ဆန်းသစ်သောဒီဇိုင်းနှင့် သင့်တင့်သော ဈေးနှုန်းကြောင့် လူကြိုက်များလာနိုင်သည့် Toyota Avensis Wagon


Toyota မှထုတ်သော SUV ကားများထဲတွင် Harrier၊ Kluger၊ Vanguard စသော ကားများက စျေးကွက်ထဲတွင် ပေါက်သောကားများဖြစ်သကဲ့သို့ Toyota Avensis ကလည်း ဆန်းသစ်သောဒီဇိုင်း၊

သင့်တင့်သောစျေးနှုန်းကြောင့် ယခုနှစ်ကားစျေးကွက်ထဲတွင် လူကြိုက်များလာနိုင်ပါသည်။

Toyota Avensis ကို ၁၉၉၇ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့ပြီး Saloon Type နှင့် Wagon Type ဟူ၍ နှစ်မျိုးရှိပါသည်။

Avensis Saloon ၏ ပုံစံက Camry နှင့် ရုပ်ချင်းဆင်ပြီး မြောက်အမေရိကစျေးကွက်တွင် Avensis ထက် Camry က ရောင်းအားပိုကောင်းခဲ့ပါသည်။

Avensis Wagon မှာ ကား၏ အရွယ်အစား နည်းပညာပိုင်းနှင့် စက်စွမ်းအင်အားကောင်းမွန်သည့်အတွက် ဥရောပစျေးကွက်တွင် လူကြိုက်များပြီး ထိုကား၏ အဓိကပြိုင်ဘက်ကားများမှာ Mazda၊ Atenza၊

Ford Mondeo၊ Volkswagen Passat၊ Citioen C5 နှင့် Peugeot 508 တို့ဖြစ်ပါသည်။

Avensis ဆိုသော အဓိပ္ပါယ်မှာ လက်တင်ဘာသာစကား ‘to carry away’ ဆိုသော စကားစုကိုယူပြီး အမည်သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။

Avensis Wagon ကို ပထမမျိုးဆက်နှင့် ဒုတိယမျိုးစက်များတွင် ၂၀၀၀ စီစီနှင့် ၂၄၀၀ စီစီ နှစ်မျိုး ထုတ်လုပ် ထားသော်လည်း ၂၀၀၉ မိုဒယ်မှစပြီး ၂၀၀၀ စီစီ တစ်မျိုးတည်းသာ ထုတ်လုပ်ပါသည်။

ရုပ်ပြောင်းထားသော ၂၀၁၂ မိုဒယ်နောက်ပိုင်းတွင်လည်း 2WD အင်ဂျင်တစ်မျိုးတည်းကိုသာ ထုတ်လုပ်ထားပြီး ချက်စီကတော့ ZRT272W ဖြစ်ပါသည်။

Avensis Wagon တွင် Li၊ Xi စသော ဂရိတ်နှစ်မျိုးသာရှိပြီး Li ဂရိတ်တွင် ရှေ့နှင်းမီးခွဲပါခြင်းမှလွဲ၍ အတွင်းခန်းဖွဲ့စည်းပုံမှား တူပါသည်။

ဂရိတ်နှစ်မျိုးလုံးတွင် Digital Aircon၊ Xenon Headlight၊ Central Switch နှင့် သားရေစတီယာရင် စသည်တို့ပါသွားပါသည်။

Original Alloy Size ၁၆ လက်မဖြစ်ပြီး အတွင်းခန်းအသားရောင်နှင့် အနက်ရောင်က Option အပေါ်မူတည်ပြီး ကွာခြားသွားပါသည်။

Avensis Wagon သည် နောက်ခန်းကျယ်ဝန်းပြီး နောက်ထိုင်ခုံများကိုခေါက်ပြီး အပေါ့စားပစ္စည်းများကို သယ်ဆောင်မည်ဆိုလျှင် BMX စက်ဘီးတစ်စီးကိုတောင် သယ်ဆောင်နိုင်သည်အထိ ကျယ်ဝန်းပါသည်။

Toyota Avensis Wagon 2011၊ 2012 Model ကို ရန်ကုန်လိပ်စာနှင့် အမည်ပေါက် ဝယ်ယူမည်ဆိုလျှင် ကျပ်သိန်း ၄၅၀ နှင့် ကျပ်သိန်း ၅၀၀ ကြားတွင် ရှိပါသည်။

 

Read 1752 times