အခွန်ဈေးနှုန်းသက်သာစေသော ၁၃၀၀ စီစီ Saden ကားအမျိုးအစားဖြစ်သော Toyota Axio 2012


Toyota Corolla ၏ ၁၀ ခုမြောက် မျိုးဆက်ဖြစ်သော Axio ကို ၂၀၀၆ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပါသည်။ Axio ဆိုသေ အဓိပ္ပါယ်က ဂရိဘာသာစကား Axia အင်္ဂလိပ်လိုအားဖြင့် Things with Value (တန်ဖိုးရှိသောအရာ) ဟု အနက်ရပါသည်။ Axio ကို Sedan Type အနေနှင့် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး သူနှင့် အင်ဂျင်အမျိုးအစားချင်းတူသော Corolla Fielder ကို Station Wagon အနေဖြင့် ထုတ်လုပ်ခဲ့ပါသည်။

Toyota Corolla ကို ၂၀၀၆ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး ၂၀၁၂ မိုဒယ်တွင် ပုံပြောင်းသွားသလို ၂၀၁၅ မိုဒယ်တွင်လည်း ပုံစံအသစ်နှင့် ထုတ်လုပ်ခဲ့ပါသည်။ မြန်မာပြည် ကားဈေးကွက်တွင်လည်း ၁၃၀၀ စီစီကားများက အခွန်သက်သာသည့်အတွက် Axio ကို တင်သွင်းမည်ဆိုလျှင်လည်း ၁၃၀၀ စီစီကိုသာ ရွေးချယ်တင်သွင်းကြပါသည်။

၂၀၁၂ မိုဒယ်နောက်ပိုင်းမှစ၍ ၁၃၀၀ စီစီ၊ ၁၅၀၀ စီစီ အင်ဂျင်နှစ်မျိုးနှင့် ထုတ်လုပ်ခဲ့ပြီး ၂၀၁၃ မိုဒယ်နောက်ပိုင်းတွင် ၁၅၀၀ စီစီ အင်ဂျင်ကို Hybrid အနေနှင့်လည်း ထုတ်လုပ်ထားပါသည်။ Axio သည် ၂၀၁၂ မိုဒယ်တွင် ပုံပြောင်းသွားသကဲ့သို့ Chassis Code မှအစ ပြောင်းသွားပြီး ၁၅၀၀ စီစီတွင် Auto၊ Manual ဂီယာနှစ်မျိုးလာသော်လည်း ၁၃၀၀ စီစီတွင် Auto ဂီယာတစ်မျိုးတည်းဖြင့်သာ ထုတ်လုပ်ထားပါသည်။

Axio ၂၀၁၂ မိုဒယ်၊ ၁၃၀၀ စီစီတွင် X၊ XG Edition စသော ဂရိတ်နှစ်မျိုးရှိပြီး XG Edition က Digital Aircon၊ Push-start ဖြစ်သွားသကဲ့သို့ Dashboard နှင့် တံခါးဘောင်မာျးကလည်း ကျွန်းကွက်ဖြစ်သွားပါသည်။

ထို့နောက် Luxel ဂရိတ်ဖြစ်လျှင် Side Airbag များ၊ အနောက် Spoiler များပါဝင်လာပြီး ကျွန်းကွက်လက်ကိုင်လည်း ပါဝင်လာမည်ဖြစ်ပါသည်။ Luxel ဂရိတ်က တခြားဂရိတ်များထက် ရှေ့ရှဲလ်ပုံစံလည်း ပြောင်းသွားလေ့ရှိပါသည်။

Axio ကိုဝယ်ယူမည်ဆိုလျှင် အရောင်နှင့် ဂရိတ်အပေါ်မူတည်ပြီး ဈေးကွာဟချက်ရှိပါသည်။ ထိုကားကို ရန်ကုန်လိုင်စင် အမည်ပေါက် ဝယ်ယူမည်ဆိုလျှင် ၁၃၀၀ စီစီက ကျပ်သိန်းသုံးရာနှင့် ၃၃၀ ကြားရှိပြီး ၁၅၀၀ စီစီက ကျပ်သိန်း ၃၅၀ နှင့် ၃၈၀ ကြားတွင်ရှိပါသည်။

Read 847 times