Toyota နှင့် Suzuki တို့အကျိုးတူ ပူးပေါင်း၍ Hybrids/EVs များ ဖန်တီးမည်


Toyota နှင့် Suzuki တို့သည် လျှပ်စစ်ကားများနှင့် Compac + Car များ ပူးပေါင်း ထုတ်လုပ် ခြင်းဖြင့် Fast-Changing နည်းပညာများကို ဖွံ့ဖြိုးတိုးတက်ရန် စီစဉ်ထားပါသည်။

ကနဦး သဘောတူညီချက်အား ၂ဝ၁၇ တွင် စတင်ခဲ့ပြီး Hybrid နည်းပညာတွင် ဦးဆောင်လျက်ရှိသည့် Toyota အနေဖြင့် Auto-mated မောင်းနှင်ခြင်းအတွက် ပို၍ ရင်းနှီးမြှုပ်နှံရန်နှင့် Compact Car များတွင် အထူးကျွမ်းကျင်သည့် Suzuki အနေဖြင့်လည်း သွက်လက်ပြီးထိရောက်သည့် EVနှင့် Self-Driving Car ကို ကဏ္ဍအသစ်အနေဖြင့် ဖန်တီးရန်ဖြစ်သည်။

Suzuki သည် Toyota ထံမှ Gasoline Hybrid System သုံး ကားများကို ရောင်းချနိုင်မည်ဖြစ်သည်။ အပြန်အလှန်အားဖြင့် Suzuki မှ India Based Ciaz နှင့် Ertiga တို့အား Toyota အတွက် ထုတ်လုပ်ပေးရန်ဖြစ်ပြီး ကမ္ဘာ့ပဉ္စမ အကြီးဆုံးကားဈေးကွက်ဖြစ်သည့် India ရှိ Suzuki ဈေးကွက်အား Toyota ကိုကူညီချဲ့ထွင်ပေးမည် ဖြစ်သည်။

၎င်းတို့ပူးပေါင်း၍ India တွင် အဓိကပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး Suzuki ၏ Hybrid Vehicle များအား Toyota ၏ အင်ဂျင်နှင့် Battery များဖြင့် ထုတ်လုပ်ပါမည်။ အလားတူ ဥရောပ ဈေးကွက်တွင် Suzuki အတွက် RAV4 နှင့် Corolla တို့ကို အခြေခံထားသည့် လျှပ်စစ်ကားများကို Toyota မှထုတ်လုပ်ပေးပါမည်။ အာဖရိကရှိ Toyota ဈေးကွက်အတွက် Suzuki မှ Baleno / Vitara Brezza/ Ciaz / Ertiga တို့အား Re-branded အနေဖြင့် အမည်သစ်များဖြင့် ထုတ်လုပ်ပေးမည်ဖြစ်သည်။

Source; 2W4W Drive

Read 603 times