မြန်မာနိုင်ငံ၏လူကြိုက်များသော Toyota Alphard အကြောင်း


 Toyota Alphard ကို Alphard G နှင့် Alphard V ဟူ၍ sub-brand နှစ်မျိုးခွဲခြားထားပြီး ၂၀၀၂ တွင်စတင်ထုတ်လုပ်ခဲ့ကြောင်းသိရသည်။

၂၀၁၇ တွင် sub-brand ခွဲထုတ်မှုရပ်နားပြီး ၂၀၀၈ တွင် Alphard တစ်မျိုးတည်းကိုသာထုတ်လုပ်ပါတော့သည်။

ထို့ကြောင့်တိုယိုတာ Alphard၏ပထမမျိုးဆက်ကို ၂၀၀၂ မှ ၂၀၀၇ ဟုသတ်မှတ်နိုင်ပြီး Sub-Brand နှစ်မျိုးကို တွေ့နိုင်ပါသည်။

ဒုတိယမျိုးဆက်ပုံပြောင်းကို ၂၀၀၈တွင် Alphard ဟုဆိုသည့် Sub-Brand တစ်မျိုးတည်း ထုတ်လုပ်ပါသည်။

ဒုတိယမျိုးဆက်ကို ၂၀၀၈ တစ်နှစ်တည်းမှာသာထုတ်လုပ်ခဲ့ပြီး ၂၀၀၉ နှစ်လယ်ပိုင်းလောက်မှာ တတိယမျိုးဆက်ပုံပြောင်းကိုထုတ်လုပ်လာပါသည်။

၂၀၁၀ ပုံပြောင်းလို့ လူသိများကြတဲ့ Alphard 2009 ကို ၂၀၁၁ နှစ်ကုန်ပိုင်းအထိထုတ်လုပ်ပြီးစတုတ္ထမျိုး ဆက်ကိုတော့ မီးသီး၊ မီးခွက်ပုံပြောင်းများအပြင်အတွင်းခန်းဂရိတ်တွေကိုပါအဆင့်မြင့်ထုတ်လုပ်လာပါတယ်။ GS ဂရိတ်လို့လူသိများတဲ့ ၂၀၁၂ ပုံပြောင်းကိုလည်း တစ်နှစ်သာထုတ်လုပ်ပြီး ၂၀၁၃ ရောက်ချိန်မှာ ၂၀၁၁ မော်ဒယ်နဲ့ ဒီဇိုင်းပိုနီးစပ်တဲ့ပုံပြောင်းမျိုးဆက်တစ်ခုကိုပြန်လည်ထုတ်လုပ်လာပါသည်။

၂၀၁၃ ပုံပြောင်းဂရိတ်များကို ၂၀၁၄အထိဆက်လက်ထုတ်လုပ်လာခဲ့ပြီး ၂၀၁၅ မှာ ၂၀၁၅ Alphard ပုံပြောင်းကို တိုကျိုမော်တာရှိုးမှာစတင်မိတ်ဆက်ခဲ့ပါသည်။

၂၀၁၄ Alphard ၏အခြေခံဂရိတ်များမှာအရမ်းများပြီး ရှုပ်ထွေးနေသည့်အတွက် Chassis ID ဖြင့် ခွဲခြားထားပါသည်။

GGH25W-4WD-3500CC GGH20W-2WD-3500CC ANH25W-4WD-2400CC ANH20W-2WD-2400CC ဆိုပြီး Chassis လေးမျိုးကိုအင်ဂျင်အရွယ်နှင့်မောင်းနှင်ပုံစံအလိုက်ခွဲခြားပါသည်။

GGH25W မှာ 350G, 350S, 350S Type, 350S C Package, 350G L Package, 350G Pre- mium ဆိုပြီး ဂရိတ်ခြောက်မျိုးခွဲခြားထုတ်လုပ်ပါသည်။

ဂရိတ်များတစ်ခုနှင့်တစ်ခုကွာခြားချက်သိပ်မများသော်လည်း Al-phard ၏ဂရိတ်အမြင့်များတွင်သာ Leather ထိုင်ခုံအပြည့်နှင့် Dashboard ကျွန်းကွက်ဖြစ်သည်ကို တွေ့ရပါသည်။

GGH20W Chassis မှာ တော့ 350S, 350G, 350S Type, 350S C Package, 350S GS, 350G L Package, 350G Pre- miumဆိုပြီး ဂရိတ်ခုနစ်မျိုးကိုထုတ်လုပ်ပါသည်။

GGH25W ရဲ့ ဂရိတ်များနှင့်ကွာခြားခြင်းမှာ 2WD ဖြစ်တာကလွဲပြီးကျန်တာအားလုံးကွဲလွဲပုံတူညီပါသည်။

GGH အစပြုသည့်ဂရိတ်များအားလုံးကိုအော်တိုဂီယာခြောက်ချက်ဖြင့်ထုတ်လုပ်ပါသည်။

တိုယိုတာAlphard၏ အမြင့်ဆုံးဂရိတ်နှင့်အင်ဂျင်အရွယ်အစားအကြီးဆုံးဂရိတ်များကိုလည်း GGH Chassis မှာသာရွေးချယ်နိုင်မည်ဖြစ်ပါသည်။

ANH25W မှာ 240S GS, 240S C Package, 240S Type, 240S, 240X ဆိုသည့်ဂရိတ်ငါးမျိုးကို ထုတ်လုပ်ပါသည်။

အတွင်းခန်းထိုင်ခုံများက Leather မဖြစ်တော့ဘဲဂရိတ်အားလုံးအတွက် ရှန်မွိုင်းဖြစ်တာတွေ့ရပါသည်။

အပြင်ဘက်မှာလည်း စကတ် Fog Light ကမပါဝင်ဘဲထပ်မံတပ်ဆင်ရတာဖြစ်ပါသည်။

ကျန်တဲ့အစိတ်အပိုင်းတွေကတော့ Alphard 2014 ဂရိတ်အားလုံးတူညီပါသည်။

ANH20W မှာတော့ 240X, 240S, 240G, 240S Type, 240S C Package ဆိုပြီးဂရိတ်ငါးမျိုးကို ထုတ်လုပ်ပါသည်။

ANH25W ကွဲလွဲတာက 2WD, 4WD ကွဲလွဲတာကလွဲပြီးကျန်တာအားလုံးကတော့တူညီပါသည်။

ANH Chassis Series တွေကိုတော့ CVT ဂီယာဖြင့် ထုတ် လုပ်ထားပါတယ်။ တိုယိုတာ Alphard 2014 ရဲ့ အလတ်တန်း ဂရိတ်တွေကို ANH Series ထဲမှာရွေးချယ်နိုင်ပါသည်။

ပြည်တွင်းဈေးကွက်ထဲမှာအစီးရေနည်းပါးနေသေးပေမယ့်နောက်ပိုင်းမှာတင်သွင်းမှုများလာနိုင်သောကားတစ်စီး ဖြစ်ပြီးပြည်တွင်းကိုတင်သွင်းမယ်ဆိုရင်တော့အခွန်ဆောင်ပြီးနံပါတ်ထွက်ပြီး Alphard 2014 တစ်စီးကိုကျပ်သိန်း ၁၄၅၀လောက်အထိကျသင့်နိုင်ပါသည်။

Source:7days.com

Read 5077 times