ယင်းကားသည် အင်ဂျင်ပါ၀ါသေးငယ်သည့်အတွက် ဆီစားနှုန်းသက်သာပြီး စျေးနှုန်းသင့်တင့်သည့်အတွက် ပြည်တွင်းတွင် အသုံးများသည့် ကားအမျိုးအစားဖြစ်ပါသည်။
ထိုကားအမျိုးအစားတွင်ဖြစ်တတ်သည့် ပြသနာများကို အောက်တွင်ဖော်ပြပေးလိုက်ပါသည်။
(၁) ဂီယာပြဿနာ
၂၀၁၈ မော်ဒယ် Toyota BB ကိုစက်နှိုးသည့်အခါ အဆင်ပြေပြေနှင့် အလွယ်တကူ စက်နှိုးလို့ရပါသည်။
သို့သော် နံပါတ်တစ်ဂီယာတွင် လီဗာကို စနင်းသည့်အခါ အရှိန်မြင့်မလာပဲ ခုန်ဆွခုန်ဆွဖြစ်နေတတ်သည့် ပြဿနာဖြစ်ပါသည်။
ဂီယာချိန်းပြီးမြန်နှုန်းမြင့်မလာဘဲ ခုန်ဆွခုန်ဆွ ဖြစ်နေတတ်သည့် ပြဿနာရှိပါသည်။
ဂီယာချိန်းပြီး မြန်နှုန်းမြင့်မောင်းနှင်သည့်အခါ ပုံမှန်အခြေအနေအတိုင်း မောင်းနှင်လို့ရပါသည်။
ဂီယာစနစ်ကို စစ်ဆေးပြုပြင်ရပါမည်။
(၂) အင်ဂျင်ချက်မီးလင်းခြင်း
၂၀၀၁ မော်ဒယ် Toyota BB ကိုတောင်တက်ခရီးများ အသုံးပြုသည့်အခါ အဖြစ်များပါသည်။
အတက်ခရီးများတွင် အချိန်အတော်ကြာမောင်းနှင်ရင် အင်ဂျင်ပါ၀ါကျဆင်းသွားပြီး အင်ဂျင်ချက်မီးလင်းလာပါသည်။
ကွန်ပျုတာထိုးစစ်မှသာ အတိအကျ သိရှိနိုင်ပါသည်။
(၃) လောင်စာဆီစားများလာ
၂၀၀၆ မော်ဒယ် Toyota BB သည် ဓာတ်ဆိတစ်ဂါလန်ကို ၃၆ ကီလိုမီတာမောင်းနှင်နိုင်သည်အထိ ဆီစားနှုန်းများလာပါသည်။
အဲကွန်းဖွင့်ပြီး ပုံမှန်အနေအထားမောင်းနှင်တာပါ။
ဂိီယာဝိုင်ကိုလဲလှယ်သင့်ပါသည်။
T3 အမျိုးအစားကို အသုံးပြုသင့်ပြီး အဲကွန်းဆန်ခါ (air filter)ကိုလည်းလဲလှယ်ရပါမည်။
လောင်စာဆီတစ်လီတာကို ၁၄ ကီလိုမီတာနှုန်းအထိ မောင်းနှင်နိုင်မည်ဖြစ်ပါသည်။
(၄) ပါ၀ါကျဆင်းလာခြင်း
၂၀၀၀ မော်ဒယ် Toyota BB သည်မိုးရွာသည့်အချိန်များတွင် မောင်းနှင်ပါက မသွားချင်ပဲ ဖြစ်နေတတ်ပါသည်။
မောင်းနှင်နေသည့်အခါများတွင် ခြေထောက်က လီဗာကို လွှတ်ထားသည့်အချိန်များတွင် အင်ဂျင်ပါ၀ါ ရုတ်တရက်ကျဆင်းပြီး ထိုးရပ်သွားခြင်းများ ဖြစ်တတ်ပါသည်။
အင်ဂျင်တွင်ရှိသည့် အာရုံခံကိရိယာ(sensor) တစ်ခုခုချို့ယွင်းခြင်း ဖြစ်နိုင်ပါသည်။
(၅) ထရန်စမစ်တာပြဿနာ
၂၀၀၇ မော်ဒယ် Toyota BB ၏ main transmitter သည်ရေထဲကိုအချိန်ကြာကြာကျရောက်ခဲ့သောကြောင့် ကားစက်နှိုးလို့မရတာ စတီယာရင်လော့ခ်ကျနေသည့် ပြဿနာဖြစ်ပါသည်။
Transmitter အသစ်လဲလှယ်ရပါမည်။
(၆) အဲကွန်းဖွင့်သည့်အခါ အသံမြည်လာ
၂၀၀၀ မော်ဒယ် Toyota BB ၏ အဲကွန်းကိုဖွင့်လိုက်သည့်အခါ အင်ဂျင်ခန်းဘက်က အသံမြည်လာပါသည်။
အဲကွန်းကိုပိတ်လိုက်သည့်အခါ အသံမြည်တာရပ်သွားပါသည်။
အင်ဂျင်ကနေ အဲကွန်းကိုချိတ်ဆက်သည့်စနစ်များကို စစ်ဆေးပြုပြင်ရမည်ဖြစ်သည်။
(၇) အင်ဂျင်အအေးပေးပန်ကာ ချို့ယွင်းလာ
၂၀၀၆ မော်ဒယ် Toyota BB၏ အင်ဂျင်အအေးပေးပန်ကာ ချို့ယွင်းသည့်ပြဿနာဖြစ်ပါသည်။
အအေးပေးပန်ကာချို့ယွင်းသည့်အတွက် အင်ဂျင်အပူချိန်လွန်ကဲမှု(over heat) ဖြစ်တာပါ။
ထို့အတွက် အင်ဂျင်အအေးပန်ကာ အသစ်လဲလှယ်ရပါမည်။
(၈) သရောတယ်ဆင်ဆာပြဿနာ
၂၀၀၀ မော်ဒယ် Toyota BB တစ်ခါတစ်ရံ မဆွဲမရုန်းဘဲ ဖြစ်နေတတ်ပါသည်။
လီဗာနင်းပေမဲ့ ကားကမဆွဲဘဲ ဖြစ်နေတတ်သည်။
Diagnostic Machine နှင့်ကွန်ပျုတာထိုးစစ်သည့်အခါ throttle sensor ကပြဿနာရှိတာကိုညွှန်ပြပါသည်။
Throttle sensor လဲလှယ်ပြီးသည့်အခါတွင်လည်း အင်ဂျင်သည်အဆွဲအရုန်းကျဆင်းနေဆဲဖြစ်ပါသည်။
Toyota ကသတ်မှတ်ထားသည့် ဂီယာဝိုင်ကိုလဲလှယ်သင့်ပါသည်။
အင်ဂျင်ပလပ်များကို စစ်ဆေးပြီး အသစ်လဲလှယ်သင့်ပါသည်။
အင်ဂျင်ပလပ်များကို စစ်ဆေးပြီး အသစ်လဲလှယ်သင့်သကဲ့သို့ အင်ဂျင်တစ်ခုလုံး သန့်စင်ရန်လိုအပ်နေပါသည်။
(၉) အောက်ပိုင်းကအသံမြည်လာ
၂၀၀၂ မော်ဒယ် Toyota BB ကိုမောင်းနှင်သည့်အခါ ကားအောက်ပိုင်းက အသံမြည်ပြီး တစ်ခါတစ်ရံကိုယ်ထည်ကပါ တုန်ခါလာတတ်ပါသည်။
အမြန်နှုန်းကို ပိုမြင့်လိုက်သည့်အခါ အသံကလည်း သိသိသာသာပိုမြည်လာပါသည်။
ထိုကား၏ အောက်ပိုင်းဆပ်စပိုင်းရှင်းစနစ်များတွင် ပြဿနာရှိနေတာဖြစ်ပါသည်။