ဂျပန်နှင့် အမေရိကန်ရှိ တိုယိုတာ ကားစက်ရုံများတွင် အီးဗီ ဘက်ထရီထုပ် ထုတ်လုပ်ရေး ပူးတွဲထားရှိမည်


ဂျပန်နှင့် အမေရိကန်ရှိ တိုယိုတာ ကားစက်ရုံများတွင် အီးဗီ ဘက်ထရီထုပ် ထုတ်လုပ်ရေး ပူးတွဲထားရှိမည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

 Lexus RZ အောက်ပိုင်းတွင် တပ်ဆင်ထားသည့်လျှပ်စစ်ကား ဘက်ထရီထုပ်သည် အလေးချိန် ကီလိုဂရမ် ၄၀၀ ခန့် ရှိသည်။

သို့ဖြစ်ရာ လေးလံသော ဘက်ထရီထုပ်များ ပို့ဆောင်စရိတ် လျှော့ချရန် ကား စက်ရုံသုံးရုံတွင် လျှပ်စစ်ကားဘက်ထရီများ အပြီးသတ် တပ်ဆင်ထုတ်လုပ်ခြင်းကို စတင်တော့မည်ဖြစ်သည်။

 

ဘက်ထရီဆဲလ်များကို ဘက်ထရီထုပ်အဖြစ် အပြီးသတ် တပ်ဆင်ထုတ်လုပ်ခြင်းကို နာဂိုယာအနီးရှိ Takaoka ကားစက်ရုံတွင် ၂၀၂၅ ခုနှစ် နွေဦးတွင် စတင်မည်။ ဆောင်းရာသီမှာ ဂျပန်နိုင်ငံအနောက်ပိုင်းရှိ Miyata ကားစက်ရုံတွင် စတင်မည်။ 

အမေရိကန်ရှိ ကင်တပ်ကီစက်ရုံတွင် ၂၀၂၆ ခုနှစ် နွေဦးတွင် စတင်မည်။

 

ယခုလက်ရှိတွင် တိုယိုတာသည် ဘက်ထရီထုပ်များ ထုတ်လုပ်ခြင်းကို တိုယိုတာ၏ ပထမဆုံး အမြောက်အမြား ထုတ်လုပ်သည့် အီးဗီ bZ4X ထုတ်လုပ်သည့် Motomachi ကားစက်ရုံ တခုတည်းမှာသာ လုပ်ကိုင်သည်။

Takaoka, Miyata, Kentucky စက်ရုံတို့တွင် ယခုလက်ရှိ အီးဗီ ထုတ်လုပ်ခြင်း မပြုပါ။ ၎င်းစက်ရုံများတွင် အီးဗီများ ထုတ်လုပ်မည့် အစီအစဉ် ရှိသည်။ သို့ဖြစ်ရာ အီးဗီများ စတင်ထုတ်လုပ်သည့်အခါ ဘက်ထရီထုပ်များ ထုတ်လုပ်မှုလည်း စတင်နိုင်ရန် စီစဉ်နေသည်။

 

တိုယိုတာသည် ၎င်း၏စက်ရုံများတွင် hybrid နှင့် plug-in hybrid များအတွက် ဘက်ထရီထုပ်များ ထုတ်လုပ်နေသော်လည်း အီးဗီ ဘက်ထရီက အရွယ်အစား ပိုကြီးပြီး ပိုမိုလေးလံပါသည်။ သို့ဖြစ်ရာ ထုတ်လုပ်ရေးလိုင်းအတွက် နေရာပိုကျယ်ကျယ် လိုအပ်မည် ဖြစ်သည်။

 

တိုယိုတာသည် Lexus အမှတ်တံဆိပ်ဖြင့် အီးဗီစစ်စစ် မော်ဒယ်များကို ၂၀၂၄ ခုနှစ်တွင် အစီးရေ ၂ သိန်းခွဲ၊၂၀၂၅ ခုနှစ်တွင် အစီးရေ ၆ သိန်း ထုတ်လုပ်ရန် ရည်မှန်းထားပါသည်။ 

Source Asia Nikkei 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Read 330 times