ရုပ်ထွက်ပြောင်းလဲလာသည့် Toyota Aqua မော်ဒယ်သစ်ဂျပန်တွင်စတင်ပွဲထွက်ရောင်းချ


ဂျပန်ပြည်တွင်းဈေးကွက်ထဲသို့ပိုပြီးလှပသည့် Aqua မော်ဒယ်သစ်အား Toyota မှတရားဝင်စတင်မိတ်ဆက် ရောင်းချပေးလျက်ရှိပါသည်။

Toyota Aqua တွင်ဂျပန်ပြင်ပအခြားသောဈေးကွက်တွင် Prius C ဟုရောင်းချပြီး ကျော်ကြားအောင်မြင်မှုရနေ သည့်ကားမော်ဒယ်တစ်ခုလည်းဖြစ်ပါသည်။

ယခုထပ်မံမိတ်ဆက်လိုက်သည့် Aqua မော်ဒယ်သစ်တွင်ရုပ်ထွက်အတော့်ကိုပြောင်းလဲလာခဲ့ပြီး Crossover အသွင်ပိုဆန်သည့် Hatchback ကားမျိုးအဖြစ်မြင်တွေ့လာရကာအကြွဆုံးသောရုပ်ထွက်ဒီဇိုင်းကို မြင်တွေ့လာရပါသည်။

ရှေ့ရုပ်ထွက်တွင်ပိုပီးသေးသွယ်ချပ်ယပ်သည့်ရှဲသစ်၊ ဘန်ဘာသစ်၊ စတိုင်သစ်နှင့် ရှေ့မီးခွက်၊အဆင့်မြင့်ထားသည့် ခေါင်းဖုံးဒီဇိုင်းတို့ဖြင့်ပြောင်းလဲလာပြီး fenders တို့ကိုလည်းပိုပြီး အံဝင်သေသပ်စေရန်အဆင့်မြင့်ထားကာနောက်ဖက်တွင်လည်း မီးခွက်ဒီဇိုင်းသစ်တို့ဖြင့်အလှပဆုံးပုံဖော်လာခဲ့ ပါသည်။

ကိုယ်ထည်အောက်ခြေတွင် plastic body cladding အနားသပ်ဖြင့် ကာရံလာခဲ့သည့်အပြင်လှပသည့် 16 လက်မအလူမီနီယမ်အလွိုင်းဒီဇိုင်းသစ်နှင့်ပါပံ့ပိုးပေါင်းစပ်ပေးထားပါသည်။

ထို့ပြင်မော်ဒယ်သစ်တွင် roof rails ၊ ရှေ့/နောက်တို့တွင်ခြောက်ခြေအမာခံ faux skid plate,air intakes တို့ကိုပါထပ်ပေါင်းဖြည့်စွမ်းပေးထားပါသေးသည်။

အတွင်းပိုင်းတွင် TFI multi-information display,Leather အနားသပ်ထိုင်ခုံတို့ဖြင့်ပိုခမ်းနားလှပစေရန်အဆင့် မြင့်ပေးထားပါသည်။

စွမ်းအားအတွက် 1.5 လီတာဟိုက်ဘရစ်အင်ဂျင်တွဲဖက်ထားပြီး စွမ်းအင်နှစ်ခုပေါင်းမှစွမ်းအား 100PS(73kW) ထုတ်ပေးနိုင်စွမ်းရှိပါသည်။

ပေါင်းစပ်ထားသည့်ဟိုက်ဘရစ်စနစ်ကြောင့်ဆီချွေတာနိုင်စွမ်းအတော်မြင့်မားပြီးဆီတစ်လီတာကို 34.4 ကီလိုမီတာထိသွားနိုင်စွမ်းရှိကြောင်းသိရသည်။

ရုပ်ပြောင်းလဲလာသည့်မော်ဒယ်သစ် Aqua ကိုဂျပန်ဈေးကွက်ထဲတွင်စတင်ရောင်းချလျက်ရှိပြီး ဈေးနှုန်းမှာအနိမ့်ဆုံးဂျပန်ယန်း 1785240 သတ်မှတ်ရောင်းချလျက်ရှိကြောင်းသိရသည်။

 

Read 2273 times