန် လိုသာ ရေးသားထားတာပါ။
အောင်ထွန်းဦး