Toyota ၏ နောက်ဆုံးပေါ်အသစ်စက်စက်ကားအမျိုးအစားဖြစ်သည့် Toyota Avanza သည် ကြံ့ခိုင်ကျစ်လျစ်သည့် ဒီဇိုင်းနှင့် MPV ခုနစ်ယောက်စီးဖြစ်ပါသည်။
ယခုလို ခရီးသွားရာသီတွင် မိသားစုနှင့် ခရီးသွားရန် အသင့်တော်ဆုံးကားအမျိုးအစားဖြစ်ပါသည်။
Toyota Avanza ကို စတင်မိတ်ဆက်ရောင်းချစဉ်ကတည်းက ကားအစီးရေ နှစ်သန်းနီးပါး ရောင်းချနိုင်ခဲ့ပါသည်။
Toyota MPV ကားအသစ်သည် ပြည်တွင်းလမ်းက လမ်းအချိုးကွေ့များနှင့် ကိုက်ညီသည့် လုပ်ဆောင်မှုကို ပေးစွမ်းနိုင်ရန်အတွက် class minimum turning radius of 4.7 m ရှိပါသည်။
Avanza ကားသည် 1.3L in-Line 4 Cylinder 16 valve DOHC အင်ဂျင်ကို အသုံးပြုထားပြီး Dual Variable Valve Timing intelligent (VVT-i) ဓာတ်ဆီအင်ဂျင်ဖြစ်ပါသည်။
အမြင့်ဆုံးထုတ်လွှတ်သည့် စွမ်းဆောင်ရည်သည် 6000 rpm တွင် 71KW နှင့် အမြင့်ဆုံးရုန်းအား 4200 rpm တွင် 121 Nm ရှိပါသည်။
အော်တိုဂီယာလေးချက်ပြောင်းလဲအသုံးပြုနိုင်ပါသည်။
ကိုယ်ထည်ကို ကြံ့ခိုင်ကျစ်လျစ်၍ အပေ့ါပါးဆုံဖြစ်အောင် တည်ဆောက်ထားပြီး အရှေ့မီးလုံးများသည် projector head-lamps ဖြစ်သဖြင့် ကျယ်ဝန်းပြတ်သားသည့် ပုံရိပ်များကို ပြသပေးနိုင်ပါသည်။
၁၄ လက်မ အလွိုင်းဝှီးများကို ကိုယ်ထည်နှင့် လိုက်ဖက်အောင် တပ်ဆင်ထားသည့်အပြင် ကောင်းမွန်ပြည့်စုံသည့် အဆင့်မြင့် အသံစနစ်ပါရှိပါသည်။
UBS/DC (12V) ချိတ်ဆက်လို့ရသည့် ပါဝါ outlet ပါရှိပြီး အဆင့်မြင့်ဘရိတ်စနစ်များဖြစ်သည့် Anti-lock Braking System (ABS) နှင့် Electronic Brake-force Distribution (EBD) စနစ်များ ပါရှိပါသည်။
ISOFIX and tether anchor ကလေးငယ်များကို လုံခြုံစိတ်ချစေသည့် စနစ်ပါရှိပြီး ကလေးငယ်များအတွက် အန္တရာယ်ကင်းစေနိုင်သော အနောက်တံခါးပါရှိပါသည်။
Low NVH (Noise, Vibration and Harshness) Levels ဖြစ်၍ ဆူညံသံများ တုန်ခါနှုန်းများ လျှော့ချပေးထားပါသည်။
SRS အသက်ကယ်လေအိတ်စနစ်ပါရှိပြီး ကာမောင်းသူနှင့် ခရီးသည်ရှေ့ခန်းထိုင်ခုံများအတွက် အသက်ကယ်လေအိတ်များ ပါရှိသည့်အတွက် လုံခြုံစိတ်ချစွာနှင့် မောင်းနှင်နိုင်ပါသည်။
အသစ်စက်စက် Toyota Avanza ၏ ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ၁၉၅၀၀ ကျသင့်မှာ ဖြစ်ပြီး အရောင်ခြောက်မျိုးရွေးချယ်နိုင်ပါသည်။
Avanza ကားသစ်ကို ကြိုတင်ဝယ်ယူလိုပါက Toyota ၏ တရားဝင် အရောင်းကိုယ်စားလှယ်များက တစ်ဆင့် ကြိုတင်မှာယူနိုင်ပါသည်။
ဝယ်ယူသူများအနေဖြင့် သုံးနှစ် သို့မဟုတ် ကီလိုတစ်သိန်းအာမခံရရှိမည့်အပြင် အရည်အသွေးမြင့် After sales service နှင့် ယာဉ်အပိုပစ္စည်းအမှန်များကိုလည်း အလွယ်တကူ ဝယ်ယူရရှိစေနိုင်မည်ဖြစ်ပါသည်။